လီဗာပူးအသင်းဟာ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် လက်စတာနဲ့ပွဲ မတိုင်ခင် နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်အတွက် စီနီယာအသင်းသား ၁၇ ဦးထိ လက်လွတ်ထားရပါတယ်။

အောက်တိုဘာလတုန်းက လက်ရွေးစင်အသင်းတွေကို ကစားသမား ၂၁ ဦးထိ စေလွှတ်ခဲ့ရပြီး ကိတ်တာ ဒဏ်ရာနဲ့ ပြန်လာခဲ့သလို ရှာကွီရီကလည်း ကိုဗစ် သံသယကြောင့် ရက်အတန်ကြာ ကစားခွင့် မရခဲ့ပါဘူး။ နိုင်ဝင်ဘာလ နိုင်ငံတကာ သီတင်းပတ်မှာတော့ နိုင်ငံပွဲ ၃ ပွဲကို ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး ကိုဗစ် ကူးစက်မှုနဲ့ ဒဏ်ရာ ပြဿနာတွေ ပြန်မပါလာဖို့ မန်နေဂျာကလော့ပ်က မျှော်လင့်နေပါလိမ့်မယ်။

လက်စတာနဲ့ပွဲမှာ လက်ရှိ အချိန်ထိ လွဲမယ့်သူတွေက ဗန်ဒိုက်၊ ချိန်ဘာလိန်၊ ထရန့် တို့ဖြစ်တယ်။ ဖာဘင်ညိုနဲ့ သီယာဂိုတို့ကို ကြံ့ခိုင်နေပြီလို့ အသင်းဘက်က သတင်းမထုတ်သေးတာကြောင့် သူတို့ နှစ်ဦးကလည်း ဒဏ်ရာ စာရင်းထဲမှာ ပါဝင်နေပါမယ်။

အင်္ဂလန်အသင်းရဲ့ အိုင်ယာလန်၊ ဘယ်ဂျီယံ၊ အိုက်စ်လန်ပွဲတွေအတွက် ဟန်ဒါဆန်နဲ့ ဂိုးမက်စ် ရွေးချယ်ခံထားရတယ်။ တတိယဂိုးသမား ဂလယ်ဟာက အိုက်ယာလန်အတွက် ရွေးချယ်ခံရပါတယ်။

ဗန်နီဇွဲလား၊ ဥရုဂွေးတို့နဲ့ ယှဉ်ပြိုင်ရမယ့် ဘရာဇီးပွဲတွေအတွက် အယ်လီဆန်နဲ့ ဖာမင်နို၊ အီဂျစ်အတွက် ဆာလက်၊ ဆီနီဂေါအတွက် မာနေး၊ ဂူနီယာအတွက် ကိတ်တာ၊ ဂျပန်အသင်းအတွက် မီနာမီနို တို့ ရွေးချယ်ခံထားရတယ်။

ဥရောပမှာတော့ နယ်သာလန်အတွက် ဝိုက်နယ်ဒမ်၊ ပေါ်တူဂီအတွက် ဂျိုတာ၊ ဂရိအတွက် ကိုစတက်၊ ဆွစ်ဇလန်အတွက် ရှာကွီရီ၊ စကော်တလန်အတွက် ရော်ဘတ်ဆန်တို့ ရွေးချယ်ခံထားရပါတယ်။ ဒါ့အပြင် နီကိုး ဝီလီယမ်ကလည်း ဝေးလ် လူစာရင်းထဲ ပါဝင်သွားသလို ကာတစ်ဂျုံးနဲ့ ရိုင်းစ်ဝီလီယမ်က အင်္ဂလန် ယူ-၂၁ အသင်းအတွက် ပါဝင်သွားပါတယ်။

ကီရာဘီမှာတော့ အိုရီဂီ၊ မီလ်နာ၊ မာတစ်၊ နက်ဖီးလစ်နဲ့ ဒဏ်ရာက ပြန်သက်သာလာမယ့် ဖာဘင်ညို၊ သီယာဂိုတို့ပဲ ကျန်တာကြောင့် ဒီတစ်ကြိမ် နိုင်ငံတကာ သီတင်းပတ်ကတော့ လီဗာပူးအတွက် စိန်ခေါ်မှု ကြီးမားလွန်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ႏိုဝင္ဘာလ ၂၁ ရက္ေန႔မွာ ယွဥ္ျပိဳင္ရမယ့္ လက္စတာနဲ႔ပြဲ မတိုင္ခင္ ႏိုဝင္ဘာလ ႏုိင္ငံတကာ သီတင္းပတ္အတြက္ စီနီယာအသင္းသား ၁၇ ဦးထိ လက္လြတ္ထားရပါတယ္။

