နာမည်ကျော် Goal သတင်းဌာနကတော့ ၂၀၂၀ အတွက် Goal 50 စာရင်းကို ထုတ်ပြန်လိုက်ပြီဖြစ်ကာ လီဗာပူးအသင်းသား ၆ ဦးထိ ပါဝင်လာပါတယ်။ အဆိုပါ စာရင်းကတော့ နံပါတ် ၂၅ ကနေ စတင် ထုတ်ပြန်ခြင်းဖြစ်ပြီး တစ်နေရာအတွက် အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦး နှုန်း ရွေးချယ်ခြင်း ဖြစ်တယ်။

မက်ဆီဟာ ဒီစာရင်းမှာ နံပါတ် ၃ နေရာမှာပဲ ရှိနေခဲ့ကာ နံပါတ် ၁ နေရာမှာ ရှိနေသူက လီဝမ်ဒေါစကီးဖြစ်တယ်။ နံပါတ် ၄ နေရာမှာ နေမာရှိခဲ့ကာ နံပါတ် ၅ နေရာမှာ ရော်နယ်ဒိုဖြစ်တယ်။ လီဗာပူးအသင်းသားတွေထဲမှာ အမြင့်ဆုံးက ဗန်ဒိုက်ဖြစ်ပါတယ်။

လီဗာပူးအသင်းတွေရဲ့ နံပါတ်စဉ်တွေနဲ့ ပါဝင်သူတွေကတော့ နံပါတ် ၂၃ နေရာမှာ လီဗာပူးအသင်းခေါင်ဆောင် ဟန်ဒါဆန်၊ နံပါတ် ၁၈ မှာ တိုက်စစ်သမား ဆာလက်၊ နံပါတ် ၁၄ မှာတော့ ညာအစွန်လူ ထရန့်၊ နံပါတ် ၁၂ မှာ ကွင်းလယ်လူ သီယာဂို၊ နံပါတ် ၁၀ မှာ တိုက်စစ်သမား မာနေး၊ နံပါတ် ၇ နေရာမှာတော့ ခံစစ်မှူး ဗန်ဒိုက်တို့ ဖြစ်ပါတယ်။

ဒီစာရင်းမှာ အခြားသော ပရီးမီးယားလိဂ် ကစားသမားတွေအဖြစ် နံပါတ် ၂၂ နေရာမှာ ဖာနန်ဒက်စ်၊ နံပါတ် ၂ နေရာမှာ ဒီဘရိုင်းကလွဲရင် ကျန်ကစားသမားတွေ မပါခဲ့ပါဘူး။ အင်္ဂလန်တိုက်စစ်သမား ဆန်ချိုကတော့ ဒီစာရင်းရဲ့ နံပါတ် ၂၄ နေရာမှာ ပါဝင်လာခဲ့တယ်။

Goal 50 ရဲ့ အမျိုးသား ၂၅ ဦးစာရင်းထဲမှာ တစ်သင်းတည်း အများဆုံး ပါဝင်တဲ့ ကလပ်တွေက လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ ဖြစ်ပြီး တစ်သင်းကို ၆ ဦးစီ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

ZAWGYI

နာမည္ေက်ာ္ Goal သတင္းဌာနကေတာ့ ၂၀၂၀ အတြက္ Goal 50 စာရင္းကို ထုတ္ျပန္လိုက္ျပီျဖစ္ကာ လီဗာပူးအသင္းသား ၆ ဦးထိ ပါဝင္လာပါတယ္။ အဆိုပါ စာရင္းကေတာ့ နံပါတ္ ၂၅ ကေန စတင္ ထုတ္ျပန္ျခင္းျဖစ္ျပီး တစ္ေနရာအတြက္ အမ်ိဳးသားတစ္ဦး အမ်ိဳးသမီးတစ္ဦး ႏႈန္း ေရြးခ်ယ္ျခင္း ျဖစ္တယ္။

မက္ဆီဟာ ဒီစာရင္းမွာ နံပါတ္ ၃ ေနရာမွာပဲ ရွိေနခဲ့ကာ နံပါတ္ ၁ ေနရာမွာ ရွိေနသူက လီဝမ္ေဒါစကီးျဖစ္တယ္။ နံပါတ္ ၄ ေနရာမွာ ေနမာရွိခဲ့ကာ နံပါတ္ ၅ ေနရာမွာ ေရာ္နယ္ဒိုျဖစ္တယ္။ လီဗာပူးအသင္းသားေတြထဲမွာ အျမင့္ဆံုးက ဗန္ဒိုက္ျဖစ္ပါတယ္။

လီဗာပူးအသင္းေတြရဲ႕ နံပါတ္စဥ္ေတြနဲ႔ ပါဝင္သူေတြကေတာ့ နံပါတ္ ၂၃ ေနရာမွာ လီဗာပူးအသင္းေခါင္ေဆာင္ ဟန္ဒါဆန္၊ နံပါတ္ ၁၈ မွာ တိုက္စစ္သမား ဆာလက္၊ နံပါတ္ ၁၄ မွာေတာ့ ညာအစြန္လူ ထရန္႔၊ နံပါတ္ ၁၂ မွာ ကြင္းလယ္လူ သီယာဂို၊ နံပါတ္ ၁၀ မွာ တိုက္စစ္သမား မာေနး၊ နံပါတ္ ၇ ေနရာမွာေတာ့ ခံစစ္မွဴး ဗန္ဒိုက္တို႔ ျဖစ္ပါတယ္။

ဒီစာရင္းမွာ အျခားေသာ ပရီးမီးယားလိဂ္ ကစားသမားေတြအျဖစ္ နံပါတ္ ၂၂ ေနရာမွာ ဖာနန္ဒက္စ္၊ နံပါတ္ ၂ ေနရာမွာ ဒီဘရိုင္းကလြဲရင္ က်န္ကစားသမားေတြ မပါခဲ့ပါဘူး။ အဂၤလန္တိုက္စစ္သမား ဆန္ခ်ိဳကေတာ့ ဒီစာရင္းရဲ႕ နံပါတ္ ၂၄ ေနရာမွာ ပါဝင္လာခဲ့တယ္။

Goal 50 ရဲ႕ အမ်ိဳးသား ၂၅ ဦးစာရင္းထဲမွာ တစ္သင္းတည္း အမ်ားဆံုး ပါဝင္တဲ့ ကလပ္ေတြက လီဗာပူးနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ ျဖစ္ျပီး တစ္သင္းကို ၆ ဦးစီ ပါဝင္ခဲ့ၾကတာ ျဖစ္ပါတယ္။