ဒီအပတ်မှာတော့ လီဗာပူးက ရှက်ဖီးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ရှက်ဖီးဘက်က တိုက်စစ်မှူး ဘရူးစတားကို ပွဲထွက်လူစာရင်းမှာ ထုတ်သုံးလာနိုင်တယ်။ ပွဲကြိုမှာတော့ မာတစ်နဲ့ သီယာဂိုတို့ ရှက်ဖီးနဲ့ပွဲမှာ မပါနိုင်ဘူးလို့ ကလော့ပ် မပြောသလို ပါမယ်လို့လည်း မပြောပါဘူး။ မနက်ဖြန် လေ့ကျင့်ရေးထိ စောင့်ကြည့်မယ်လို့ ပြောခဲ့တယ်။

ဒီပွဲနဲ့ ပက်သက်လို့ လော်ရိုးက ဗန်ဒိုက် ဒဏ်ရာရနေပေမယ့် ဗုဒ္ဓဟူးနေ့ညက အေဂျျက်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ဖာဘင်ညိုက ကစားပုံ ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် စနေနေ့မှာလည်း တူညီတဲ့ နေရာက သူပွဲထွက်ကစားရမယ်ဆိုရင် ပိုခက်ခဲမှုတွေကို ရင်ဆိုင်ရမယ်လို့ ကျနော် ထင်ပါတယ်။

ဖာဘင်ညိုက ဖွင့်ကစားတဲ့ အသင်းတွေကို ရင်ဆိုင်ရာမှာ ကောင်းမွန်ပေမယ့် တည်ကန်ဘောတွေမှာ သူကာကွယ်နိုင်မလားဆိုတာကို စိတ်ပူပါတယ်။ ထောင့်ကန်ဘောနဲ့ တည်ကန်ဘောတွေကို ခုခံရာမှာ ဗန်ဒိုက်က လွှမ်းမိုးမှုကြီးပြီး သူ့ခေါင်းက သံလိုက်လို ဆွဲငင် ရှင်းထုတ်နိုင်စွမ်း ရှိပါတယ်။

အဲ့လို အနေအထားတွေမှာ ရှက်ဖီးက လီဗာပူးကို ရင်ဆိုင်ဖို့ ကြိုးစားမှာပါ။ အထူးသဖြင့် ဂိုးပေါက်ကို အတ်ဒရီယန် တာဝန်ယူနေချိန်မှာပေါ့။ ဒီတော့ အန်ဖီးမှာ ရှက်ဖီးက ဂိုးသွင်းနိုင်မယ်လို့ ငါထင်တယ်။ လီဗာပူးက ဂိုးပိုသွင်းပြီး အနိုင်ယူမှာ ဖြစ်ပေမယ့် ပွဲက ခက်ခဲပါလိမ့်မယ် ” လို့ သုံးသပ်ခဲ့တယ်။

လီဗာပူးနဲ့ ရှက်ဖီးပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ အိမ်ရှင်အသင်းက ၂-၁ နဲ့ အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာေတာ့ လီဗာပူးက ရွက္ဖီးအသင္းကို အိမ္ကြင္းမွာ ဧည့္ခံ ယွဥ္ျပိဳင္သြားရမွာ ျဖစ္ပါတယ္။

ရွက္ဖီးဘက္က တိုက္စစ္မွဴး ဘရူးစတားကို ပြဲထြက္လူစာရင္းမွာ ထုတ္သံုးလာႏုိင္တယ္။ ပြဲၾကိဳမွာေတာ့ မာတစ္နဲ႔ သီယာဂိုတို႔ ရွက္ဖီးနဲ႔ပြဲမွာ မပါႏုိင္ဘူးလို႔ ကေလာ့ပ္ မေျပာသလို ပါမယ္လို႔လည္း မေျပာပါဘူး။ မနက္ျဖန္ ေလ့က်င့္ေရးထိ ေစာင့္ၾကည့္မယ္လို႔ ေျပာခဲ့တယ္။

ဒီပြဲနဲ႔ ပက္သက္လို႔ ေလာ္ရိုးက ဗန္ဒိုက္ ဒဏ္ရာရေနေပမယ့္ ဗုဒၶဟူးေန႔ညက ေအဂ််က္ကို ရင္ဆိုင္ကစားတဲ့ပြဲမွာ ဖာဘင္ညိဳက ကစားပံု ေကာင္းမြန္ခဲ့ပါတယ္။ ဒါေပမယ့္ စေနေန႔မွာလည္း တူညီတဲ့ ေနရာက သူပြဲထြက္ကစားရမယ္ဆိုရင္ ပိုခက္ခဲမႈေတြကို ရင္ဆိုင္ရမယ္လို႔ က်ေနာ္ ထင္ပါတယ္။

ဖာဘင္ညိဳက ဖြင့္ကစားတဲ့ အသင္းေတြကို ရင္ဆိုင္ရာမွာ ေကာင္းမြန္ေပမယ့္ တည္ကန္ေဘာေတြမွာ သူကာကြယ္ႏုိင္မလားဆိုတာကို စိတ္ပူပါတယ္။ ေထာင့္ကန္ေဘာနဲ႔ တည္ကန္ေဘာေတြကို ခုခံရာမွာ ဗန္ဒိုက္က လႊမ္းမိုးမႈၾကီးျပီး သူ႔ေခါင္းက သံလိုက္လို ဆြဲငင္ ရွင္းထုတ္ႏုိင္စြမ္း ရွိပါတယ္။

အဲ့လို အေနအထားေတြမွာ ရွက္ဖီးက လီဗာပူးကို ရင္ဆိုင္ဖို႔ ၾကိဳးစားမွာပါ။ အထူးသျဖင့္ ဂိုးေပါက္ကို အတ္ဒရီယန္ တာဝန္ယူေနခ်ိန္မွာေပါ့။ ဒီေတာ့ အန္ဖီးမွာ ရွက္ဖီးက ဂိုးသြင္းႏုိင္မယ္လို႔ ငါထင္တယ္။ လီဗာပူးက ဂိုးပိုသြင္းျပီး အႏုိင္ယူမွာ ျဖစ္ေပမယ့္ ပြဲက ခက္ခဲပါလိမ့္မယ္ ” လို႔ သံုးသပ္ခဲ့တယ္။

လီဗာပူးနဲ႔ ရွက္ဖီးပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ အိမ္ရွင္အသင္းက ၂-၁ နဲ႔ အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။