အီသီဟဒ်မှာ ၁ဂိုးစီ သရေကျခဲ့တဲ့ပွဲအတွင်း လီဗာပူးရဲ့ တိုက်စစ်လေးယောက် ကစားကွက်က မန်စီးတီးကို အမှားတွေ လုပ်မိစေခဲ့တယ်လို့ ဂယ်ရီနဗီးက ပြောဆိုခဲ့ပြီး ပက်ဂွာဒီယိုလာရဲ့ အသင်းမှာ တစ်စုံတစ်ခုက အရင်နဲ့ မတူတော့ဘူးလို့ ထောက်ပြခဲ့ပါတယ်။

ကလော့ပ်က မာနေး၊ ဆာလက်၊ ဂျိုတာ၊ ဖာမီနိုတို့နဲ့ ပွဲထွက်ဖို့ ရွေးချယ်ခဲ့ပြီး စီးတီးကို အံ့အားသင့်စေခဲ့သလို ပထမပိုင်းအတွင်းမှာပဲ တက်ကြွတဲ့ တိုက်စစ်ကစားပုံကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

သရေပွဲက လီဗာပူးကို ပရီးမီးယားလိဂ် ဇယားထိပ်ပြန်ရောက်စေဖို့ မလုံလောက်ခဲ့ပေမယ့်လဲ လက်ရှိချန်ပီယံတွေအတွက် နိုင်ငံတကာသီတင်းပတ်အတွင်း စီးတီးကို ၅မှတ်ဖြတ်ထားနိုင်စေခဲ့တာပါ။

လီဗာပူးက စီးတီးကို အငိုက်ဖမ်းခဲ့မှုနဲ့ ပက်သက်လို့ ဂယ်ရီ နဗီးက “ပထမ ၂၅မိနစ်အတွင်းက လီဗာပူးရဲ့ အရှိန်အဟုန်၊ လျင်မြန်မှု၊ တိုက်စစ်ကစားသမားတွေထံ ပေးပို့မှုတွေက စိတ်လှုပ်ရှားစရာ ကောင်းခဲ့တယ်။

ကလော့ပ်ရဲ့ လီဗာပူးမန်နေဂျာဘဝ အစောပိုင်း အချိန်တွေတုန်းက နည်းနည်း ပျားပန်းခတ် ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူတို့က ပိုပြီး ရင့်ကျက် တည်ငြိမ်လာခဲ့ပြီး နေရာစုံ ပိုကောင်းလာခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ စီးတီးကို အမှားအယွင်းတွေ လုပ်မိစေခဲ့တာပါ။

ဂျိုတာကို တိုက်စစ်လေးယောက်လို ကစားခဲ့တဲ့ စိတ်ကူးက လုံးဝ မထင်ထားတဲ့ အကွက်ပါပဲ၊ သိပ်ကောင်းတဲ့ ကစားပုံကို မြင်တွေ့ခဲ့ရပြီး ကြည့်ရတာ ဖျော်ဖြေမှုပေးနိုင်ခဲ့တယ်၊ စီးတီးကတော့ အငိုက်မိခဲ့တာပါ၊ သူတို့တွေ အဲ့ဒီ့မုန်တိုင်းထန်နေမှုကို ထိန်းချုပ်ဖို့နဲ့ ပွဲကို ပြန်ထိန်းသိမ်းဖို့၊ အခြေအနေကို နားလည်ဖို့အတွက် နာရီဝက်လောက် အချိန်ယူလိုက်ရတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

သူတို့ နှစ်သင်းရဲ့ အရည်အသွေးကို ပြသခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ နှစ်သင်းလုံးက နိုင်လိုစိတ်ထက် ရလဒ်တစ်ခုကို ရယူဖို့ကို ဆန္ဒရှိခဲ့ကြောင်းအပြင် ကလော့ပ်နဲ့ ဂွာဒီယိုလာကတို့က အရှိန်လျော့ပြီး တည်ငြိမ်စွာ ကစားကြဖို့ကို ရွေးခဲ့တယ်လို့ နဗီးက ပြောတယ်။

“ ပထမပိုင်းမှာ ဒီနှစ်သင်းက ဘယ်လောက်ကောင်းအောင် လုပ်နိုင်လဲဆိုတာနဲ့ သူတို့ရဲ့ အရည်အသွေးကို ထုတ်ဖော်ပြသခဲ့တာပါ၊ ဒုတိယပိုင်းကတော့ ဒီရာသီမှာ ကျွန်တော်တို့ ရှေ့ဆက်ရမယ့် ခရီး ဘယ်လောက်ရှည်လဲဆိုတာကို မြင်ခဲ့ရတယ်၊ နှစ်သင်းလုံးက ဒုတိယပိုင်းမှာ ‘ငါတို့ နည်းနည်းလောက် အရှိန်လျှော့ပြီး တည်တည်ငြိမ်ငြိမ် ကစားကြမယ်’လို့ ဆုံးဖြတ်ခဲ့ပုံ ရပါတယ် ” လို့ နဗီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

