ပြင်သစ်အင်အားကြီး ကလပ် ပီအက်စ်ဂျီက လီဗာပူးအသင်းမှ ဘရာဇီးသား တိုက်စစ်မှူး ဖာမီနိုကို ပစ်မှတ်ထားလာကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ဂိုးသွင်းများတဲ့ တိုက်စစ်မှူး မဟုတ်ပေမယ့် အသင်းအတွက် နေရာအနှံ့ ပြေးလွှား ကစားပြီး အသင်းဖော်တွေ နေရာလွတ်တွေ ရအောင် ကူညီပေးနိုင်သူမို့ လီဗာပူးအသင်းမှာ မရှိ မဖြစ်လို့ ဆိုရအောင် အရေးပါလာတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဖာမီနိုကြောင့်လည်း တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဆာလက်၊ မာနေးတို့ ပို အခွင့်အရေးသာခဲ့တယ် ဆိုရမလိုပါ။

ဖာမီနိုဟာ လီဗာပူးအသင်းနဲ့အတူ လေးနှစ်တာ ကြာခဲ့ပြီဖြစ်ပြီး ပျော်ရွှင်နေသူဖြစ်ပြီး ပြိုင်ပွဲစုံ ၁၉၁ ပွဲကစားထားပြီး ၆၆ ဂိုး သွင်းယူ ပေးထားပါတယ်။ ဖာမီနိုက လီဗာပူးနဲ့ စာချုပ်သက်တမ်း ၄ နှစ်ကျန်ရှိနေပေမယ့် လည်း ပီအက်စ်ဂျီအသင်းက အသက် ၂၇ နှစ် အရွယ် ကစားသမားကို လာမယ့် အပြောင်းအရွှေ့အတွက် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ဖာမီနိုက လက်ရှိ ပီအက်စ်ဂျီ နည်းပြ သောမတ် တူချယ် အကြိုက် ကစားသမား ဖြစ်ပေမယ့် တူချယ်က နောက်ဘောလုံးရာသီ ပီအက်စ်ဂျီမှာ ဆက်ရှိမလားကတော့ မသေချာသေးပါဘူး။ ပီအက်စ်ဂျီမှာ ဖာမီနိုရဲ့ နိုင်ငံအသင်းဖော် တိုက်စစ်သမား နေမာလည်း ရှိနေပါတယ်။

လီဗာပူးအသင်းဘက်ကတော့ အဓိက တိုက်စစ်မှူးအတွယ် ဘယ်ကမ်းလှမ်းမှုကိုမှ လက်ခံဦးမှာ မဟုတ်ဘဲ ဖာမီနို ကိုယ်တိုင် ပြောင်းရွှေ့ခွင့် တောင်းဆိုမှသာ ဒီအပြောင်းအရွှေ့မျိုးက ဖြစ်လာဖွယ် ရှိပါတယ်။ ဖာမီနိုကတော့ ယာဂင်ကလော့ပ်ရဲ့ အားထားရတဲ့ ကစားသမား ဖြစ်ပြီး နည်းပြ၊ ပရိသတ်၊ အသင်းဖော်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတာကြောင့် ဖြစ်နိုင်ချေ အလွန် နည်းပါးပါသေးတယ်။

ပီအက်စ်ဂျီက ဘာစီလိုနာမှ လီဗာပူးကစားသမားဟောင်း ကော်တင်ဟိုကိုလည်း ဆက်သွယ်မှုများပြုလုပ်ထားကြောင်း သိရှိရပါတယ်။ ဖာမိနိုက ကော်တင်ညိုနဲ့တော့ တော်တော် ရင်းနှီးတဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ပါတယ်။