လီဗာပူးအသင်း နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ မန်စီးတီးနဲ့ပွဲ အခြေအနေကို ကြည့်ပြီးတဲ့နောက်မှာ မာတင်ကီယွန်က လက်ရှိချန်ပီယံတွေရဲ့ ဘောလုံးပေးမှုတွေက ခန့်မှန်းရ လွယ်လွန်းနေကြောင်း ထုတ်ပြောခဲ့ပါတယ်။

ဆာလက်၊ ဂျီဆုတို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေကြောင့် ဂိုးတွေရခဲ့ပေမယ့် နှစ်သင်းဟာ ဒုတိယပိုင်းမှာတော့ တိုးတက်တဲ့ ခြေစွမ်းတွေ မပြသနိုင်ခဲ့ဘူး။ အထူးသဖြင့် ပွဲချိန်ကြာလာလေ နှေးကွေးလာတဲ့ ကစားဟန်တွေနဲ့အတူ နှစ်ဘက်အသင်းရဲ့ ကစားကွက် အခင်းအကျင်းက ပထမပိုင်းကလောက် ကျေနပ်စရာမကောင်းခဲ့ပါဘူး။

လီဗာပူးရဲ့ အခင်းအကျင်းဟာ ဗဟိုခံစစ်ကနေ ဗန်ဒိုက်ရဲ့ ဘောလုံးထုတ်ပေးမှုနဲ့ ထရန့်ရဲ့ ဖြတ်တင်ဘောတွေကို အားပြုခဲ့ရတာဖြစ်တယ်။ မန်စီးတီးပွဲ ဒုတိယပိုင်းမှာ ထရန့်လူစားလဲခံခဲ့ရတဲ့နောက် လီဗာပူးရဲ့ တိုက်စစ်ကို ဘောလုံးပေးမှုတွေက အတော်လေး ထိုးကျသွားပါတယ်။

ကီယွန်က ” ဒုတိယပိုင်းမှာ ဒီဘရိုင်းက ဖိအားပေးမှုကို ပိုပြီးလုပ်ချိန်မှာ လီဗာပူးအသင်းက တိုက်စစ်သမားတွေထံကို ဘောလုံး အကြိမ်အများကြီး မပို့ပေးနိုင်တော့ပါဘူး။ အဲ့လို ဖိအားပေးမှုတွေမှာ ပုံမှန်အားဖြင့် လီဗာပူးအသင်းဟာ ဗန်ဒိုက်ရဲ့ အဝေးဘောတွေကို ထောင့်ဖြတ်ပေးမှုတွေ (သို့) ထရန့်ရဲ့ တိုက်စစ်ကို တွန်းတင်ပေးမှုတွေ လုပ်နိုင်တာမျိုး မြင်ရတယ်။

ဒါပေမယ့် သူတို့ နှစ်ဦးလုံး ကွင်းထဲ မရှိချိန်မှာ လီဗာပူးရဲ့ ကစားဟန်က ခန့်မှန်းရ လွယ်ပါတယ်။ အားလုံးကို ခြုံကြည့်မယ်ဆိုရင် သိပ်ကောင်းတဲ့ ပွဲကောင်းဖြစ်ခဲ့တယ်။ ဒီနှစ်သင်းမှာ ဧည့်သည်တွေက အီသီဟတ်ကနေ ပိုပြီးပျော်ရွှင်စွာ ပြန်ထွက်လာနိုင်ခဲ့တယ်။

မန်စီးတီးက အနိုင်ရမယ်ဆိုရင် ရမှတ်ကွာဟမှုကို ကျဉ်းမြောင်းအောင် လုပ်နိုင်မှာဖြစ်ပေမယ့် အခုချိန်မှာတော့ နိုင်ငံတကာသီတင်းပတ်ကာလ ဝင်လာမှုနဲ့အတူ လီဗာပူးက ပြိုင်ဘက်တွေထက် အမှတ်ပေးဇယားမှာ ပိုမြင့်တဲ့နေရာမှာ ရှိနေခဲ့ပါတယ် ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္း ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ မန္စီးတီးနဲ႔ပြဲ အေျခအေနကို ၾကည့္ျပီးတဲ့ေနာက္မွာ မာတင္ကီယြန္က လက္ရွိခ်န္ပီယံေတြရဲ႕ ေဘာလံုးေပးမႈေတြက ခန္႔မွန္းရ လြယ္လြန္းေနေၾကာင္း ထုတ္ေျပာခဲ့ပါတယ္။

