ဒီယေဂို ဂျိုတာက မန်နေဂျာယာဂင်ကလော့ပ်ဟာ ကွင်းတွင်း၊ ကွင်းပြင်မှာ အသင်းသားတွေနဲ့ သိပ်ကို ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူလို့ ဖွင့်ဟလိုက်ပါတယ်။

သူကပဲ ကစားသမားဘဝ တစ်လျှောက်လုံးမှာ လက်တွဲလုပ်ခဲ့တဲ့ မန်နေဂျာတွေနဲ့ မတူညီတဲ့ အရည်အချင်းတွေကို ကလော့ပ်ထံက မြင်ရတယ်လို့ ဆိုတယ်။ ပေါ်တူဂီသားဟာ ဒီရာသီမှာ လီဗာပူးအတွက် ၁၁ ပွဲထိ ကစားပေးထားပြီလည်း ဖြစ်ပါတယ်။

ဂျိုတာက ပြောရာမှာ ‘ ယာဂင်က ကျနော် ပိုင်ဆိုင်ခဲ့ဖူးတဲ့ လေ့ကျင့်သူတွေနဲ့ ခြားနားသူတစ်ဦး ဖြစ်ပါတယ်။ အဓိကအားဖြင့် ဆက်သွယ်မှုပိုင်းတွေမှာ တမူထူးခြားသူ ဖြစ်ပါတယ်။ အရင်ရက်တုန်းကပဲ မန်နေဂျာတစ်ယောက် ပုံမှန်အားဖြင့် ပေးမှာမဟုတ်တဲ့ မက်ဆေ့တစ်ခုကို သူ ကျနော်ကို ပို့ခဲ့ပါတယ်။

ကျနော်က ကျောခင်း လဲလှောင်းပြီး အနားယူနေချိန်မှာ မမျှော်လင့်ဘဲ သူထံက မက်ဆေ့ရခဲ့တာပါ။ သူက ကွင်းတွင်းမှာကော ကွင်းပြင်မှာပါ သူ့ရဲ့ ကစားသမားတွေနဲ့ သိပ်ကို ရင်းနှီးတဲ့ လှပါတယ် ‘ လို့ ဖွင့်ဟခဲ့တယ်။

လီဗာပူးကို ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ရောက်လာခဲ့တဲ့ ဂျိုတာကတော့ တစ်ခုခုကို အောင်မြင်ရမယ်ဆိုပြီး သီးသန့် ရည်မှန်းထားတာ မရှိပါဘူး။ သူကတော့ အကောင်းဆုံး လုပ်ဆောင်ပြီး လီဗာပူးကို ဆုဖလားတွေ ပိုမို အောင်မြင်စေဖို့ကိုပဲ ရည်မှန်းထားပါတယ်။

ပေါ်တူဂီ တိုက်စစ်သမားက ‘ အန်ဖီးနဲ့ ပထမဆုံး လက်မှတ်ထိုးတုန်းက ကျနော်ရဲ့ ခံစားချက်နဲ့ ပက်သက်ပြီး မေးခွန်းထုတ်ခံခဲ့ရတယ်။ အဲ့တုန်းက ပြည့်စုံတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ ကွင်းထဲမှာ ပရိသတ်တွေအပြည့်နဲ့ ကစားရမယ်ဆိုရင် ဒီထက်ပို ပြည့်စုံတဲ့ ခံစားချက်ကိုတောင် ရဦးမှာပါ။

အနာဂတ် အရှည်ကြီးအကြောင်း မစဉ်းစားပါဘူး။ လီဗာပူးကို ရောက်လာတာ အကောင်းဆုံးလုပ်ဖို့ ဖြစ်ပါတယ်။ တစ်ခုခုကို ရရမယ်ဆိုပြီးလည်း ရည်မှန်းချက် မထားပါဘူး။ ကိစ္စတွေ ဖြစ်လာခဲ့ရင်လည်း စိတ်ပျက်တာ၊ အံ့အားသင့်တာတွေ ဖြစ်လာမှာ မဟုတ်ဘူး။

ကျနော်က ကမ္ဘာအကောင်းဆုံး အသင်းကို ရောက်လာခ့တာပါ။ ကျနော် အာရုံစိုက်မယ်ဆိုရင် များစွာသော အခွင့်အရေးတွေကို ရလာလိမ့်မယ်ဆိုတာ သိပါတယ်။ လီဗာပူးက ကစားသမားကောင်းတွေ ရှိနေပြီး ဒီကို ရောက်လာရတာက အသင်း ဆုဖလားတွေ အနိုင်ရအောင် ကူညီပေးဖို့ပါ။ ကျနော်က လီဗာပူးက အသင်းသားတွေ ရထားသလို အောင်မြင်မှုတွေလည်း မရဖူးပါဘူး ‘ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒီေယဂို ဂ်ိဳတာက မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ ကြင္းတြင္း၊ ကြင္းျပင္မွာ အသင္းသားေတြနဲ႔ သိပ္ကို ရင္းႏွီးတဲ့ ဆက္ဆံေရးရွိသူလို႔ ဖြင့္ဟလိုက္ပါတယ္။