ေအာက္တိုဘာလတုန္းက လက္ေရြးစင္အသင္းေတြကို ကစားသမား ၂၁ ဦးထိ ေစလႊတ္ခဲ့ရျပီး ကိတ္တာ ဒဏ္ရာနဲ႔ ျပန္လာခဲ့သလို ရွာကီြရီကလည္း ကိုဗစ္ သံသယေၾကာင့္ ရက္အတန္ၾကာ ကစားခြင့္ မရခဲ့ပါဘူး။ ႏုိင္ဝင္ဘာလ ႏုိင္ငံတကာ သီတင္းပတ္မွာေတာ့ ႏုိင္ငံပြဲ ၃ ပြဲကို ယွဥ္ျပိဳင္ၾကရမွာျဖစ္ျပီး ကိုဗစ္ ကူးစက္မႈနဲ႔ ဒဏ္ရာ ျပႆနာေတြ ျပန္မပါလာဖို႔ မန္ေနဂ်ာကေလာ့ပ္က ေမွ်ာ္လင့္ေနပါလိမ့္မယ္။

လက္စတာနဲ႔ပြဲမွာ လက္ရွိ အခ်ိန္ထိ လြဲမယ့္သူေတြက ဗန္ဒိုက္၊ ခ်ိန္ဘာလိန္၊ ထရန္႔ တို႔ျဖစ္တယ္။ ဖာဘင္ညိဳနဲ႔ သီယာဂိုတို႔ကို ၾကံ႔ခိုင္ေနျပီလို႔ အသင္းဘက္က သတင္းမထုတ္ေသးတာေၾကာင့္ သူတို႔ ႏွစ္ဦးကလည္း ဒဏ္ရာ စာရင္းထဲမွာ ပါဝင္ေနပါမယ္။

အဂၤလန္အသင္းရဲ႕ အိုင္ယာလန္၊ ဘယ္ဂ်ီယံ၊ အိုက္စ္လန္ပြဲေတြအတြက္ ဟန္ဒါဆန္နဲ႔ ဂိုးမက္စ္ ေရြးခ်ယ္ခံထားရတယ္။ တတိယဂိုးသမား ဂလယ္ဟာက အိုက္ယာလန္အတြက္ ေရြးခ်ယ္ခံရပါတယ္။

ဗန္နီဇြဲလား၊ ဥရုေဂြးတို႔နဲ႔ ယွဥ္ျပိဳင္ရမယ့္ ဘရာဇီးပြဲေတြအတြက္ အယ္လီဆန္နဲ႔ ဖာမင္ႏို၊ အီဂ်စ္အတြက္ ဆာလက္၊ ဆီနီေဂါအတြက္ မာေနး၊ ဂူနီယာအတြက္ ကိတ္တာ၊ ဂ်ပန္အသင္းအတြက္ မီနာမီႏို တို႔ ေရြးခ်ယ္ခံထားရတယ္။

ဥေရာပမွာေတာ့ နယ္သာလန္အတြက္ ဝိုက္နယ္ဒမ္၊ ေပၚတူဂီအတြက္ ဂ်ိဳတာ၊ ဂရိအတြက္ ကိုစတက္၊ ဆြစ္ဇလန္အတြက္ ရွာကီြရီ၊ စေကာ္တလန္အတြက္ ေရာ္ဘတ္ဆန္တို႔ ေရြးခ်ယ္ခံထားရပါတယ္။ ဒါ့အျပင္ နီကိုး ဝီလီယမ္ကလည္း ေဝးလ္ လူစာရင္းထဲ ပါဝင္သြားသလို ကာတစ္ဂ်ံဳးနဲ႔ ရိုင္းစ္ဝီလီယမ္က အဂၤလန္ ယူ-၂၁ အသင္းအတြက္ ပါဝင္သြားပါတယ္။

ကီရာဘီမွာေတာ့ အိုရီဂီ၊ မီလ္နာ၊ မာတစ္၊ နက္ဖီးလစ္နဲ႔ ဒဏ္ရာက ျပန္သက္သာလာမယ့္ ဖာဘင္ညိဳ၊ သီယာဂုိတို႔ပဲ က်န္တာေၾကာင့္ ဒီတစ္ၾကိမ္ ႏုိင္ငံတကာ သီတင္းပတ္ကေတာ့ လီဗာပူးအတြက္ စိန္ေခၚမႈ ၾကီးမားလြန္းတယ္လို႔ ဆိုရမွာ ျဖစ္ပါတယ္။