လီဗာပူးနဲ့ မန်စီးတီး မန်နေဂျာတွေက ကစားသမားတွေရဲ့ ဒဏ်ရာ ပြဿနာတွေကို ပိုမို ရှောင်လွဲနိုင်ဖို့ လူစားလဲမှု ၅ ခုထိ လုပ်ခွင့်ပေးဖို့ကို တောင်းဆိုပေမယ့် မပြောင်းစေချင်ဘူးလို့ ဂယ်ရီနဗီးက ပြောပါတယ်။

လက်ရှိမှာ ပွဲကြပ်တွေကြောင့် ဒဏ်ရာပြဿနာတွေကို ကြီးကြီးမားမား ရင်ဆိုင်နေရတာကို မြင်နေရပေမယ့် အသင်းငယ်တွေက အသင်းကြီးတွေကို အနိုင်ယူနေတာကို ဂယ်ရီနဗီးက ကျေနပ်နေတယ်။ အထူးသဖြင့် အနိုင်ယူလို့မရတဲ့ အသင်းတွေအဖြစ် နာမည်ကြီးခဲ့တဲ့ လီဗာပူးနဲ့ မန်စီးတီးကို အသင်းငယ်တွေက အနိုင်ယူလာတာတွေအတွက်လည်း လက်ရှိ အခြေအနေကို ကျေနပ်တယ်လို့ သူက ပြောပါတယ်။

ဂယ်ရီနဗီးက ” လိဂ်ကိုကြည့်လေ။ ပုံမှန်မဟုတ်ဘူး မဟုတ်လား။ လီဗာပူးက တတိယနဲ့ မန်စီးတီးက အဆင့် ၁၁ မှာ၊ ထိပ်ဆုံးက ဦးဆောင်နေတာက လက်စတာဖြစ်ပြီး ဒုတိယက စပါးဖြစ်ပါတယ်။

ဒါက ကုန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်မှာ မြင်ဖို့မလွယ်တဲ့ကိစ္စ ဖြစ်ပါတယ်။ လက်စတာ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရခဲ့တာကို ကျနော်တို့ နှစ်သက်တယ်။ ပရီးမီးယားလိဂ်ကိုလည်း ပိုမို ပြိုင်ဆိုင်မှု ပြင်းထန်စေလိုတယ်။ ရာသီစတုန်းကတော့ လီဗာပူး မဟုတ်ရင် မန်စီးတီးပဲ လိဂ်ကို အနိုင်ရမယ် အခြားအသင်းမရှိဘူးလို့ ကျနေ်ာတို့ ထင်ခဲ့ကြတယ်။

အခုထိလည်း အဲ့လိုဖြစ်နိုင်ပေမယ့် ပိုတော့ ခက်သွားပါပြီ။ ကျနေ်ာတို့ ထရန့် ဒဏ်ရာရတာ၊ ဖာဘင်ညို ဒဏ်ရာရတာတွေ မြင်ခဲ့တယ်။ လာပေါ်တေးလည်း ဒဏ်ရာရခဲ့သေးတယ်။ ဒီ ပွဲကြပ်တွေက ကလပ်တွေကို အခက်တွေ့စေတယ်။ ကြီး ၆ ကြီးက လူစားလဲမှု ၅ ခုကို အဓိက ရလိုနေကြတဲ့ အသင်းတွေပါ။

ကျနေ်ာကတော့ လူစားလဲမှု ၅ ခုကို မထောက်ခံသေးပါဘူး။ ဒီအနေအထားကပဲ လိဂ်ကို ပြိုင်ဆိုင်မှု ပိုပြန်းထန်စေပြီး လူတိုင်းကို ကြည့်လို့ ပိုကောင်းစေတယ်လေ။ ထိပ်တန်းအသင်းတွေကို အသင်းငယ်တွေက အနိုင်ရတာမျိုးကိုလည်း ကျနေ်ာတို့ မြင်လိုတယ်။ အက်စတွန်ဗီလာအသင်းပေါ့။

ဒီနှစ်နှစ်လောက်မှာ ဂွာဒီယိုလာရဲ့ မန်စီးတီးကို အနိုင်ယူလို့ မရဘူးလို့ ကျနေ်ာတို့ ပြောကြတယ်။ အခု အနိုင်ယူလို့ ရလာခဲ့ပြီ။ အခုဆိုရင် အသင်းတိုင်း အခွင့်အရေးရလာခဲ့ပြီး မန်ချက်စတာနဲ့ ဂွာဒီယိုလာ ပရိသတ်တွေကတော့ ပျော်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီရာသီက ပိုကြည့်ကောင်းလာပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ မန္စီးတီး မန္ေနဂ်ာေတြက ကစားသမားေတြရဲ႕ ဒဏ္ရာ ျပႆနာေတြကို ပိုမို ေရွာင္လြဲႏုိင္ဖို႔ လူစားလဲမႈ ၅ ခုထိ လုပ္ခြင့္ေပးဖို႔ကို ေတာင္းဆိုေပမယ့္ မေျပာင္းေစခ်င္ဘူးလို႔ ဂယ္ရီနဗီးက ေျပာပါတယ္။

