ဘယ်အစွန်လူ ရော်ဘတ်ဆန်က မန်စီးတီးနဲ့ပွဲမှာ ၄-၂-၄ ပုံစံကို ကစားခဲ့ချိန်မှာ ပြိုင်ဘက်အသင်းသားတွေက လီဗာပူးရဲ့ ကစားဟန်ကို အငိုက်မိနေခဲ့သလို အသင်းသားတွေ ကိုယ်တိုင်ကလည်း နည်းစနစ်သစ်အတွက် ရုန်းကန်ရမှုတွေ ရှိနေဆဲလို့ ဝန်ခံခဲ့ပါတယ်။

ဂိုးမက်စ်နဲ့ မာတစ်တို့ဟာ သူတို့နှစ်ဦးရဲ့ လီဗာပူးကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မန်စီးတီးနဲ့ပွဲမှာ တွဲဘက်ကစားခွင့် ရခဲ့တယ်။ အဆိုပါ ခံစစ်အတွဲဟာ မန်နေဂျာကလော့ပ် လက်ထက် ၃၇ တွဲမြောက် ခံစစ်အတွဲလည်းဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်နဲ့ မန်နေဂျာဂွာဒီယိုလာတို့က ချန်ပီယံလိဂ်ကစားနေရတဲ့ အသင်းတွေကို ပွဲချိန် စီစဉ်မှုတွေ သေချာလုပ်ပေးဖို့နဲ့ လူစားလဲမှု ၅ ခု ကိစ္စကို အောင်မြင်အောင် လုပ်ပေးဖို့ လိဂ်ကို တောင်းဆိုခဲ့ကြပါတယ်။

လီဗာပူးအသင်း နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ မန်စီးတီးနဲ့ပွဲ အခြေအနေကို ကြည့်ပြီးတဲ့နောက်မှာ မာတင်ကီယွန်က ဗန်ဒိုက်နဲ့ ထရန့်တို့ မရှိချိန်မှာ လက်ရှိချန်ပီယံတွေရဲ့ ဘောလုံးပေးမှုတွေက ခန့်မှန်းရ လွယ်လွန်းနေကြောင်း ထုတ်ပြောခဲ့ပါတယ်။

မန်စီးတီးနဲ့ပွဲမှာ မန်နေဂျာကလော့ပ်က လက်ရွေးစင်အသင်းထံ စေလွှတ်ရခြင်းကို ရှောင်ရှားဖို့ ကွင်းလယ်လူ သီယာဂိုကို အရန်စာရင်းမှာတောင် မထည့်ခဲ့ပေမယ့် စပိန်သားရဲ့ အခြေအနေက အရန်ခုံမှာ ပါဖို့ ကြံ့ခိုင်မှု ကောင်းနေပြီလို့ သတင်းထွက်ပေါ်နေပါတယ်။

လီဗာပူးအသင်းက ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းထံ အငှားချထားတဲ့ တိုက်စစ်သမား ဟာဗေး အီးလီးယော့ဟာ လိဂ်ရဲ့ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်လာနိုင်တယ်ဆိုတဲ့ နာမည်ကောင်းတွေ များစွာနဲ့အတူ တောက်ပလာနေခဲ့ပါပြီ။

အဓိက ကစားသမားတွေ ဒဏ်ရာရနေတဲ့ အခိုက်အတန့်မှာ ရံှူးပွဲလုံးဝမရှိသလို ပုံစံကောင်းတွေကို ဆက်ထိန်းထားနိုင်ဆဲ အခြေအနေတွေကြောင့် လီဗာပူးအသင်း မန်နေဂျာနဲ့ ကစားသမားတွေက လက်တလောရလဒ်ကို ကျေနပ်နေကြခြင်းလို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ရှင်းပြပါတယ်။

လီဗာပူးခံစစ်သမား ဂိုးမက်စ်က မန်စီးတီးနဲ့ပွဲမှာ ဒီဘရိုင်းရဲ့ ကန်ချက်ကို ကာကွယ်ရင် လက်နဲ့ ထိခဲ့မိတဲ့ ဖြစ်ရပ်က ပင်နယ်တီ မဖြစ်သင့်ဘူးလို့ ထုတ်ပြောခဲ့ပြီး VAR ရဲ့ ဆုံးဖြတ်ချက်ဖြစ်နေတဲ့အတွက် လက်ခံယုံပဲ ရှိပါတယ်လို့ ပြောပါတယ်။

ပုံမှန်မဟုတ်တဲ့ လေးယောက်တန်းတိုက်စစ်ကို ထုတ်သုံးတာက ပြိုင်ဘက်မန်နေဂျာ ဂွာဒီယိုလာကို အခက်တွေ့စေဖို့နဲ့ အသင်းရဲ့ အကောင်းဆုံး လူစာရင်းဖြစ်နေခြင်းကြောင့်လို့ မန်နေဂျာကလော့ပ်က ပွဲအပြီးမှာ ထုတ်ပြောပါတယ်။

ZAWGYI







အဓိက ကစားသမားတွေ ဒဏ်ရာရနေတဲ့ အခိုက်အတန့်မှာ ရှူံးပွဲလုံးဝမရှိသလို ပုံစံကောင်းတွေကို ဆက်ထိန်းထားနိုင်ဆဲ အခြေအနေတွေကြောင့် လီဗာပူးအသင်း မန်နေဂျာနဲ့ ကစားသမားတွေက လက်တလောရလဒ်ကို ကျေနပ်နေကြခြင်းလို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ရှင်းပြပါတယ်။

