လီဗာပူးအသင်းဟာ ဒီကနေ့မှာတော့ ချန်ပီယံလိဂ်ရဲ့ မျက်နှာစိမ်းအသင်းလို့ ခေါ်ရမယ့် ဒိန်းမတ်ကလပ် မစ်ဂျီရန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မစ်ဂျီရန်ဟာ ဥရောပပြိုင်ပွဲကို ပထမဆုံး ပါဝင်လာတဲ့ အသင်းသစ်ဖြစ်လို့ သူတို့ အသင်းအကြောင်းတော့ အများကြီး မသိရသေးဘူး။ ဒါပေမယ့် ဒိန်းမတ်လိဂ်မှာ အခြေအနေ ကောင်းမွန်နေသလို ကစားအားကောင်းပြီး တိုက်စစ်ကစားလိုတဲ့ အသင်းဖြစ်ကာ မန်နေဂျာကလော့ပ် ကိုယ်တိုင်က ထုတ်ဖော် ချီးကျူးရတဲ့ အသင်းကောင်းဖြစ်ပါတယ်။

လီဗာပူးဟာ ဒီကနေ့ည မစ်ဂျီရန်နဲ့ပွဲအပြီးမှာတော့ ဆက်လက်ပြီးလည်း နိုဝင်ဘာလ ၁ ရက်မှာ ဝက်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲ၊ နိုဝင်ဘာလ ၄ ရက်နေ့မှာ အတ္တလန်တာနဲ့ ချန်ပီယံလိဂ်ပွဲ၊ နိုဝင်ဘာလ ၈ ရက်မှာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲတွေကို ကစားရမှာဖြစ်တယ်။ ဒါကြောင့် ဒီနေ့ပွဲမှာ အလှည့်ကျ လူထုတ်ခြင်းကို ဆက်လက် လုပ်ဆောင်လာဖို့ ရှိပါတယ်။

လီဗာပူး အဓိက ပြောင်းလဲသွားနိုင်တဲ့ နေရာကတော့ တိုက်စစ်ပိုင်းဖြစ်ပြီး မီနာမီနိုက ဖာမင်နိုနေရာ အစားဝင်ကာ ဂျိုတာ၊ မာနေး၊ ဆာလက်နဲ့အတူ ပွဲထုတ်မယ်လို့ မျှော်လင့်ရတယ်။ မာနေးနဲ့ ဆာလက်တို့ နှစ်ဦးထဲက တစ်ဦးရဲ့ နေရာမှာ ရှာကွီရီကို ဝင်ကစားစေတာလည်း ဖြစ်နိုင်ပါတယ်။

ကွင်းလယ်မှာတော့ ကစားသမား အပြောင်းအလဲ လုပ်စရာတွေက လာမယ့် အပတ်တွေမှ ပိုများလာမှာဖြစ်ကာ ဒီကနေ့အတွက်ကတော့ ဟန်ဒါဆန်နဲ့ ဝိုက်နယ်ဒမ်ကိုပဲ အဓိက ထုတ်သုံးဖွယ်ရှိတယ်။ အရန်မှာတော့ မီလ်နာ၊ ဂျုံး၊ ဂျိတ်ကိန်းတို့ ပါဝင်ခွင့်ရနိုင်ပါတယ်။

မန်နေဂျာကလော့ပ်ဟာ အရင်ပွဲမှာတုန်းက ဂျုံးကို ထုတ်သုံးခဲ့သေးပြီး ဒီတစ်ကြိမ် တိုက်စစ်ကို ပြောင်းလဲလိုရင် ကွင်းလယ်ကို အမာခံထားဖို့ ရွေးချယ်ဖို့များပါတယ်။ ကွင်းလယ် သုံးယောက်တန်းကို ရွေးမယ်ဆိုရင်တော့ မီလ်နာ (သို့) ဂျုံးကို ထည့်ကစားနိုင်ပေမယ့် လက်ရှိမှာ ကွင်းလယ်ထက် တိုက်စစ်ကတောင် ပိုတောင့်တင်းနေတဲ့ အနေအထားပါ။