သူကပဲ ကစားသမားဘဝ တစ္ေလွ်ာက္လံုးမွာ လက္တြဲလုပ္ခဲ့တဲ့ မန္ေနဂ်ာေတြနဲ႔ မတူညီတဲ့ အရည္အခ်င္းေတြကို ကေလာ့ပ္ထံက ျမင္ရတယ္လို႔ ဆိုတယ္။ ေပၚတူဂီသားဟာ ဒီရာသီမွာ လီဗာပူးအတြက္ ၁၁ ပြဲထိ ကစားေပးထားျပီလည္း ျဖစ္ပါတယ္။

ဂ်ိဳတာက ေျပာရာမွာ ‘ ယာဂင္က က်ေနာ္ ပိုင္ဆုိင္ခဲ့ဖူးတဲ့ ေလ့က်င့္သူေတြနဲ႔ ျခားနားသူတစ္ဦး ျဖစ္ပါတယ္။ အဓိကအားျဖင့္ ဆက္သြယ္မႈပိုင္းေတြမွာ တမူထူးျခားသူ ျဖစ္ပါတယ္။ အရင္ရက္တုန္းကပဲ မန္ေနဂ်ာတစ္ေယာက္ ပံုမွန္အားျဖင့္ ေပးမွာမဟုတ္တဲ့ မက္ေဆ့တစ္ခုကို သူ က်ေနာ္ကို ပို႔ခဲ့ပါတယ္။

က်ေနာ္က ေက်ာခင္း လဲေလွာင္းျပီး အနားယူေနခ်ိန္မွာ မေမွ်ာ္လင့္ဘဲ သူထံက မက္ေဆ့ရခဲ့တာပါ။ သူက ကြင္းတြင္းမွာေကာ ကြင္းျပင္မွာပါ သူ႔ရဲ႕ ကစားသမားေတြနဲ႔ သိပ္ကို ရင္းႏွီးတဲ့ လွပါတယ္ ‘ လို႔ ဖြင့္ဟခဲ့တယ္။

လီဗာပူးကို ေျပာင္းေရႊ႔ေၾကး တစ္ရပ္နဲ႔ ေရာက္လာခဲ့တဲ့ ဂ်ိဳတာကေတာ့ တစ္ခုခုကို ေအာင္ျမင္ရမယ္ဆိုျပီး သီးသန္႔ ရည္မွန္းထားတာ မရွိပါဘူး။ သူကေတာ့ အေကာင္းဆံုး လုပ္ေဆာင္ျပီး လီဗာပူးကို ဆုဖလားေတြ ပိုမို ေအာင္ျမင္ေစဖို႔ကိုပဲ ရည္မွန္းထားပါတယ္။

ေပၚတူဂီ တိုက္စစ္သမားက ‘ အန္ဖီးနဲ႔ ပထမဆံုး လက္မွတ္ထိုးတုန္းက က်ေနာ္ရဲ႕ ခံစားခ်က္နဲ႔ ပက္သက္ျပီး ေမးခြန္းထုတ္ခံခဲ့ရတယ္။ အဲ့တုန္းက ျပည့္စံုတယ္လို႔ ျပန္ေျဖခဲ့ပါတယ္။ ကြင္းထဲမွာ ပရိသတ္ေတြအျပည့္နဲ႔ ကစားရမယ္ဆိုရင္ ဒီထက္ပို ျပည့္စံုတဲ့ ခံစားခ်က္ကိုေတာင္ ရဦးမွာပါ။

အနာဂတ္ အရွည္ၾကီးအေၾကာင္း မစဥ္းစားပါဘူး။ လီဗာပူးကို ေရာက္လာတာ အေကာင္းဆံုးလုပ္ဖို႔ ျဖစ္ပါတယ္။ တစ္ခုခုကို ရရမယ္ဆိုျပီးလည္း ရည္မွန္းခ်က္ မထားပါဘူး။ ကိစၥေတြ ျဖစ္လာခဲ့ရင္လည္း စိတ္ပ်က္တာ၊ အံ့အားသင့္တာေတြ ျဖစ္လာမွာ မဟုတ္ဘူး။

က်ေနာ္က ကမၻာအေကာင္းဆံုး အသင္းကို ေရာက္လာခ့တာပါ။ က်ေနာ္ အာရံုစိုက္မယ္ဆိုရင္ မ်ားစြာေသာ အခြင့္အေရးေတြကို ရလာလိမ့္မယ္ဆိုတာ သိပါတယ္။ လီဗာပူးက ကစားသမားေကာင္းေတြ ရွိေနျပီး ဒီကို ေရာက္လာရတာက အသင္း ဆုဖလားေတြ အႏုိင္ရေအာင္ ကူညီေပးဖို႔ပါ။ က်ေနာ္က လီဗာပူးက အသင္းသားေတြ ရထားသလို ေအာင္ျမင္မႈေတြလည္း မရဖူးပါဘူး ‘ လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။