နယ်သာလန် ကွင်းလယ်လူ ဝိုက်နယ်ဒမ်က လက်ရွေးစင်အသင်းနဲ့ သွားရောက် ပူးပေါင်းချိန်မှာ အသင်းဖော် ဗန်ဒိုက်နဲ့ ပက်သက်လို့ ထုတ်ပြောမှု လုပ်ခဲ့ပါတယ်။

ဗန်ဒိုက်ဟာ ကစားသမားဘဝ အဆိုးဆုံး အခြေအနေကို ရင်ဆိုင်နေရသူဖြစ်ပြီး ဒူးဒဏ်ရာ ခွဲစိတ်မှုကြောင့် ကာလရှည် အနားယူရမှာဖြစ်တယ်။ ဒီအခြေအနေမှာ ကစားသမားကို FaceTime ကနေ ပဲ အားပေးခွင့်ရနေပြီး ဗန်ဒိုက်ကလည်း ကြိုးစား ကျော်ဖြတ်နေပါတယ်လို့ ဝိုက်နယ်ဒမ်က ဖွင့်ဟပါတယ်။

ဝိုက်နယ်ဒမ်က ပြောရာမှာ ” ဘုရားသခင်ရဲ့ အလိုအတိုင်း ဗာဂျယ်က ပြန်လာပါလိမ့်မယ်။ သူ့အတွက် အရမ်းကို ခက်ခဲတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဘောလုံးသမားတစ်ယောက်အတွက် အဆိုးဆုံးသော အတွေ့အကြုံကို သူ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ငရဲလို ကာလကို ကျော်ဖြတ်နေရတာပါ။

ဒါပေမယ့် သူက အရမ်း သန်မာပါတယ်။ ကျနေ်ာတို့ FaceTime ကနေ အမြဲ တွေ့ဆုံမှုတွေ လုပ်နေကြတယ်။ အဲ့လို တွေ့ခွင့်တွေရနေတာက သိပ်ကောင်းပါတယ်။ ” လို့ ဖြစ်တယ်။

များစွာသော ပရိသတ်တွေက အကျိုးမရှိတဲ့ နိုင်ငံပွဲတွေကို ကစာစေတာကို သဘောမကျပါဘူး။ ခြေစစ်ပွဲတွေ မဟုတ်ဘဲ ခြေစမ်းပွဲသာသာ ချစ်ကြည်ရေးပွဲတွေကို ကမ္ဘာပတ်ပြီး ကစားနေကြတာက ကိုဗစ်ကာလမှာ ကပ်ဘေးအတွက်ကော ကြံ့ခိုင်မှုအတွက်ပါ ဆိုးကျိုးများတယ်လို့ ယူဆနေကြတယ်။

ဝိုက်နယ်ဒမ်က ” ကလပ်အနေနဲ့ကတော့ ကစားသမားတွေက ပုံမှန်အတိုင်း ကြံ့ခိုင်စွာ ပြန်လာမယ်ဆိုပြီး အာမခံချက်တော့ မရှိပါဘူး။ ကျနေ်ာတို့က နိုင်ငံပွဲ သုံးပွဲကစားရမှာပါ။ အင်အားတွေ ထုတ်သုံးရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘောလုံးသမားတစ်ယောက်အဖြစ် လက်ရွေးစင်အသင်းအတွက် ကစားရနိုင်သလောက် ပွဲတွေကို ကစားရတာက ကြီးမြတ်ပါတယ်။

လက်ရွေးစင်ပွဲတွေနဲ့ ပက်သက်ပြီး အားလုံးလည်း ပျော်ကြပါတယ်။ ကျနော်ကလည်း ခံစားချက်တွေ ကောင်းနေပြီး ကြံ့ခိုင်နေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အခုမှ အစပဲ ရှိပါသေးတယ်။ နောက်ပိုင်းမှာ ဘာဖြစ်လာမယ် မပြောနိုင်သေးဘူး။ လီဗာပူးအတွက် အကြောင်းကြားစာဆိုရင်တော့ ကျနော် ကြံ့ခိုင်စွာနဲ့ ပြန်လာပါမယ်။ အခြား ပြောစရာ မရှိပါဘူး ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

နယ္သာလန္ ကြင္းလယ္လူ ဝိုက္နယ္ဒမ္က လက္ေရြးစင္အသင္းနဲ႔ သြားေရာက္ ပူးေပါင္းခ်ိန္မွာ အသင္းေဖာ္ ဗန္ဒိုက္နဲ႔ ပက္သက္လို႔ ထုတ္ေျပာမႈ လုပ္ခဲ့ပါတယ္။