လက္ရွိမွာ ပြဲၾကပ္ေတြေၾကာင့္ ဒဏ္ရာျပႆနာေတြကို ၾကီးၾကီးမားမား ရင္ဆိုင္ေနရတာကို ျမင္ေနရေပမယ့္ အသင္းငယ္ေတြက အသင္းၾကီးေတြကို အႏုိင္ယူေနတာကို ဂယ္ရီနဗီးက ေက်နပ္ေနတယ္။ အထူးသျဖင့္ အႏုိင္ယူလို႔မရတဲ့ အသင္းေတြအျဖစ္ နာမည္ၾကီးခဲ့တဲ့ လီဗာပူးနဲ႔ မန္စီးတီးကို အသင္းငယ္ေတြက အႏုိင္ယူလာတာေတြအတြက္လည္း လက္ရွိ အေျခအေနကို ေက်နပ္တယ္လို႔ သူက ေျပာပါတယ္။

ဂယ္ရီနဗီးက ” လိဂ္ကိုၾကည့္ေလ။ ပံုမွန္မဟုတ္ဘူး မဟုတ္လား။ လီဗာပူးက တတိယနဲ႔ မန္စီးတီးက အဆင့္ ၁၁ မွာ၊ ထိပ္ဆံုးက ဦးေဆာင္ေနတာက လက္စတာျဖစ္ျပီး ဒုတိယက စပါးျဖစ္ပါတယ္။

ဒါက ကုန္ခဲ့တဲ့ ၂ ႏွစ္ ၃ ႏွစ္မွာ ျမင္ဖို႔မလြယ္တဲ့ကိစၥ ျဖစ္ပါတယ္။ လက္စတာ ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရခဲ့တာကို က်ေနာ္တို႔ ႏွစ္သက္တယ္။ ပရီးမီးယားလိဂ္ကိုလည္း ပိုမို ျပိဳင္ဆိုင္မႈ ျပင္းထန္ေစလိုတယ္။ ရာသီစတုန္းကေတာ့ လီဗာပူး မဟုတ္ရင္ မန္စီးတီးပဲ လိဂ္ကို အႏုိင္ရမယ္ အျခားအသင္းမရွိဘူးလို႔ က်ေန္ာတို႔ ထင္ခဲ့ၾကတယ္။

အခုထိလည္း အဲ့လိုျဖစ္ႏုိင္ေပမယ့္ ပိုေတာ့ ခက္သြားပါျပီ။ က်ေန္ာတို႔ ထရန္႔ ဒဏ္ရာရတာ၊ ဖာဘင္ညိဳ ဒဏ္ရာရတာေတြ ျမင္ခဲ့တယ္။ လာေပၚေတးလည္း ဒဏ္ရာရခဲ့ေသးတယ္။ ဒီ ပြဲၾကပ္ေတြက ကလပ္ေတြကို အခက္ေတြ႔ေစတယ္။ ၾကီး ၆ ၾကီးက လူစားလဲမႈ ၅ ခုကို အဓိက ရလိုေနၾကတဲ့ အသင္းေတြပါ။

က်ေန္ာကေတာ့ လူစားလဲမႈ ၅ ခုကို မေထာက္ခံေသးပါဘူး။ ဒီအေနအထားကပဲ လိဂ္ကို ျပိဳင္ဆိုင္မႈ ပိုျပန္းထန္ေစျပီး လူတိုင္းကို ၾကည့္လို႔ ပိုေကာင္းေစတယ္ေလ။ ထိပ္တန္းအသင္းေတြကို အသင္းငယ္ေတြက အႏုိင္ရတာမ်ိဳးကိုလည္း က်ေန္ာတို႔ ျမင္လိုတယ္။ အက္စတြန္ဗီလာအသင္းေပါ့။

ဒီႏွစ္ႏွစ္ေလာက္မွာ ဂြာဒီယိုလာရဲ႕ မန္စီးတီးကို အႏုိင္ယူလို႔ မရဘူးလို႔ က်ေန္ာတို႔ ေျပာၾကတယ္။ အခု အႏုိင္ယူလို႔ ရလာခဲ့ျပီ။ အခုဆိုရင္ အသင္းတိုင္း အခြင့္အေရးရလာခဲ့ျပီး မန္ခ်က္စတာနဲ႔ ဂြာဒီယိုလာ ပရိသတ္ေတြကေတာ့ ေပ်ာ္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီရာသီက ပိုၾကည့္ေကာင္းလာပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။