ဆာလက္၊ ဂ်ီဆုတို႔ရဲ႕ ပထမပိုင္း သြင္းဂိုးေတြေၾကာင့္ ဂိုးေတြရခဲ့ေပမယ့္ ႏွစ္သင္းဟာ ဒုတိယပိုင္းမွာေတာ့ တိုးတက္တဲ့ ေျခစြမ္းေတြ မျပသႏုိင္ခဲ့ဘူး။ အထူးသျဖင့္ ပြဲခ်ိန္ၾကာလာေလ ေႏွးေကြးလာတဲ့ ကစားဟန္ေတြနဲ႔အတူ ႏွစ္ဘက္အသင္းရဲ႕ ကစားကြက္ အခင္းအက်င္းက ပထမပိုင္းကေလာက္ ေက်နပ္စရာမေကာင္းခဲ့ပါဘူး။

လီဗာပူးရဲ႕ အခင္းအက်င္းဟာ ဗဟိုခံစစ္ကေန ဗန္ဒိုက္ရဲ႕ ေဘာလံုးထုတ္ေပးမႈနဲ႔ ထရန္႔ရဲ႕ ျဖတ္တင္ေဘာေတြကို အားျပဳခဲ့ရတာျဖစ္တယ္။ မန္စီးတီးပြဲ ဒုတိယပိုင္းမွာ ထရန္႔လူစားလဲခံခဲ့ရတဲ့ေနာက္ လီဗာပူးရဲ႕ တိုက္စစ္ကို ေဘာလံုးေပးမႈေတြက အေတာ္ေလး ထိုးက်သြားပါတယ္။

ကီယြန္က ” ဒုတိယပိုင္းမွာ ဒီဘရိုင္းက ဖိအားေပးမႈကို ပိုျပီးလုပ္ခ်ိန္မွာ လီဗာပူးအသင္းက တိုက္စစ္သမားေတြထံကို ေဘာလံုး အၾကိမ္အမ်ားၾကီး မပို႔ေပးႏုိင္ေတာ့ပါဘူး။ အဲ့လို ဖိအားေပးမႈေတြမွာ ပံုမွန္အားျဖင့္ လီဗာပူးအသင္းဟာ ဗန္ဒိုက္ရဲ႕ အေဝးေဘာေတြကို ေထာင့္ျဖတ္ေပးမႈေတြ (သို႔) ထရန္႔ရဲ႕ တိုက္စစ္ကို တြန္းတင္ေပးမႈေတြ လုပ္ႏုိင္တာမ်ိဳး ျမင္ရတယ္။

ဒါေပမယ့္ သူတို႔ ႏွစ္ဦးလံုး ကြင္းထဲ မရွိခ်ိန္မွာ လီဗာပူးရဲ႕ ကစားဟန္က ခန္႔မွန္းရ လြယ္ပါတယ္။ အားလံုးကို ျခံဳၾကည့္မယ္ဆိုရင္ သိပ္ေကာင္းတဲ့ ပြဲေကာင္းျဖစ္ခဲ့တယ္။ ဒီႏွစ္သင္းမွာ ဧည့္သည္ေတြက အီသီဟတ္ကေန ပိုျပီးေပ်ာ္ရႊင္စြာ ျပန္ထြက္လာႏုိင္ခဲ့တယ္။

မန္စီးတီးက အႏုိင္ရမယ္ဆိုရင္ ရမွတ္ကြာဟမႈကို က်ဥ္းေျမာင္းေအာင္ လုပ္ႏုိင္မွာျဖစ္ေပမယ့္ အခုခ်ိန္မွာေတာ့ ႏုိင္ငံတကာသီတင္းပတ္ကာလ ဝင္လာမႈနဲ႔အတူ လီဗာပူးက ျပိဳင္ဘက္ေတြထက္ အမွတ္ေပးဇယားမွာ ပိုျမင့္တဲ့ေနရာမွာ ရွိေနခဲ့ပါတယ္ ” လို႔ ေျပာဆိုသြားတာ ျဖစ္ပါတယ္။