နွေအပြောင်းအရွှေ့တုန်းက လီဗာပူး လူငယ်ဂိုးသမားလေး ဂလယ်ဟာ ဟာ နယ်သာလန်လိဂ်ကို ပြောင်းဖို့ လုပ်ဆောင်နေခဲ့ပေမယ့် အယ်လီဆန် ဒဏ်ရာရခဲ့ခြင်းကြောင့် အဆိုပါ ကိစ္စကို ဖြတ်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ် အိုင်ယာလန် ဂိုးသမားဟာ ပုံမှန်ပွဲကစားခွင့်အတွက် နယ်သာလန် အဆင့်မြင့်တန်းလိဂ်ကို အငှားထွက်ဖို့ ရှိခဲ့တာပါ။ ဒါပေမယ့် အယ်လီဆန် ဒဏ်ရာရသွားတဲ့နောက် အတ်ဒရီယန် ပထမဂိုးသမားတာဝန်ကို ပြောင်းယူခဲ့ပြီး အရန်ဂိုးသမားနေရာအတွက် အသင်းမှာ သူဆက်ရှိနေခဲ့တာဖြစ်တယ်။

အိုင်ယာလန် လက်ရွေးစင်အသင်း မန်နေဂျာကတော့ ဂလယ်ဟာရဲ့ အငှားထွက်မယ့် အစီအစဉ် မဖြစ်မြောက်ခဲ့တာအတွက် စိတ်ပျက်မိတယ်လို့ ဝန်ခံပါတယ်။

အိုင်ယာလန်မန်နေဂျာ ကန်နီက ‘ ဂလယ်ဟာက ပွဲကစားခွင့်တွေ လိုပါတယ်။ သူက ဟော်လန်လိဂ်ကို ပြောင်းဖို့ ဖြစ်ခဲ့ပြီး ကလပ် ၂ သင်းလောက်နဲ့ ညိနှိုင်းခဲ့ပေမယ့် လီဗာပူးရဲ့ ပထမဂိုးသမားက ဒဏ်ရာရခဲ့တာကြောင့် သူ့အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရပါတယ်။

သူကလည်း အငှားထွက်လိုခဲ့တယ်။ ကစားဖို့လည်း အဆင်သင့်ဖြစ်နေပြီး ဒီ အငှားထွက်မှုကနေ အကျိုးအမြတ် ရမယ်လို့လည်း မျှော်လင့်ထားခဲ့တယ်။ လီဗာပူးမှာ ကစားရဖို့ဆိုတာက မလွယ်ပါဘူး။ သူတို့က ကမ္ဘာချန်ပီယံတွေပါ။ သူတို့အတွက် ကစားခွင့်ရဖို့က မလွယ်ပါဘူး။

အိုင်ယာလန်အသင်းအတွက် ကစားပေးဖို့ သူက လုံလောက်အောင် ကောင်းပါတယ် ဒါပေမယ့် သူမှာ ပွဲကစားခွင့်မရှိတာက ပြဿနာပါ။ သူအငှားထွက်ရင် ကျနေ်ာတို့အတွက် အကျိုးအမြတ်ရှိမယ်လို့ ယူဆခဲ့တာပါ ‘ လို့ ဆိုခဲ့တာဖြစ်တယ်။

ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ လီဗာပူးဟာ ဂလယ်ဟာကို အငှားချပေးဖွယ်ရှိတယ်။ ဒါပေမယ့် ဂိုးသမားတစ်ဦးကို ရာသီဝက်မှ အငှားခေါ်ယူဖို့ကို ကလပ်တွေက စိတ်ဝင်စားပါတော့မလားတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI – ေႏြအေျပာင္းအေရႊ႔တုန္းက လီဗာပူး လူငယ္ဂိုးသမားေလး ဂလယ္ဟာ ဟာ နယ္သာလန္လိဂ္ကို ေျပာင္းဖို႔ လုပ္ေဆာင္ေနခဲ့ေပမယ့္ အယ္လီဆန္ ဒဏ္ရာရခဲ့ျခင္းေၾကာင့္ အဆိုပါ ကိစၥကို ျဖတ္သိမ္းခဲ့ရတယ္လို႔ သိရပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ အိုင္ယာလန္ ဂိုးသမားဟာ ပံုမွန္ပြဲကစားခြင့္အတြက္ နယ္သာလန္ အဆင့္ျမင့္တန္းလိဂ္ကို အငွားထြက္ဖို႔ ရွိခဲ့တာပါ။ ဒါေပမယ့္ အယ္လီဆန္ ဒဏ္ရာရသြားတဲ့ေနာက္ အတ္ဒရီယန္ ပထမဂိုးသမားတာဝန္ကို ေျပာင္းယူခဲ့ျပီး အရန္ဂိုးသမားေနရာအတြက္ အသင္းမွာ သူဆက္ရွိေနခဲ့တာျဖစ္တယ္။

အိုင္ယာလန္ လက္ေရြးစင္အသင္း မန္ေနဂ်ာကေတာ့ ဂလယ္ဟာရဲ႕ အငွားထြက္မယ့္ အစီအစဥ္ မျဖစ္ေျမာက္ခဲ့တာအတြက္ စိတ္ပ်က္မိတယ္လို႔ ဝန္ခံပါတယ္။

အိုင္ယာလန္မန္ေနဂ်ာ ကန္နီက ‘ ဂလယ္ဟာက ပြဲကစားခြင့္ေတြ လိုပါတယ္။ သူက ေဟာ္လန္လိဂ္ကို ေျပာင္းဖို႔ ျဖစ္ခဲ့ျပီး ကလပ္ ၂ သင္းေလာက္နဲ႔ ညိႏိႈင္းခဲ့ေပမယ့္ လီဗာပူးရဲ႕ ပထမဂိုးသမားက ဒဏ္ရာရခဲ့တာေၾကာင့္ သူ႔အေျပာင္းအေရႊ႔က ပ်က္ျပယ္ခဲ့ရပါတယ္။

သူကလည္း အငွားထြက္လိုခဲ့တယ္။ ကစားဖို႔လည္း အဆင္သင့္ျဖစ္ေနျပီး ဒီ အငွားထြက္မႈကေန အက်ိဳးအျမတ္ ရမယ္လို႔လည္း ေမွ်ာ္လင့္ထားခဲ့တယ္။ လီဗာပူးမွာ ကစားရဖို႔ဆိုတာက မလြယ္ပါဘူး။ သူတို႔က ကမၻာခ်န္ပီယံေတြပါ။ သူတို႔အတြက္ ကစားခြင့္ရဖို႔က မလြယ္ပါဘူး။

အိုင္ယာလန္အသင္းအတြက္ ကစားေပးဖို႔ သူက လံုေလာက္ေအာင္ ေကာင္းပါတယ္ ဒါေပမယ့္ သူမွာ ပြဲကစားခြင့္မရွိတာက ျပႆနာပါ။ သူအငွားထြက္ရင္ က်ေန္ာတို႔အတြက္ အက်ိဳးအျမတ္ရွိမယ္လို႔ ယူဆခဲ့တာပါ ‘ လို႔ ဆိုခဲ့တာျဖစ္တယ္။

ဇန္နဝါရီ အေျပာင္းအေရႊ႔မွာေတာ့ လီဗာပူးဟာ ဂလယ္ဟာကို အငွားခ်ေပးဖြယ္ရွိတယ္။ ဒါေပမယ့္ ဂိုးသမားတစ္ဦးကို ရာသီဝက္မွ အငွားေခၚယူဖို႔ကို ကလပ္ေတြက စိတ္ဝင္စားပါေတာ့မလားေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။