မန်နေဂျာယာဂင်ကလော့ပ်နဲ့ မန်နေဂျာ ပပ်ဂွာဒီယိုလာတို့ရဲ့ ဒဏ်ရာရ ကစားသမားတွေ မြင့်တက်နေခြင်းကို တားဆီးဖို့ရာ အကူအညီဖြစ်လာဖို့ လူစားလဲမှု ၅ ခုကို လုပ်ခွင့်ပေးရေး တောင်းဆိုမှုကို ပရီးမီးယားလိဂ်က ပယ်ချသွားမှာ ဖြစ်ပါတယ်။

ဗြိတိန်ရဲ့ ဒီဂျစ်တယ်၊ အားကစားနဲ့ ယဉ်ကျေးမှု မီဒီယာ ကော်မတီမှ အကြီးအကဲတစ်ီးဖြစ်သူ မာစတာက ပရီးမီးယားလိဂ်ဟာ အဆိုပါကိစ္စအတွက် မဲခွဲခြင်းမှာ ၂ ကြိမ်တိုင် ဆန့်ကျင်ခဲ့ကြပြီဖြစ်ကာ တတိယအကြိမ်မှာလည်း အပြောင်းအလဲ ဖြစ်လာမယ် မထင်ဘူးလို့ ဆိုပါတယ်။

မာစတာက “ ကလပ်အဆင့်မှာ နှစ်ကြိမ်တိုင် မဲပေးပြီးပါပြီ။ နှစ်ကြိမ်လုံးက လူစားလဲမှု ၃ ကြိမ်ကိုပဲ သဘောတူပါတယ်။ ဒါက ကပ်ဘေးကာလအတွင်း ကြပ်တည်းတဲ့ ပွဲစဉ်ဇယားတွေမှာ စိတ်ပျက်စရာတွေကို ပေးပါတယ်။ ဒါက တကယ်ကို ရင်ဆိုင်ရတဲ့ ပြဿနာဖြစ်ပေမယ့် အပြောင်းအလဲ ဖြစ်လာမယ် မထင်ပါဘူး။ နှစ်ကြိမ်တောင် မဲပေးခဲ့ကြပါပြီ ” လို့ ပြောပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ကလပ်အများအပြားဟာ လူစားလဲမှု ၅ ခုကို ဆန့်ကျင်ကြတယ်။ အသင်းကြီးတွေက ပွဲကြပ်တွေကို ဆက်တိုက် ရင်ဆိုင်ရရမှာ ဒဏ်ရာပြဿနာတွေ ထိုးနှက်ခံနေရပေမယ့် အလယ်အလတ် အသင်းအချို့က ဥရောပပွဲ ကစားရဖို့ မရှိခြင်းနဲ့အတူ အင်အားပြည့် ကစားဖို့ တစ်ပန်းသာလာခဲ့တယ်။

အမှတ်ပေးဇယားကို ကြည့်မယ်ဆိုရင် ဆောက်သမ်တန်နဲ့ အက်စတွန်ဗီလာလို အသင်းတွေဟာ အဆင့် ၄ နဲ့ အဆင့် ၆ နေရာတွေကိုပါ ရောက်လာသလို ထိပ်သီးအသင်းတွေကို စိန်ခေါ်လာနေပါတယ်။

ပရီးမီးယားလိဂ်ဟာ အခြားသော ကိစ္စအဖြစ် pay-per-view နဲ့ ပြသတဲ့ ကိစ္စကတော့ မအောင်မြင်ပါဘူး။ မကြာခင်မှာပဲ ဒီကိစ္စကို ဖျက်သိမ်းသွားဖို့ကို စီစဉ်နေပြီဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္နဲ႔ မန္ေနဂ်ာ ပပ္ဂြာဒီယိုလာတို႔ရဲ႕ ဒဏ္ရာရ ကစားသမားေတြ ျမင့္တက္ေနျခင္းကို တားဆီးဖို႔ရာ အကူအညီျဖစ္လာဖို႔ လူစားလဲမႈ ၅ ခုကို လုပ္ခြင့္ေပးေရး ေတာင္းဆိုမႈကို ပရီးမီးယားလိဂ္က ပယ္ခ်သြားမွာ ျဖစ္ပါတယ္။

ျဗိတိန္ရဲ႕ ဒီဂ်စ္တယ္၊ အားကစားနဲ႔ ယဥ္ေက်းမႈ မီဒီယာ ေကာ္မတီမွ အၾကီးအကဲတစ္ီးျဖစ္သူ မာစတာက ပရီးမီးယားလိဂ္ဟာ အဆိုပါကိစၥအတြက္ မဲခြဲျခင္းမွာ ၂ ၾကိမ္တိုင္ ဆန္႔က်င္ခဲ့ၾကျပီျဖစ္ကာ တတိယအၾကိမ္မွာလည္း အေျပာင္းအလဲ ျဖစ္လာမယ္ မထင္ဘူးလို႔ ဆိုပါတယ္။

မာစတာက “ ကလပ္အဆင့္မွာ ႏွစ္ၾကိမ္တိုင္ မဲေပးျပီးပါျပီ။ ႏွစ္ၾကိမ္လံုးက လူစားလဲမႈ ၃ ၾကိမ္ကိုပဲ သေဘာတူပါတယ္။ ဒါက ကပ္ေဘးကာလအတြင္း ၾကပ္တည္းတဲ့ ပြဲစဥ္ဇယားေတြမွာ စိတ္ပ်က္စရာေတြကို ေပးပါတယ္။ ဒါက တကယ္ကို ရင္ဆိုင္ရတဲ့ ျပႆနာျဖစ္ေပမယ့္ အေျပာင္းအလဲ ျဖစ္လာမယ္ မထင္ပါဘူး။ နွစ္ၾကိမ္ေတာင္ မဲေပးခဲ့ၾကပါျပီ ” လို႔ ေျပာပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ ကလပ္အမ်ားအျပားဟာ လူစားလဲမႈ ၅ ခုကို ဆန္႔က်င္ၾကတယ္။ အသင္းၾကီးေတြက ပြဲၾကပ္ေတြကို ဆက္တိုက္ ရင္ဆိုင္ရရမွာ ဒဏ္ရာျပႆနာေတြ ထိုးႏွက္ခံေနရေပမယ့္ အလယ္အလတ္ အသင္းအခ်ိဳ႔က ဥေရာပပြဲ ကစားရဖို႔ မရွိျခင္းနဲ႔အတူ အင္အားျပည့္ ကစားဖို႔ တစ္ပန္းသာလာခဲ့တယ္။

အမွတ္ေပးဇယားကို ၾကည့္မယ္ဆိုရင္ ေဆာက္သမ္တန္နဲ႔ အက္စတြန္ဗီလာလို အသင္းေတြဟာ အဆင့္ ၄ နဲ႔ အဆင့္ ၆ ေနရာေတြကိုပါ ေရာက္လာသလို ထိပ္သီးအသင္းေတြကို စိန္ေခၚလာေနပါတယ္။

ပရီးမီးယားလိဂ္ဟာ အျခားေသာ ကိစၥအျဖစ္ pay-per-view နဲ႔ ျပသတဲ့ ကိစၥကေတာ့ မေအာင္ျမင္ပါဘူး။ မၾကာခင္မွာပဲ ဒီကိစၥကို ဖ်က္သိမ္းသြားဖို႔ကို စီစဥ္ေနျပီျဖစ္ပါတယ္။