လီဗာပူးညာအစွန်လူ ထရန့်ဟာ မန်စီးတီးနဲ့ပွဲမှာ ရခဲ့တဲ့ ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် ၄ ပတ်ထိ အနားယူမယ်လို့ The Times သတင်းထောက် paul joyce က အတည်ပြုပါတယ်။

အင်္ဂလန်အသင်းရဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ ပါဝင်မှာ မဟုတ်ဘဲ နုတ်ထွက်ထားတဲ့ ထရန့်ဟာ လီဗာပူးရဲ့ လက်စတာ၊ အတ္တလန်တာနဲ့ ဘရိုက်တန်ပွဲတွေကိုပါ သေချာပေါက် လွဲချော်မှာပါ။ သူဟာ အေဂျက်၊ ဝုဗ်နဲ့ မစ်ဂျီလန်ပွဲတွေကို ယှဉ်ပြိုင်ကစားရမယ့် ဒီဇင်ဘာ အစောပိုင်းပွဲတွေကိုလည်း လွဲချော်နိုင်ဖို့ များနေပါတယ်။

ဒီရာသီ ပွဲကြပ်တွေနဲ့အတူ ကိုဗစ်ကပ်ဘေးဟာ လီဗာပူးကို ကြီးကြီးမားမား ထိခိုက်နေစေခဲ့ပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲအပြီးမှာတင် မန်နေဂျာကလော့ပ်ရဲ့ အသင်းသား ၁၃ ဦးထိ ဘေးထွက်ထိုင်ထားရပါပြီ။ ထရန့်ဟာ နောက်ဆုံး ဒဏ်ရာရတဲ့ ကစားသမားဖြစ်သလို လီဗာပူးအတွက် အထိနာတဲ့ ထိုးနှက်ချက်လည်း ဖြစ်လာခဲ့တယ်။

လီဗာပူးအသင်းဘက်ကတော့ တရားဝင် သတင်းထုတ်ပြန်မလာသေးပေမယ့် အနည်းဆုံး ၂ ပတ်ထိ နားရနိုင်တာကို ဒဏ်ရာရသွားတဲ့ နေ့မှာပဲ ဆေးပညာရှင်တွေက ခန့်မှန်းထားခဲ့ကြတယ်။ အခြေအနေ အရမ်းမဆိုးဖို့ကိုပဲ မျှော်လင့်နေကြတာဖြစ်ပြီး ၄ ပတ်ဟာ အမြင့်ဆုံး ကြာချိန် ဖြစ်ပါလိမ့်မယ်။

နိုင်ငံတကာ သီတင်းပတ်အပြီးမှာ လီဗာပူးအသင်းသားတွေဖြစ်တဲ့ ဖာဘင်ညိုနဲ့ သီယာဂိုတို့ ပြန်လည် ကစားပေးနိုင်တော့မှာပါ။ ထရန့်ရဲ့ နေရာမှာ တိုက်ရိုက် အစားထိုးဖို့ နီကိုး ဝီလီယမ် ရှိသလို ဝါရင့် ကစားသမားကြီး ဂျိမ်းမီလ်နာ ရှိပါတယ်။ ဖာဘင်ညိုဟာ လိုအပ်လာရင် ညာအစွန်နေရာက ကစားနိုင်ပြီး သူ ဗဟိုခံစစ်နေရာကို ဝင်ရောက်ခဲ့ရင် ဂိုးမက်စ်က ညာခြမ်း ထွက်ကစားနိုင်ပါတယ်။

ဗန်ဒိုက်မရှိတဲ့ စိန်ခေါ်မှုကို အကောင်းဆုံး ဖာထေးနေတဲ့ လီဗာပူးဟာ ဒုတိယစိန်ခေါ်မှုအဖြစ် ထရန့်မပါတဲ့ ကာလတစ်ခုကို ကျော်ဖြတ်ရမှာဖြစ်ပြီး လက်စတာနဲ့ပွဲက အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။

ZAWGYI

လီဗာပူးညာအစြန္လူ ထရန္႔ဟာ မန္စီးတီးနဲ႔ပြဲမွာ ရခဲ့တဲ့ ေျခသလံုး ၾကြက္သား ဒဏ္ရာေၾကာင့္ ၄ ပတ္ထိ အနားယူမယ္လို႔ The Times သတင္းေထာက္ paul joyce က အတည္ျပဳပါတယ္။

