လီဗာပူးအသင်း ညာအစွန်လူ ထရန့်ဟာ ဒဏ်ရာကြောင့် နိုင်ငံတကာသီတင်းပတ်အပြီး ပြန်ကစားမယ့် ပွဲစဉ် ၆ ပွဲထိကို လွဲချော်သွားမှာ ဖြစ်ပါတယ်။ ဒီတော့ ထရန့် မပါခဲ့ရင် သူ့နေရာကို ဘယ်သူတွေ အစားဝင်ပေးမလဲဆိုတာကို ဖော်ပြပါမယ်။

ဝါရင့်နဲ့ လက်သစ်

ထရန့်နေရာမှာ အဓိက အစားဝင်ပေးနိုင်မယ့်သူက နှစ်ဦးရှိပါတယ်။ တစ်ဦးကတော့ မီလ်နာဖြစ်ပြီး ကျန်တစ်ဦးက ဝီလီယမ်ဖြစ်တယ်။ ဂျိမ်းမီလ်နာဟာ ဝါရင့် ကစားသမားဖြစ်ပြီး လီဗာပူးရဲ့ အရေးကြီးချိန်တိုင်းမှာ ရှေ့ထွက်လာတဲ့ ကစားသမားပါ။ အသက် ၃၄ နှစ်အရွယ် ကစားသမားကြီးဟာ ကျန်းမာကြံ့ခိုင်စေမယ့် အစားအသောက်နဲ့ အပြုအမှုကို ဂရုစိုက်သူဖြစ်တယ်။

မီလ်နာဟာ အရင်ကလို မြန်ဆန် သွက်လက်ခြင်း မရှိတော့ပေမယ့် ကစားနိုင်အားကတေ့ာ ကောင်းမွန်နေဆဲပါ။ မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်မှာ ထရန့်နေရာ သူ့ကိုယ် တိုက်ရိုက် အစားထိုးခဲ့တာက ကလော့ပ်အနေနဲ့ ကစားသမားကြီးကို ဘယ်လောက်ထိ ယုံကြည်လဲဆိုတာ မြင်နိုင်ပါတယ်။

လီဗာပူးညာအစွန်လူ ဝီလီယမ်ဟာ အတော်လေး အလားအလာကောင်းသူပါ။ ဝေလ်းလက်ရွေးစင်မှာ အားကိုးရတဲ့ ကစားသမားဖြစ်ပြီး ညာအစွန်လူ စစ်စစ်လည်းဖြစ်ပါတယ်။ ကလော့ပ်က အသက် ၁၉ နှစ်အရွယ် ကစားသမားလေးကို ယုံကြည်ပါတယ်။ အခွင့်အရေးလည်း ပေးပါတယ်။ သူလည်း အခွင့်အရေး ရနိုင်မယ့်သူပါ။

မျှမျှတတ ရွေးရမယ်ဆိုရင် ကလော့ပ်ဟာ ပရီးမီးယားလိဂ်မှာတော့ အနည်းငယ် သတိကြီးတဲ့ လူထုတ်ပုံကို သုံးနိုင်ပြီး အခြေအနေ ပိုကောင်းနေတဲ့ ချန်ပီယံလိဂ်မှာတော့ ရဲရင့်တဲ့ လူစာရင်းကို ထုတ်နိုင်ပါတယ်။ လက်စတာ၊ ဘရိုက်တန်၊ ဝုဗ် ပွဲတွေမှာ မီလ်နာကို ထုတ်သုံးပြီး ချန်ပီယံလိဂ်ပွဲတွေဖြစ်တဲ့ အတ္တလန်တာ၊ အေဂျက် ပွဲတွေမှာ ဝီလီယမ်ကို ထုတ်သုံးတာမျိုးပါ။ ဒါဆိုရင်တော့ နားရက်တွေလည်း ပြည့်ပြည့်ဝဝ ရကြပါမယ်။

