လီဗာပူးအသင်းဟာ အဓိက ခံစစ်မှူး ဗန်ဒိုက်ကို ဒဏ်ရာနဲ့ လက်လွတ်လိုက်ရတာက ဒီရာသီ အကြီးမားဆုံး အထိနာချက် ဖြစ်လာခဲ့ကာ ချန်ပီယံရေပန်းစားမှုပါ လျော့ကျလာခဲ့ပါတယ်။

ဗန်ဒိုက် ဒဏ်ရာကြောင့် တစ်ရာသီလုံး အနားယူရချိန်မှာ လီဗာပူးအသင်းကို ပရီးမီးယားလိဂ်ရဲ့ အဓိက စိန်ခေါ်သူအဖြစ်ကနေ လျော့တွက်မှုတွေ ရှိလာခဲ့တယ်။ အခုဆိုရင်တော့ ပရီးမီးယားလိဂ် သုံးသပ်သူ အများအပြားက လက်စတာနဲ့ စပါးတို့ကလည်း လီဗာပူး၊ မန်စီးတီးတို့နဲ့ တန်းတူ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်ပြီလို့ မှတ်ချက်ပြုလာခဲ့ပါတယ်။

ဗန်ဒိုက်လို ကမ္ဘာအကောင်းဆုံး ခံစစ်သမား နှစ်ဦးထဲက တစ်ဦးလို့ လက်ခံထားရတဲ့ ကစားသမားမျိုး တစ်ရာသီလုံး မကစားနိုင်တာက လီဗာပူးအတွက် တကယ်လည်း အထိနာပါတယ်။ ဒါပေမယ့် ဗန်ဒိုက် မပါနိုင်တဲ့ နောက်ပိုင်းမှာ လီဗာပူးက တစ်ပွဲမှ အရေးမနိမ့်ထားသလို မန်စီးတီးပွဲမှာလည်း သရေရလဒ် ထွက်ပေါ်ထားခဲ့တယ်။

အဓိက အရေးပါလာတာကတော့ အယ်လီဆန် ဘက်ကာ ပြန်ကစားလာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ အယ်လီဆန်ဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေ တောက်လျှောက်မှာ အရေးပါတဲ့ ကာကွယ်မှုတွေနဲ့ လီဗာပူး ဂိုးပေါက်ကို တာဝန်ယူခဲ့သူပါ။ ရှက်ဖီး၊ ဝက်ဟမ်း၊ မန်စီးတီးပွဲတွေ အပြင် ချန်ပီယံလိဂ်ပွဲတွေမှာ သူ့ရဲ့ အပိုင်ကာကွယ်မှုတွေက လီဗာပူးရဲ့ ရလဒ်ကို အများကြီး သက်ရောက်စေခဲ့တယ်။

ယာဂင်ကလော့ပ်ဟာ ပွဲပြီး ချီးကျူးမှုတိုင်းမှာ အယ်လီဆန်ရဲ့ ကာကွယ်မှုနဲ့ အယ်လီဆန်ရဲ့ တာဝန်ယူမှုတွေကို အမြဲတမ်း ထည့်သွင်း ချီးကျူးနေတာကိုလည်း လီဗာပူးပရိသတ်တွေ သတိထားမိမှာဖြစ်တယ်။

တစ်ဦးချင်း ကာကွယ်မှု အနေအထားတွေအပြင် အယ်လီဆန်ဟာ လီဗာပူးအသင်း ကစားကွက် တည်ဆောက်မှုပိုင်းမှာလည်း အရေးပါသူ ဖြစ်ပါတယ်။ သူဟာ နက်ဖီးလစ်နဲ့ ရိုင်းစ် ဝီလီယမ်တို့ကို နေရာယူမှုတွေအတွက် လမ်းညွှန်ပေးသလို ဂိုးမက်စ်၊ ဖာဘင်ညိုတို့ကိုလည်း ကစားပုံ သက်သောင့်သက်သာဖြစ်စေဖို့ ချိတ်ဆက်ကစားပေးခဲ့တာပါ။