အဂၤလန္အသင္းရဲ႕ ႏုိင္ငံတကာပြဲစဥ္ေတြမွာ ပါဝင္မွာ မဟုတ္ဘဲ ႏုတ္ထြက္ထားတဲ့ ထရန္႔ဟာ လီဗာပူးရဲ႕ လက္စတာ၊ အတၱလန္တာနဲ႔ ဘရိုက္တန္ပြဲေတြကိုပါ ေသခ်ာေပါက္ လြဲေခ်ာ္မွာပါ။ သူဟာ ေအဂ်က္၊ ဝုဗ္နဲ႔ မစ္ဂ်ီလန္ပြဲေတြကို ယွဥ္ျပိဳင္ကစားရမယ့္ ဒီဇင္ဘာ အေစာပိုင္းပြဲေတြကိုလည္း လြဲေခ်ာ္ႏုိင္ဖို႔ မ်ားေနပါတယ္။

ဒီရာသီ ပြဲၾကပ္ေတြနဲ႔အတူ ကိုဗစ္ကပ္ေဘးဟာ လီဗာပူးကို ၾကီးၾကီးမားမား ထိခိုက္ေနေစခဲ့ျပီး ပရီးမီးယားလိဂ္ ပြဲစဥ္ ၈ ပြဲအျပီးမွာတင္ မန္ေနဂ်ာကေလာ့ပ္ရဲ႕ အသင္းသား ၁၃ ဦးထိ ေဘးထြက္ထိုင္ထားရပါျပီ။ ထရန္႔ဟာ ေနာက္ဆံုး ဒဏ္ရာရတဲ့ ကစားသမားျဖစ္သလို လီဗာပူးအတြက္ အထိနာတဲ့ ထိုးႏွက္ခ်က္လည္း ျဖစ္လာခဲ့တယ္။

လီဗာပူးအသင္းဘက္ကေတာ့ တရားဝင္ သတင္းထုတ္ျပန္မလာေသးေပမယ့္ အနည္းဆံုး ၂ ပတ္ထိ နားရႏုိင္တာကို ဒဏ္ရာရသြားတဲ့ ေန႔မွာပဲ ေဆးပညာရွင္ေတြက ခန္႔မွန္းထားခဲ့ၾကတယ္။ အေျခအေန အရမ္းမဆိုးဖို႔ကိုပဲ ေမွ်ာ္လင့္ေနၾကတာျဖစ္ျပီး ၄ ပတ္ဟာ အျမင့္ဆံုး ၾကာခ်ိန္ ျဖစ္ပါလိမ့္မယ္။

ႏိုင္ငံတကာ သီတင္းပတ္အျပီးမွာ လီဗာပူးအသင္းသားေတြျဖစ္တဲ့ ဖာဘင္ညိဳနဲ႔ သီယာဂိုတို႔ ျပန္လည္ ကစားေပးႏုိင္ေတာ့မွာပါ။ ထရန္႔ရဲ႕ ေနရာမွာ တိုက္ရိုက္ အစားထိုးဖို႔ နီကိုး ဝီလီယမ္ ရွိသလို ဝါရင့္ ကစားသမားၾကီး ဂ်ိမ္းမီလ္နာ ရွိပါတယ္။ ဖာဘင္ညိဳဟာ လိုအပ္လာရင္ ညာအစြန္ေနရာက ကစားႏုိင္ျပီး သူ ဗဟိုခံစစ္ေနရာကို ဝင္ေရာက္ခဲ့ရင္ ဂိုးမက္စ္က ညာျခမ္း ထြက္ကစားႏုိင္ပါတယ္။

ဗန္ဒိုက္မရွိတဲ့ စိန္ေခၚမႈကို အေကာင္းဆံုး ဖာေထးေနတဲ့ လီဗာပူးဟာ ဒုတိယစိန္ေခၚမႈအျဖစ္ ထရန္႔မပါတဲ့ ကာလတစ္ခုကို ေက်ာ္ျဖတ္ရမွာျဖစ္ျပီး လက္စတာနဲ႔ပြဲက အၾကီးမားဆံုး စိန္ေခၚမႈ ျဖစ္လာႏုိင္ပါတယ္။