လီဗာပူးနဲ့ အေစီမီလန်တို့ဟာ ရှော်ကေးခံစစ်သမား ဂါဘက်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ အကြိတ်အနယ် ပြိုင်ဆိုင်နေတယ်လို့ အီတလီသတင်းတွေက ဖော်ပြလာပါတယ်။

ပြင်သစ်ကလပ် ပီအက်စ်ဂျီဟာ တိုက်စစ်မှူး အမ်ဘတ်ပီကို ဥရောပ ပြိုင်ဘက် အသင်းကြီးတွေဖြစ်တဲ့ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်အသင်းတွေထံ လက်လွတ် မပေးရဖို့ရာ ကာလရှည် သက်တမ်းတိုးနိုင်ဖို့ စတင် ကြိုးစားနေပါပြီ။

လီဗာပူးအသင်းက ဗန်ဒိုက်ကို လက်လွတ်ရပေမယ့်လည်း အလာဘာကို ချိတ်ဆက်ဖို့က မဖြစ်နိုင်ပါဘူးလို့ ခံစစ်မှူးဟောင်း မက် အတီယာက ထုတ်ပြောလိုက်ပါတယ်။

ဗြိတိန်သတင်းဌာန The Times က ဖော်ပြတဲ့ အကောင်းဆုံးသော ခေါင်းဆောင်အဖြစ် ဗြိတိန်သားတွေ ယူဆသူများစာရင်းမှာ ဝင်စတန် ချာချီ၊ နယ်ဆန် မန်ဒဲလား ပြီးရင် ယာဂင်ကလော့ပ်က အကောင်းဆုံး ဦးဆောင်မှုရှိသူ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ လီဗာပူးအသင်းဟာ မဲဝုဒ်ကို အပြီးသတ် နုတ်ဆက်ပြီဖြစ်ပြီး လာမယ့် ရက်ကစလို့ အက်ဆာ လေ့ကျင့်ရေးစင်တာမှာ စတင် လေ့ကျင့်မှာဖြစ်ပါတယ်။

ဒီယေဂို ဂျိုတာက မန်နေဂျာယာဂင်ကလော့ပ်ဟာ ကွင်းတွင်း၊ ကွင်းပြင်မှာ အသင်းသားတွေနဲ့ သိပ်ကို ရင်းနှီးတဲ့ ဆက်ဆံရေးရှိသလို သိပ်ကို ဂရုစိုက်သူလို့ ဖွင့်ဟလိုက်ပါတယ်။

ဗန်ဒိုက် မရှိတဲ့နောက် လီဗာပူးခံစစ်ပိုင်း ကစားပုံ မကျဆင်းသွားဖို့ အဓိက အရေးပါလာတာကတော့ ဒဏ်ရာက ပြန်သက်သာလာတဲ့ အယ်လီဆန် ဘက်ကာ ပြန်ကစားလာနိုင်ခြင်းပဲ ဖြစ်ပါတယ်။

အီသီဟဒ်မှာ ၁ဂိုးစီ သရေကျခဲ့တဲ့ပွဲအတွင်း လီဗာပူးရဲ့ တိုက်စစ်လေးယောက် ကစားကွက်က မန်စီးတီးကို အမှားတွေ လုပ်မိစေခဲ့တယ်လို့ ဂယ်ရီနဗီးက မှတ်ချက်ပေး ပြောဆိုပါတယ်။

နွေအပြောင်းအရွှေ့တုန်းက လီဗာပူး လူငယ်ဂိုးသမားလေး ဂလယ်ဟာ ဟာ နယ်သာလန်လိဂ်ကို ပြောင်းဖို့ လုပ်ဆောင်နေခဲ့ပေမယ့် အယ်လီဆန် ဒဏ်ရာရခဲ့ခြင်းကြောင့် အဆိုပါ ကိစ္စကို ဖြတ်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။

လီဗာပူးညာအစွန်လူ ထရန့်ဟာ မန်စီးတီးနဲ့ပွဲမှာ ရခဲ့တဲ့ ခြေသလုံး ကြွက်သား ဒဏ်ရာကြောင့် ၄ ပတ်ထိ အနားယူမယ်လို့ The Times သတင်းထောက် paul joyce က အတည်ပြုပါတယ်။

ဗန်ဒိုက်နဲ့ ပက်သက်ပြီး ဝိုက်နယ်ဒမ်က ပြောရာမှာ ” ဘုရားသခင်ရဲ့ အလိုအတိုင်း ဗာဂျယ်က ပြန်လာပါလိမ့်မယ်။ သူ့အတွက် အရမ်းကို ခက်ခဲတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဘောလုံးသမားတစ်ယောက်အတွက် အဆိုးဆုံးသော အတွေ့အကြုံကို သူ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ငရဲလို ကာလကို ကျော်ဖြတ်နေရတာပါ။ ” လို့ ဖွင့်ဟသွားပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ေအစီမီလန္တို႔ဟာ ေရွာ္ေကးခံစစ္သမား ဂါဘက္ကို ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ေခၚယူဖို႔ အၾကိတ္အနယ္ ျပိဳင္ဆိုင္ေနတယ္လို႔ အီတလီသတင္းေတြက ေဖာ္ျပလာပါတယ္။

ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီဟာ တိုက္စစ္မွဴး အမ္ဘတ္ပီကို ဥေရာပ ျပိဳင္ဘက္ အသင္းၾကီးေတြျဖစ္တဲ့ လီဗာပူး၊ ရီးရဲလ္မက္ဒရစ္အသင္းေတြထံ လက္လြတ္ မေပးရဖို႔ရာ ကာလရွည္ သက္တမ္းတိုးႏုိင္ဖို႔ စတင္ ၾကိဳးစားေနပါျပီ။

လီဗာပူးအသင္းက ဗန္ဒိုက္ကို လက္လြတ္ရေပမယ့္လည္း အလာဘာကို ခ်ိတ္ဆက္ဖို႔က မျဖစ္ႏုိင္ပါဘူးလို႔ ခံစစ္မွဴးေဟာင္း မက္ အတီယာက ထုတ္ေျပာလိုက္ပါတယ္။

ျဗိတိန္သတင္းဌာန The Times က ေဖာ္ျပတဲ့ အေကာင္းဆံုးေသာ ေခါင္းေဆာင္အျဖစ္ ျဗိတိန္သားေတြ ယူဆသူမ်ားစာရင္းမွာ ဝင္စတန္ ခ်ာခ်ီ၊ နယ္ဆန္ မန္ဒဲလား ျပီးရင္ ယာဂင္ကေလာ့ပ္က အေကာင္းဆံုး ဦးေဆာင္မႈရွိသူ ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ လီဗာပူးအသင္းဟာ မဲဝုဒ္ကို အျပီးသတ္ ႏုတ္ဆက္ျပီျဖစ္ျပီး လာမယ့္ ရက္ကစလို႔ အက္ဆာ ေလ့က်င့္ေရးစင္တာမွာ စတင္ ေလ့က်င့္မွာျဖစ္ပါတယ္။

ဒီေယဂို ဂ်ိဳတာက မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ ကြင္းတြင္း၊ ကြင္းျပင္မွာ အသင္းသားေတြနဲ႔ သိပ္ကို ရင္းႏွီးတဲ့ ဆက္ဆံေရးရွိသလို သိပ္ကို ဂရုစိုက္သူလို႔ ဖြင့္ဟလိုက္ပါတယ္။

ဗန္ဒိုက္ မရွိတဲ့ေနာက္ လီဗာပူးခံစစ္ပိုင္း ကစားပံု မက်ဆင္းသြားဖို႔ အဓိက အေရးပါလာတာကေတာ့ ဒဏ္ရာက ျပန္သက္သာလာတဲ့ အယ္လီဆန္ ဘက္ကာ ျပန္ကစားလာႏုိင္ျခင္းပဲ ျဖစ္ပါတယ္။

အီသီဟဒ္မွာ ၁ဂိုးစီ သေရက်ခဲ့တဲ့ပြဲအတြင္း လီဗာပူးရဲ႕ တိုက္စစ္ေလးေယာက္ ကစားကြက္က မန္စီးတီးကို အမွားေတြ လုပ္မိေစခဲ့တယ္လို႔ ဂယ္ရီနဗီးက မွတ္ခ်က္ေပး ေျပာဆိုပါတယ္။

ေႏြအေျပာင္းအေရႊ႔တုန္းက လီဗာပူး လူငယ္ဂိုးသမားေလး ဂလယ္ဟာ ဟာ နယ္သာလန္လိဂ္ကို ေျပာင္းဖို႔ လုပ္ေဆာင္ေနခဲ့ေပမယ့္ အယ္လီဆန္ ဒဏ္ရာရခဲ့ျခင္းေၾကာင့္ အဆိုပါ ကိစၥကို ျဖတ္သိမ္းခဲ့ရတယ္လို႔ သိရပါတယ္။

လီဗာပူးညာအစြန္လူ ထရန္႔ဟာ မန္စီးတီးနဲ႔ပြဲမွာ ရခဲ့တဲ့ ေျခသလံုး ၾကြက္သား ဒဏ္ရာေၾကာင့္ ၄ ပတ္ထိ အနားယူမယ္လို႔ The Times သတင္းေထာက္ paul joyce က အတည္ျပဳပါတယ္။

ဗန္ဒိုက္နဲ႔ ပက္သက္ျပီး ဝိုက္နယ္ဒမ္က ေျပာရာမွာ ” ဘုရားသခင္ရဲ႕ အလိုအတိုင္း ဗာဂ်ယ္က ျပန္လာပါလိမ့္မယ္။ သူ႔အတြက္ အရမ္းကို ခက္ခဲတဲ့ အခ်ိန္လည္း ျဖစ္ပါတယ္။ ေဘာလံုးသမားတစ္ေယာက္အတြက္ အဆိုးဆံုးေသာ အေတြ႔အၾကံဳကို သူ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ငရဲလို ကာလကို ေက်ာ္ျဖတ္ေနရတာပါ။ ” လို႔ ဖြင့္ဟသြားပါတယ္။