အီသီဟဒ္မွာ ၁ဂိုးစီ သေရက်ခဲ့တဲ့ပြဲအတြင္း လီဗာပူးရဲ႕ တိုက္စစ္ေလးေယာက္ ကစားကြက္က မန္စီးတီးကို အမွားေတြ လုပ္မိေစခဲ့တယ္လို႔ ဂယ္ရီနဗီးက ေျပာဆိုခဲ့ၿပီး ပက္ဂြာဒီယိုလာရဲ႕ အသင္းမွာ တစ္စုံတစ္ခုက အရင္နဲ႔ မတူေတာ့ဘူးလို႔ ေထာက္ျပခဲ့ပါတယ္။

ကေလာ့ပ္က မာေနး၊ ဆာလက္၊ ဂ်ိဳတာ၊ ဖာမီႏိုတို႔နဲ႔ ပြဲထြက္ဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီး စီးတီးကို အံ့အားသင့္ေစခဲ့သလို ပထမပိုင္းအတြင္းမွာပဲ တက္ႂကြတဲ့ တိုက္စစ္ကစားပုံကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

သေရပြဲက လီဗာပူးကို ပရီးမီးယားလိဂ္ ဇယားထိပ္ျပန္ေရာက္ေစဖို႔ မလုံေလာက္ခဲ့ေပမယ့္လဲ လက္ရွိခ်န္ပီယံေတြအတြက္ ႏိုင္ငံတကာသီတင္းပတ္အတြင္း စီးတီးကို ၅မွတ္ျဖတ္ထားႏိုင္ေစခဲ့တာပါ။

လီဗာပူးက စီးတီးကို အငိုက္ဖမ္းခဲ့မႈနဲ႔ ပက္သက္လို႔ ဂယ္ရီ နဗီးက “ပထမ ၂၅မိနစ္အတြင္းက လီဗာပူးရဲ႕ အရွိန္အဟုန္၊ လ်င္ျမန္မႈ၊ တိုက္စစ္ကစားသမားေတြထံ ေပးပို႔မႈေတြက စိတ္လႈပ္ရွားစရာ ေကာင္းခဲ့တယ္။

ကေလာ့ပ္ရဲ႕ လီဗာပူးမန္ေနဂ်ာဘဝ အေစာပိုင္း အခ်ိန္ေတြတုန္းက နည္းနည္း ပ်ားပန္းခတ္ ျဖစ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ သူတို႔က ပိုၿပီး ရင့္က်က္ တည္ၿငိမ္လာခဲ့ၿပီး ေနရာစုံ ပိုေကာင္းလာခဲ့တယ္။ ဒီတစ္ၾကိမ္မွာေတာ့ စီးတီးကို အမွားအယြင္းေတြ လုပ္မိေစခဲ့တာပါ။

ဂ်ိဳတာကို တိုက္စစ္ေလးေယာက္လို ကစားခဲ့တဲ့ စိတ္ကူးက လုံးဝ မထင္ထားတဲ့ အကြက္ပါပဲ၊ သိပ္ေကာင္းတဲ့ ကစားပုံကို ျမင္ေတြ႕ခဲ့ရၿပီး ၾကည့္ရတာ ေဖ်ာ္ေျဖမႈေပးႏိုင္ခဲ့တယ္၊ စီးတီးကေတာ့ အငိုက္မိခဲ့တာပါ၊ သူတို႔ေတြ အဲ့ဒီ့မုန္တိုင္းထန္ေနမႈကို ထိန္းခ်ဳပ္ဖို႔နဲ႔ ပြဲကို ျပန္ထိန္းသိမ္းဖို႔၊ အေျခအေနကို နားလည္ဖို႔အတြက္ နာရီဝက္ေလာက္ အခ်ိန္ယူလိုက္ရတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

သူတို႔ ႏွစ္သင္းရဲ႕ အရည္အေသြးကို ျပသခဲ့ေပမယ့္လည္း ဒုတိယပိုင္းမွာေတာ့ ႏွစ္သင္းလံုးက ႏုိင္လိုစိတ္ထက္ ရလဒ္တစ္ခုကို ရယူဖို႔ကို ဆႏၵရွိခဲ့ေၾကာင္းအျပင္ ကေလာ့ပ္နဲ႔ ဂြာဒီယိုလာကတို႔က အရွိန္ေလ်ာ့ျပီး တည္ျငိမ္စြာ ကစားၾကဖို႔ကို ေရြးခဲ့တယ္လို႔ နဗီးက ေျပာတယ္။

“ ပထမပိုင္းမွာ ဒီႏွစ္သင္းက ဘယ္ေလာက္ေကာင္းေအာင္ လုပ္ႏိုင္လဲဆိုတာနဲ႔ သူတို႔ရဲ႕ အရည္အေသြးကို ထုတ္ေဖာ္ျပသခဲ့တာပါ၊ ဒုတိယပိုင္းကေတာ့ ဒီရာသီမွာ ကြၽန္ေတာ္တို႔ ေရွ႕ဆက္ရမယ့္ ခရီး ဘယ္ေလာက္ရွည္လဲဆိုတာကို ျမင္ခဲ့ရတယ္၊ ႏွစ္သင္းလုံးက ဒုတိယပိုင္းမွာ ‘ငါတို႔ နည္းနည္းေလာက္ အရွိန္ေလွ်ာ့ၿပီး တည္တည္ၿငိမ္ၿငိမ္ ကစားၾကမယ္’လို႔ ဆုံးျဖတ္ခဲ့ပံု ရပါတယ္ ” လို႔ နဗီးက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။