ခံစစ်အတွက်ကတော့ အပြောင်းအလဲ မရှိဘဲ ဂိုးသမား အယ်လီဆန်၊ ထရန့်၊ ရိုဘို၊ ဖာဘင်ညို၊ ဂိုးမက်စ် အတွဲကိုပဲ မြင်ရဖို့ရှိတယ်။ လူငယ် ညာအစွန်လူ ဝီလီယမ်ဟာ စီနီယာလူစာရင်းကနေ လွဲဖယ်နေတဲ့ ဒီကာလတွေမှာ လက်ရွေးစင်အသင်းမှာ အတော်လေး တောက်ပနေပါတယ်။ အေဂျက်နဲ့ပွဲမှာ လူစားလဲမှု ၅ ခုလုံးကို လုပ်ခဲ့ပြီး ဒီပွဲမှာလည်း နောက်ထပ် လူစားလဲမှု ၅ ခုထိ လုပ်တာကိုလည်း မြင်လာရနိုင်တယ်။

၃ ရက်တစ်ပွဲ ကစားရမယ့် အခြေအနေမှာ ကြံ့ခိုင်မှုကပဲ အရေးကြီးဆုံး ဖြစ်တာကြောင့် ဒိန်းမတ်ကလပ်ကို ရင်ဆိုင်ချိန်မှာ အလှည့်ကျစနစ်ကို သုံးတာက အကျိုးဖြစ်မှု များနိုင်တယ်။ ဝက်ဟမ်းနဲ့ပွဲမှာတော့ သီယာဂို ပြန်ပါလာမှာဖြစ်ပြီး မာတစ်၊ ကိတ်တာတို့လည်း ပါဝင်လာနိုင်မယ် မျှော်လင့်ရတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီကေန႔မွာေတာ့ ခ်န္ပီယံလိဂ္ရဲ႕ မ်က္ႏွာစိမ္းအသင္းလို႔ ေခၚရမယ့္ ဒိန္းမတ္ကလပ္ မစ္ဂ်ီရန္အသင္းနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

မစ္ဂ်ီရန္ဟာ ဥေရာပျပိဳင္ပြဲကို ပထမဆံုး ပါဝင္လာတဲ့ အသင္းသစ္ျဖစ္လုိ႔ သူတို႔ အသင္းအေၾကာင္းေတာ့ အမ်ားၾကီး မသိရေသးဘူး။ ဒါေပမယ့္ ဒိန္းမတ္လိဂ္မွာ အေျခအေန ေကာင္းမြန္ေနသလို ကစားအားေကာင္းျပီး တိုက္စစ္ကစားလိုတဲ့ အသင္းျဖစ္ကာ မန္ေနဂ်ာကေလာ့ပ္ ကိုယ္တိုင္က ထုတ္ေဖာ္ ခ်ီးက်ဴးရတဲ့ အသင္းေကာင္းျဖစ္ပါတယ္။

လီဗာပူးဟာ ဒီကေန႔ည မစ္ဂ်ီရန္နဲ႔ပြဲအျပီးမွာေတာ့ ဆက္လက္ျပီးလည္း ႏိုဝင္ဘာလ ၁ ရက္မွာ ဝက္ဟမ္းနဲ႔ ပရီးမီးယားလိဂ္ပြဲ၊ ႏိုဝင္ဘာလ ၄ ရက္ေန႔မွာ အတၱလန္တာနဲ႔ ခ်န္ပီယံလိဂ္ပြဲ၊ ႏိုဝင္ဘာလ ၈ ရက္မွာ မန္စီးတီးနဲ႔ ပရီးမီးယားလိဂ္ပြဲေတြကို ကစားရမွာျဖစ္တယ္။ ဒါေၾကာင့္ ဒီေန႔ပြဲမွာ အလွည့္က် လူထုတ္ျခင္းကို ဆက္လက္ လုပ္ေဆာင္လာဖို႔ ရွိပါတယ္။

