မန်စီးတီးနဲ့ပွဲမှာ မန်နေဂျာကလော့ပ်က ကွင်းလယ်လူ သီယာဂိုကို အရန်စာရင်းမှာတောင် မထည့်ခဲ့ပေမယ့် စပိန်သားရဲ့ အခြေအနေက အရန်ခုံမှာ ပါဖို့ ကြံ့ခိုင်မှု ကောင်းတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

တစ်ဦးချင်း လေ့ကျင့်ရေးတွေမှာ ပြန်လည် ပါဝင်လာနိုင်ပြီဖြစ်တဲ့ သီယာဂိုကို မန်စီးတီးနဲ့ပွဲမှာ မထည့်ခဲ့တာက သူ့ကို လက်ရွေးစင်ကနေ ခေါ်ယူသွားမှ စိုးရိမ်ခြင်းက အဓိက အကြောင်းရင်းလို့ သတင်း ထွက်လာနေတယ်။ လီဗာပူးရဲ့ လာမယ့်ပွဲက နိုဝင်ဘာလ ၂၁ ရက်နေ့မှာ လက်စတာနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။

အကယ်လို့ သီယာဂိုကို မန်စီးတီးနဲ့ပွဲ အရန်လူစာရင်းထဲ ထည့်သွားမယ်ဆိုရင် သူဟာ ဒီအပတ် နိုင်ငံတကာသီတင်းမှာ နယ်သာလန်၊ ဆွစ်ဇလန်၊ ဂျာမနီတို့နဲ့ ယှဉ်ပြိုင်ရမယ့် စပိန်ပွဲတွေကို ပါဝင်ပေးရမှာဖြစ်တယ်။ အဆိုပါ အခြေအနေကို ရှောင်ဖို့အတွက် မန်စီးတီးနဲ့ပွဲမှာ ကြံ့ခိုင်မှု ရာနှုန်းပြည့် မကောင်းသေးတဲ့ သီယာဂိုကို ချန်လှပ်ဖို့ပဲရှိတယ်။

စပိန်အသင်းကလည်း နယ်မြေသစ်မှာ အသားကျဖို့ ကြိုးစားနေရတဲ့ သီယာဂိုရဲ့ အနေအထားကို နားလည်ပေးဖို့ ရှိနေတယ်။ သီယာဂိုရဲ့ အခြေအနေကို နှိုင်းယှဉ်ပြမှုကတော့ အထူး အခမ်းအနားတွေမှာ ဝတ်စုံပြည့် ထုတ်ဝတ်သလို စပိန်သားကလည်း အဲ့လို အဆင့်မှာရှိနေတဲ့ ကစားသမားဖြစ်တယ်။

နိုင်ငံတကာ သီတင်းပတ်တွေ အပြီးမှာတော့ သူဟာ ကြံ့ခိုင်မှု အကောင်းဆုံး အခြေအနေနဲ့ ဘောလုံးပြန်ကစားနိုင်မှာဖြစ်တယ်။ ခရစ္စမတ်လို ပွဲကြပ်ကာလတွေအတွက် သီယာဂိုကို အပြည့်အဝ သုံးနိုင်ဖို့ မန်စီးတီးပွဲတစ်ပွဲကို ရင်းလိုက်တာက မှန်ကန်တဲ့ ရွေးချယ်မှုဖြစ်မယ်လို့ လီဗာပူးအသင်းဘက်က ယုံကြည်ထားခဲ့ကြောင်း အသံထွက်လာခြင်း ဖြစ်ပါတယ်။

ZAWGYI

မန္စီးတီးနဲ႔ပြဲမွာ မန္ေနဂ်ာကေလာ့ပ္က ကြင္းလယ္လူ သီယာဂိုကို အရန္စာရင္းမွာေတာင္ မထည့္ခဲ့ေပမယ့္ စပိန္သားရဲ႕ အေျခအေနက အရန္ခံုမွာ ပါဖို႔ ၾကံ႕ခိုင္မႈ ေကာင္းတယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာပါတယ္။

တစ္ဦးခ်င္း ေလ့က်င့္ေရးေတြမွာ ျပန္လည္ ပါဝင္လာႏုိင္ျပီျဖစ္တဲ့ သီယာဂိုကို မန္စီးတီးနဲ႔ပြဲမွာ မထည့္ခဲ့တာက သူ႔ကို လက္ေရြးစင္ကေန ေခၚယူသြားမွ စိုးရိမ္ျခင္းက အဓိက အေၾကာင္းရင္းလို႔ သတင္း ထြက္လာေနတယ္။ လီဗာပူးရဲ႕ လာမယ့္ပြဲက ႏိုဝင္ဘာလ ၂၁ ရက္ေန႔မွာ လက္စတာနဲ႔ ယွဥ္ျပိဳင္ကစားရမွာပါ။

အကယ္လို႔ သီယာဂိုကို မန္စီးတီးနဲ႔ပြဲ အရန္လူစာရင္းထဲ ထည့္သြားမယ္ဆိုရင္ သူဟာ ဒီအပတ္ ႏုိင္ငံတကာသီတင္းမွာ နယ္သာလန္၊ ဆြစ္ဇလန္၊ ဂ်ာမနီတို႔နဲ႔ ယွဥ္ျပိဳင္ရမယ့္ စပိန္ပြဲေတြကို ပါဝင္ေပးရမွာျဖစ္တယ္။ အဆိုပါ အေျခအေနကို ေရွာင္ဖို႔အတြက္ မန္စီးတီးနဲ႔ပြဲမွာ ၾကံ႕ခိုင္မႈ ရာႏႈန္းျပည့္ မေကာင္းေသးတဲ့ သီယာဂိုကို ခ်န္လွပ္ဖို႔ပဲရွိတယ္။

စပိန္အသင္းကလည္း နယ္ေျမသစ္မွာ အသားက်ဖို႔ ၾကိဳးစားေနရတဲ့ သီယာဂိုရဲ႕ အေနအထားကို နားလည္ေပးဖို႔ ရွိေနတယ္။ သီယာဂိုရဲ႕ အေျခအေနကို ႏိႈင္းယွဥ္ျပမႈကေတာ့ အထူး အခမ္းအနားေတြမွာ ဝတ္စံုျပည့္ ထုတ္ဝတ္သလို စပိန္သားကလည္း အဲ့လို အဆင့္မွာရွိေနတဲ့ ကစားသမားျဖစ္တယ္။

ႏုိင္ငံတကာ သီတင္းပတ္ေတြ အျပီးမွာေတာ့ သူဟာ ၾကံ႕ခိုင္မႈ အေကာင္းဆံုး အေျခအေနနဲ႔ ေဘာလံုးျပန္ကစားႏုိင္မွာျဖစ္တယ္။ ခရစၥမတ္လို ပြဲၾကပ္ကာလေတြအတြက္ သီယာဂိုကို အျပည့္အဝ သံုးႏုိင္ဖို႔ မန္စီးတီးပြဲတစ္ပြဲကို ရင္းလိုက္တာက မွန္ကန္တဲ့ ေရြးခ်ယ္မႈျဖစ္မယ္လို႔ လီဗာပူးအသင္းဘက္က ယံုၾကည္ထားခဲ့ေၾကာင္း အသံထြက္လာျခင္း ျဖစ္ပါတယ္။