အခြားသော ရွေးချယ်စရာများ

မီလ်နာနဲ့ ဝီလီယမ် မဟုတ်တဲ့ ညာအစွန်လူဆိုရင်တော့ ဂိုးမက်စ်ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ခံစစ်သမားက အရင်တုန်းကလည်း ခံစစ်အားသန် ညာအစွန်လူအဖြစ် ကစားဖူးပါတယ်။ အသင်းမှာက ဗန်ဒိုက် ဒဏ်ရာရသွားသလို ဖာဘင်ညို ဒဏ်ရာရနေပြီး မာတစ်ကလည်း ကြံ့ခိုင်မှု ပြဿနာရှိနေတာပါ။ ဒါကြောင့် အသင်းရဲ့ တစ်ဦးတည်းသော ကြံ့ခိုင်မှုအကောင်းဆုံး ခံစစ်သမားကို အစွန်ထုတ်ဖို့ဆိုတာက ကလော့ပ် ရွေးချယ်ဖို့ အခွင့်အရေးနည်းတဲ့ ကိစ္စဖြစ်ပါတယ်။

ဟန်ဒါဆန်ကလည်း အလားသူပါပဲ။ ကွင်းလယ်လူဟာ ညာအစွန်နေရာမှာလည်း အစားထိုးနိုင်စွမ်း ရှိသူပါ။ သို့ပေမယ့် သီယာဂို ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ကြိုးစားနေချိန်မှာ နံပါတ် ၆ နေရာအတွက် အကောင်းဆုံး ကစားသမားကို ညာအစွန်ပို့လိုက်တာမျိုးကို ကလော့ပ် ရွေးချယ်ဖို့က အခွင့်အရေး နည်းပါသေးတယ်။

သူတို့တွေကလွဲရင် ညာအစွန်အတွက် တောက်ပလာနိုင်သူက ၁၇ နှစ်သား ညာအစွန်လူ ကော်နာ ဘရတ်ဒလေပါ။ စက်တင်ဘာလတုန်းကစပြီး မဲဝုဒ်လေ့ကျင့်ရေးကို ခေါ်ယူခြင်း ခံခဲ့ရတဲ့သူဖြစ်တယ်။ ဝီလီယမ်ကို ဖယ်ထုတ်ခဲ့စဉ် ကာလတုန်းက သူဟာ အစားထိုး ညာအစွန်လူဖြစ်ခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္း ညာအစြန္လူ ထရန္႔ဟာ ဒဏ္ရာေၾကာင့္ ႏုိင္ငံတကာသီတင္းပတ္အျပီး ျပန္ကစားမယ့္ ပြဲစဥ္ ၆ ပြဲထိကို လြဲေခ်ာ္သြားမွာ ျဖစ္ပါတယ္။ ဒီေတာ့ ထရန္႔ မပါခဲ့ရင္ သူ႔ေနရာကို ဘယ္သူေတြ အစားဝင္ေပးမလဲဆိုတာကို ေဖာ္ျပပါမယ္။

ဝါရင့္နဲ႔ လက္သစ္

ထရန္႔ေနရာမွာ အဓိက အစားဝင္ေပးႏုိင္မယ့္သူက ႏွစ္ဦးရွိပါတယ္။ တစ္ဦးကေတာ့ မီလ္နာျဖစ္ျပီး က်န္တစ္ဦးက ဝီလီယမ္ျဖစ္တယ္။ ဂ်ိမ္းမီလ္နာဟာ ဝါရင့္ ကစားသမားျဖစ္ျပီး လီဗာပူးရဲ႕ အေရးၾကီးခ်ိန္တိုင္းမွာ ေရွ႔ထြက္လာတဲ့ ကစားသမားပါ။ အသက္ ၃၄ ႏွစ္အရြယ္ ကစားသမားၾကီးဟာ က်န္းမာၾကံ႕ခိုင္ေစမယ့္ အစားအေသာက္နဲ႔ အျပဳအမႈကို ဂရုစိုက္သူျဖစ္တယ္။

မီလ္နာဟာ အရင္ကလို ျမန္ဆန္ သြက္လက္ျခင္း မရွိေတာ့ေပမယ့္ ကစားႏုိင္အားကေတ့ာ ေကာင္းမြန္ေနဆဲပါ။ မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ကစားတဲ့ ပြဲစဥ္မွာ ထရန္႔ေနရာ သူ႔ကိုယ္ တိုက္ရိုက္ အစားထိုးခဲ့တာက ကေလာ့ပ္အေနနဲ႔ ကစားသမားၾကီးကို ဘယ္ေလာက္ထိ ယံုၾကည္လဲဆိုတာ ျမင္ႏိုင္ပါတယ္။