ဗန္ဒိုက္ဟာ ကစားသမားဘဝ အဆိုးဆံုး အေျခအေနကို ရင္ဆိုင္ေနရသူျဖစ္ျပီး ဒူးဒဏ္ရာ ခြဲစိတ္မႈေၾကာင့္ ကာလရွည္ အနားယူရမွာျဖစ္တယ္။ ဒီအေျခအေနမွာ ကစားသမားကို FaceTime ကေန ပဲ အားေပးခြင့္ရေနျပီး ဗန္ဒိုက္ကလည္း ၾကိဳးစား ေက်ာ္ျဖတ္ေနပါတယ္လို႔ ဝိုက္နယ္ဒမ္က ဖြင့္ဟပါတယ္။

ဝိုက္နယ္ဒမ္က ေျပာရာမွာ ” ဘုရားသခင္ရဲ႕ အလိုအတိုင္း ဗာဂ်ယ္က ျပန္လာပါလိမ့္မယ္။ သူ႔အတြက္ အရမ္းကို ခက္ခဲတဲ့ အခ်ိန္လည္း ျဖစ္ပါတယ္။ ေဘာလံုးသမားတစ္ေယာက္အတြက္ အဆိုးဆံုးေသာ အေတြ႔အၾကံဳကို သူ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ငရဲလို ကာလကို ေက်ာ္ျဖတ္ေနရတာပါ။

ဒါေပမယ့္ သူက အရမ္း သန္မာပါတယ္။ က်ေန္ာတို႔ FaceTime ကေန အျမဲ ေတြ႔ဆံုမႈေတြ လုပ္ေနၾကတယ္။ အဲ့လို ေတြ႔ခြင့္ေတြရေနတာက သိပ္ေကာင္းပါတယ္။ ” လို႔ ျဖစ္တယ္။

မ်ားစြာေသာ ပရိသတ္ေတြက အက်ိဳးမရွိတဲ့ ႏုိင္ငံပြဲေတြကို ကစာေစတာကို သေဘာမက်ပါဘူး။ ေျခစစ္ပြဲေတြ မဟုတ္ဘဲ ေျခစမ္းပြဲသာသာ ခ်စ္ၾကည္ေရးပြဲေတြကို ကမၻာပတ္ျပီး ကစားေနၾကတာက ကိုဗစ္ကာလမွာ ကပ္ေဘးအတြက္ေကာ ၾကံ႕ခိုင္မႈအတြက္ပါ ဆိုးက်ိဳးမ်ားတယ္လို႔ ယူဆေနၾကတယ္။

ဝိုက္နယ္ဒမ္က ” ကလပ္အေနနဲ႔ကေတာ့ ကစားသမားေတြက ပံုမွန္အတိုင္း ၾကံ႕ခိုင္စြာ ျပန္လာမယ္ဆိုျပီး အာမခံခ်က္ေတာ့ မရွိပါဘူး။ က်ေန္ာတို႔က ႏုိင္ငံပြဲ သံုးပြဲကစားရမွာပါ။ အင္အားေတြ ထုတ္သံုးရမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေဘာလံုးသမားတစ္ေယာက္အျဖစ္ လက္ေရြးစင္အသင္းအတြက္ ကစားရႏုိင္သေလာက္ ပြဲေတြကို ကစားရတာက ၾကီးျမတ္ပါတယ္။

လက္ေရြးစင္ပြဲေတြနဲ႔ ပက္သက္ျပီး အားလံုးလည္း ေပ်ာ္ၾကပါတယ္။ က်ေနာ္ကလည္း ခံစားခ်က္ေတြ ေကာင္းေနျပီး ၾကံ႕ခိုင္ေနတယ္လို႔ ထင္ပါတယ္။ ဒါေပမယ့္ အခုမွ အစပဲ ရွိပါေသးတယ္။ ေနာက္ပိုင္းမွာ ဘာျဖစ္လာမယ္ မေျပာႏုိင္ေသးဘူး။ လီဗာပူးအတြက္ အေၾကာင္းၾကားစာဆိုရင္ေတာ့ က်ေနာ္ ၾကံ႕ခိုင္စြာနဲ႔ ျပန္လာပါမယ္။ အျခား ေျပာစရာ မရွိပါဘူး ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။