လီဗာပူးကွင်းလယ်လူ ဖာဘင်ညိုဟာ ဗဟိုခံစစ်နေရာကနေ ပွဲထွက်လာခဲ့ပြီး အေဂျက်ကို အနိုင်ရဖို့မှာ ခံစစ်စွမ်းဆောင်ရည်ကောင်းတင် မကဘဲ ကောင်းမွန်တဲ့ ခံစစ်သမားတစ်ဦးရဲ့ စိတ်ပိုင်းဖြတ်မှုတွေကိုလည်း ပြသခဲ့ပါတယ်။
အေဂျက်ရဲ့ အပိုင် အခွင့်အရေးကို ဂိုးလိုင်းကနေ သူကာကွယ် ဖြတ်ထုတ်ခဲ့တာက ပွဲကို အပြည့်အဝ အာရုံစိုက်နေတာပါဆိုတာ ပြသခဲ့ခြင်းဖြစ်တယ်။ ဖာဘင်ညိုဟာ ချန်ပီယံလိဂ်ပွဲ ၃ ပွဲနဲ့ ပရီးမီးယားလိဂ်ပွဲ ၁ ပွဲတို့ကို ဗဟိုခံစစ်သမားအဖြစ် ကစားထားပြီး ၄ ပွဲလုံးကို clean sheet ရယူထားနိုင်တယ်။
အေဂျက်နဲ့ပွဲမှာ ပြသခဲ့တဲ့ ဖာဘင်ညိုရဲ့ ခြေစွမ်းက အားကစား ဝေဖန်သူတွေကိုတောင် မျက်စိ ကျစေခဲ့ပြီး အသင်းဖော် မီလ်နာကလည်း အထူးချီးကျုးမှုတစ်ခု ပြုလုပ်သွားပါတယ်။
မီလ်နာက ” အစကောင်းဖို့က အမြဲတမ်း အရေးကြီးပါတယ်။ ခက်ခဲတဲ့ အဝေးကွင်းပွဲဖြစ်ပြီး အေဂျက်က အသင်းကောင်းဖြစ်လို့ ဒါက ဘောနပ်ပါပဲ။ သူတို့က စုဖွဲ့မှုကောင်းတယ်။ ဘောလုံးကို အကောင်းဆုံး ကစားနိုင်တယ်။ ဒီအပတ်တွေမှာ ကျနေ်ာတို့က အတက်အကျတွေ ရင်ဆိုင်ထားရတာကြောင့် အခုလို တုန့်ပြန်ပြနိုင်ဖို့က အရေးကြီးခဲ့ပါတယ်။
ဖာဘင်ညိုက ထိပ်တန်း ကစားသမားတစ်ယောက်ပါ။ ထိပ်တန်း ကစားသမားဆိုတာ လိုက်ဖက်ညီအောင် ကြိုးစားနိုင်ရပြီး အေဂျက်နဲ့ပွဲမှာ ဒါကို သူလုပ်ပြခဲ့တယ်။ ဒီပွဲမတိုင်ခင်မှာ သူကစားတာတွေ ကောင်းသလို ဒီပွဲမှာလည်း သူအတော် ကောင်းပါတယ်။ အေဂျက်ကို အနိုင်ရခဲ့တာက အသင်းလိုက် စွမ်းဆောင်ရည်ကြောင့်လို့လည်း ယူဆယ်။ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ်။
လုံလောက်တဲ့ အခွင့်အရေးတွေ ရှိပေမယ့် ဂိုးမရခဲ့တာအတွက် စိတ်ပျက်ရပါတယ်။ ကောင်းမွန်တဲ့ ကောင်တာတိုက်စစ်တွေ လုပ်နိုင်ခဲ့ပေမယ့် ဂိုးမရခဲ့ဘူး။ ခံစစ်က clean sheet ရလိုက်တာကတော့ သိပ်ကြီးမားတဲ့ ကိစ္စပါ။ ကျနေ်ာတို့က အသင်းကောင်းဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ နိုင်ပွဲရသလို clean sheet လည်း ယူနိုင်ခဲ့ပါတယ် ” လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
ZAWGYI