လီဗာပူးညာအစြန္လူ ဝီလီယမ္ဟာ အေတာ္ေလး အလားအလာေကာင္းသူပါ။ ေဝလ္းလက္ေရြးစင္မွာ အားကိုးရတဲ့ ကစားသမားျဖစ္ျပီး ညာအစြန္လူ စစ္စစ္လည္းျဖစ္ပါတယ္။ ကေလာ့ပ္က အသက္ ၁၉ ႏွစ္အရြယ္ ကစားသမားေလးကို ယံုၾကည္ပါတယ္။ အခြင့္အေရးလည္း ေပးပါတယ္။ သူလည္း အခြင့္အေရး ရႏုိင္မယ့္သူပါ။

မွ်မွ်တတ ေရြးရမယ္ဆိုရင္ ကေလာ့ပ္ဟာ ပရီးမီးယားလိဂ္မွာေတာ့ အနည္းငယ္ သတိၾကီးတဲ့ လူထုတ္ပံုကို သံုးႏုိင္ျပီး အေျခအေန ပိုေကာင္းေနတဲ့ ခ်န္ပီယံလိဂ္မွာေတာ့ ရဲရင့္တဲ့ လူစာရင္းကို ထုတ္ႏုိင္ပါတယ္။ လက္စတာ၊ ဘရိုက္တန္၊ ဝုဗ္ ပြဲေတြမွာ မီလ္နာကို ထုတ္သံုးျပီး ခ်န္ပီယံလိဂ္ပြဲေတြျဖစ္တဲ့ အတၱလန္တာ၊ ေအဂ်က္ ပြဲေတြမွာ ဝီလီယမ္ကို ထုတ္သံုးတာမ်ိဳးပါ။ ဒါဆိုရင္ေတာ့ နားရက္ေတြလည္း ျပည့္ျပည့္ဝဝ ရၾကပါမယ္။

အျခားေသာ ေရြးခ်ယ္စရာမ်ား

မီလ္နာနဲ႔ ဝီလီယမ္ မဟုတ္တဲ့ ညာအစြန္လူဆိုရင္ေတာ့ ဂိုးမက္စ္ျဖစ္ပါတယ္။ အသက္ ၂၃ ႏွစ္အရြယ္ ခံစစ္သမားက အရင္တုန္းကလည္း ခံစစ္အားသန္ ညာအစြန္လူအျဖစ္ ကစားဖူးပါတယ္။ အသင္းမွာက ဗန္ဒိုက္ ဒဏ္ရာရသြားသလို ဖာဘင္ညိဳ ဒဏ္ရာရေနျပီး မာတစ္ကလည္း ၾကံ႕ခိုင္မႈ ျပႆနာရွိေနတာပါ။ ဒါေၾကာင့္ အသင္းရဲ႕ တစ္ဦးတည္းေသာ ၾကံ႕ခိုင္မႈအေကာင္းဆံုး ခံစစ္သမားကို အစြန္ထုတ္ဖို႔ဆိုတာက ကေလာ့ပ္ ေရြးခ်ယ္ဖို႔ အခြင့္အေရးနည္းတဲ့ ကိစၥျဖစ္ပါတယ္။

ဟန္ဒါဆန္ကလည္း အလားသူပါပဲ။ ကြင္းလယ္လူဟာ ညာအစြန္ေနရာမွာလည္း အစားထိုးႏုိင္စြမ္း ရွိသူပါ။ သို႔ေပမယ့္ သီယာဂို ဒဏ္ရာကေန ျပန္သက္သာလာဖို႔ ၾကိဳးစားေနခ်ိန္မွာ နံပါတ္ ၆ ေနရာအတြက္ အေကာင္းဆံုး ကစားသမားကို ညာအစြန္ပို႔လိုက္တာမ်ိဳးကို ကေလာ့ပ္ ေရြးခ်ယ္ဖို႔က အခြင့္အေရး နည္းပါေသးတယ္။

သူတို႔ေတြကလြဲရင္ ညာအစြန္အတြက္ ေတာက္ပလာႏုိင္သူက ၁၇ ႏွစ္သား ညာအစြန္လူ ေကာ္နာ ဘရတ္ဒေလပါ။ စက္တင္ဘာလတုန္းကစျပီး မဲဝုဒ္ေလ့က်င့္ေရးကို ေခၚယူျခင္း ခံခဲ့ရတဲ့သူျဖစ္တယ္။ ဝီလီယမ္ကို ဖယ္ထုတ္ခဲ့စဥ္ ကာလတုန္းက သူဟာ အစားထိုး ညာအစြန္လူျဖစ္ခဲ့ပါတယ္။