အယ်လီဆန် ပါဝင်တဲ့ ခံစစ်ကြောင်းမှာ ယုံကြည်စိတ်ချရမှုဆိုတာကို ခံစားမိနိုင်တယ်။ သူဟာ ဧရိယာထဲကနေ ပွဲကို လေ့လာနေသူဖြစ်ပြီး ပြိုင်ဘက် တိုက်စစ်သမားတွေကို ဟန့်တားဖို့ရာ ဧရိယာပြင်ပကို ထွက်ခွာဖို့ ဝန်မလေးသူလည်းဖြစ်တယ်။ ဖြတ်တင်ဘောတွေကို ပါးနပ်စွာ ဖြတ်တောက် ဖမ်းယူမှုတွေမှာလည်း ထူးချွန်ပါတယ်။

မန်စီးတီးပွဲမှာဆိုရင်လည်း ဗန်ဒိုက်တာဝန်မျိုးဖြစ်တဲ့ ခံစစ်ကနေ တိုက်စစ်သမားတွေကို အဝေးဘော ဖြန့်ဝေမှုတွေကို လုပ်ပြခဲ့ပါသေးတယ်။ ဒီရာသီမှာ လီဗာပူးခံစစ်က ပေးဂိုးတွေ များနေခဲ့တယ်။ ဒါပေမယ့်လို့ ဂိုးမက်စ်၊ ဖာဘင်ညို၊ မာတစ်တို့ကို သူ့ရဲ့ ဦးဆောင်ပေးမှုနဲ့ဆိုရင် ဒီရာသီအတွက် လီဗာပူးခံစစ်က အဖြေရှာတွေ့မယ်လို့ ယုံကြည့်လို့ ရနေမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အဓိက ခံစစ္မွဴး ဗန္ဒိုက္ကို ဒဏ္ရာနဲ႔ လက္လြတ္လိုက္ရတာက ဒီရာသီ အၾကီးမားဆံုး အထိနာခ်က္ ျဖစ္လာခဲ့ကာ ခ်န္ပီယံေရပန္းစားမႈပါ ေလ်ာ့က်လာခဲ့ပါတယ္။

ဗန္ဒိုက္ ဒဏ္ရာေၾကာင့္ တစ္ရာသီလံုး အနားယူရခ်ိန္မွာ လီဗာပူးအသင္းကို ပရီးမီးယားလိဂ္ရဲ႕ အဓိက စိန္ေခၚသူအျဖစ္ကေန ေလ်ာ့တြက္မႈေတြ ရွိလာခဲ့တယ္။ အခုဆိုရင္ေတာ့ ပရီးမီးယားလိဂ္ သံုးသပ္သူ အမ်ားအျပားက လက္စတာနဲ႔ စပါးတို႔ကလည္း လီဗာပူး၊ မန္စီးတီးတို႔နဲ႔ တန္းတူ အမွတ္ေပးဖလားကို စိန္ေခၚႏုိင္ျပီလို႔ မွတ္ခ်က္ျပဳလာခဲ့ပါတယ္။

ဗန္ဒိုက္လို ကမၻာအေကာင္းဆံုး ခံစစ္သမား ႏွစ္ဦးထဲက တစ္ဦးလို႔ လက္ခံထားရတဲ့ ကစားသမားမ်ိဳး တစ္ရာသီလံုး မကစားႏုိင္တာက လီဗာပူးအတြက္ တကယ္လည္း အထိနာပါတယ္။ ဒါေပမယ့္ ဗန္ဒိုက္ မပါႏုိင္တဲ့ ေနာက္ပိုင္းမွာ လီဗာပူးက တစ္ပြဲမွ အေရးမနိမ့္ထားသလို မန္စီးတီးပြဲမွာလည္း သေရရလဒ္ ထြက္ေပၚထားခဲ့တယ္။