လီဗာပူး အဓိက ေျပာင္းလဲသြားႏုိင္တဲ့ ေနရာကေတာ့ တိုက္စစ္ပိုင္းျဖစ္ျပီး မီနာမီႏိုက ဖာမင္ႏိုေနရာ အစားဝင္ကာ ဂ်ိဳတာ၊ မာေနး၊ ဆာလက္နဲ႔အတူ ပြဲထုတ္မယ္လို႔ ေမွ်ာ္လင့္ရတယ္။ မာေနးနဲ႔ ဆာလက္တို႔ ႏွစ္ဦးထဲက တစ္ဦးရဲ႕ ေနရာမွာ ရွာကီြရီကို ဝင္ကစားေစတာလည္း ျဖစ္ႏုိင္ပါတယ္။

ကြင္းလယ္မွာေတာ့ ကစားသမား အေျပာင္းအလဲ လုပ္စရာေတြက လာမယ့္ အပတ္ေတြမွ ပိုမ်ားလာမွာျဖစ္ကာ ဒီကေန႔အတြက္ကေတာ့ ဟန္ဒါဆန္နဲ႔ ဝိုက္နယ္ဒမ္ကိုပဲ အဓိက ထုတ္သံုးဖြယ္ရွိတယ္။ အရန္မွာေတာ့ မီလ္နာ၊ ဂ်ံဳး၊ ဂ်ိတ္ကိန္းတို႔ ပါဝင္ခြင့္ရႏုိင္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ အရင္ပြဲမွာတုန္းက ဂ်ံဳးကို ထုတ္သံုးခဲ့ေသးျပီး ဒီတစ္ၾကိမ္ တိုက္စစ္ကို ေျပာင္းလဲလိုရင္ ကြင္းလယ္ကို အမာခံထားဖို႔ ေရြးခ်ယ္ဖို႔မ်ားပါတယ္။ ကြင္းလယ္ သံုးေယာက္တန္းကို ေရြးမယ္ဆိုရင္ေတာ့ မီလ္နာ (သို႔) ဂ်ံဳးကို ထည့္ကစားႏိုင္ေပမယ့္ လက္ရွိမွာ ကြင္းလယ္ထက္ တိုက္စစ္ကေတာင္ ပိုေတာင့္တင္းေနတဲ့ အေနအထားပါ။

ခံစစ္အတြက္ကေတာ့ အေျပာင္းအလဲ မရွိဘဲ ဂိုးသမား အယ္လီဆန္၊ ထရန္႔၊ ရိုဘို၊ ဖာဘင္ညိဳ၊ ဂိုးမက္စ္ အတြဲကိုပဲ ျမင္ရဖို႔ရွိတယ္။ လူငယ္ ညာအစြန္လူ ဝီလီယမ္ဟာ စီနီယာလူစာရင္းကေန လြဲဖယ္ေနတဲ့ ဒီကာလေတြမွာ လက္ေရြးစင္အသင္းမွာ အေတာ္ေလး ေတာက္ပေနပါတယ္။ ေအဂ်က္နဲ႔ပြဲမွာ လူစားလဲမႈ ၅ ခုလံုးကို လုပ္ခဲ့ျပီး ဒီပြဲမွာလည္း ေနာက္ထပ္ လူစားလဲမႈ ၅ ခုထိ လုပ္တာကိုလည္း ျမင္လာရႏုိင္တယ္။

၃ ရက္တစ္ပြဲ ကစားရမယ့္ အေျခအေနမွာ ၾကံ႕ခိုင္မႈကပဲ အေရးၾကီးဆံုး ျဖစ္တာေၾကာင့္ ဒိန္းမတ္ကလပ္ကို ရင္ဆိုင္ခ်ိန္မွာ အလွည့္က်စနစ္ကို သံုးတာက အက်ိဳးျဖစ္မႈ မ်ားႏုိင္တယ္။ ဝက္ဟမ္းနဲ႔ပြဲမွာေတာ့ သီယာဂို ျပန္ပါလာမွာျဖစ္ျပီး မာတစ္၊ ကိတ္တာတို႔လည္း ပါဝင္လာႏုိင္မယ္ ေမွ်ာ္လင့္ရတယ္။