အဓိက အေရးပါလာတာကေတာ့ အယ္လီဆန္ ဘက္ကာ ျပန္ကစားလာႏုိင္ျခင္းပဲ ျဖစ္ပါတယ္။ အယ္လီဆန္ဟာ ျပီးခဲ့တဲ့ ပြဲစဥ္ေတြ ေတာက္ေလွ်ာက္မွာ အေရးပါတဲ့ ကာကြယ္မႈေတြနဲ႔ လီဗာပူး ဂိုးေပါက္ကို တာဝန္ယူခဲ့သူပါ။ ရွက္ဖီး၊ ဝက္ဟမ္း၊ မန္စီးတီးပြဲေတြ အျပင္ ခ်န္ပီယံလိဂ္ပြဲေတြမွာ သူ႔ရဲ႕ အပိုင္ကာကြယ္မႈေတြက လီဗာပူးရဲ႕ ရလဒ္ကို အမ်ားၾကီး သက္ေရာက္ေစခ့ဲတယ္။

ယာဂင္ကေလာ့ပ္ဟာ ပြဲျပီး ခ်ီးက်ဴးမႈတိုင္းမွာ အယ္လီဆန္ရဲ႕ ကာကြယ္မႈနဲ႔ အယ္လီဆန္ရဲ႕ တာဝန္ယူမႈေတြကို အျမဲတမ္း ထည့္သြင္း ခ်ီးက်ဴးေနတာကိုလည္း လီဗာပူးပရိသတ္ေတြ သတိထားမိမွာျဖစ္တယ္။

တစ္ဦးခ်င္း ကာကြယ္မႈ အေနအထားေတြအျပင္ အယ္လီဆန္ဟာ လီဗာပူးအသင္း ကစားကြက္ တည္ေဆာက္မႈပိုင္းမွာလည္း အေရးပါသူ ျဖစ္ပါတယ္။ သူဟာ နက္ဖီးလစ္နဲ႔ ရိုင္းစ္ ဝီလီယမ္တို႔ကို ေနရာယူမႈေတြအတြက္ လမ္းညႊန္ေပးသလို ဂိုးမက္စ္၊ ဖာဘင္ညိဳတို႔ကိုလည္း ကစားပံု သက္ေသာင့္သက္သာျဖစ္ေစဖို႔ ခ်ိတ္ဆက္ကစားေပးခဲ့တာပါ။

အယ္လီဆန္ ပါဝင္တဲ့ ခံစစ္ေၾကာင္းမွာ ယံုၾကည္စိတ္ခ်ရမႈဆိုတာကို ခံစားမိႏုိင္တယ္။ သူဟာ ဧရိယာထဲကေန ပြဲကို ေလ့လာေနသူျဖစ္ျပီး ျပိဳင္ဘက္ တိုက္စစ္သမားေတြကို ဟန္႔တားဖို႔ရာ ဧရိယာျပင္ပကို ထြက္ခြာဖို႔ ဝန္မေလးသူလည္းျဖစ္တယ္။ ျဖတ္တင္ေဘာေတြကို ပါးနပ္စြာ ျဖတ္ေတာက္ ဖမ္းယူမႈေတြမွာလည္း ထူးခၽြန္ပါတယ္။

မန္စီးတီးပြဲမွာဆိုရင္လည္း ဗန္ဒိုက္တာဝန္မ်ိဳးျဖစ္တဲ့ ခံစစ္ကေန တိုက္စစ္သမားေတြကို အေဝးေဘာ ျဖန္႔ေဝမႈေတြကို လုပ္ျပခဲ့ပါေသးတယ္။ ဒီရာသီမွာ လီဗာပူးခံစစ္က ေပးဂိုးေတြ မ်ားေနခဲ့တယ္။ ဒါေပမယ့္လို႔ ဂိုးမက္စ္၊ ဖာဘင္ညိဳ၊ မာတစ္တို႔ကို သူ႔ရဲ႕ ဦးေဆာင္ေပးမႈနဲ႔ဆိုရင္ ဒီရာသီအတြက္ လီဗာပူးခံစစ္က အေျဖရွာေတြ႔မယ္လို႔ ယံုၾကည့္လို႔ ရေနမွာ ျဖစ္ပါတယ္။