လီဗာပူးအသင်းက ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းထံ အငှားချထားတဲ့ တိုက်စစ်သမား ဟာဗေး အီးလီးယော့ဟာ နာမည်ကောင်းတွေ များစွာနဲ့အတူ တောက်ပလာနေခဲ့ပါပြီ။

အသက် ၁၇ နှစ်အရွယ် တိုက်စစ်အားသန်လေးဟာ ဒီရာသီမှာ သူ့ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံရှစ်ကလပ်ထံ အငှားထွက်ကစားနေတာပါ။ အဆိုပါလိဂ်မှာ ခြေစွမ်း အတော်လေး ကောင်းနေတဲ့ အီးလီးယော့ဟာ ၇ ပွဲ ကစားပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ်နဲ့ သွင်းဂိုး ၁ ဂိုးတို့ကို ရယူပေးထားတယ်။

လီဗာပူးမှာ တောင်ပံသမားအဖြစ် ကစားခဲ့တဲ့ အီးလီးယော့ကို ဘလက်ဘန်းကတော့ အထောင်တိုက်စစ်နဲ့ နောက်ချန်တိုက်စစ်နေရာတွေမှာ ကစားခွင့် ရနေခဲ့တယ်။ ဘောလုံးကိုင်ကစားမှုမှာ သက်သောင့်သက်သာရှိတဲ့ ဟာဗေးက ဖရီးကစ်နဲ့ ထောင့်ကန်ဘောတွေကို တာဝန်ယူနေပါတယ်။

ဘလက်ဘန်း ခံစစ်သမား ဝါတန်က ” သူက လန်းဆန်းမှုရှိတဲ့ ကစားသမားပါ။ အရည်အကောင်းလည်းရှိတယ် ပထမနေ့ကတည်းက အဲ့တာကို မြင်ထားရတယ်။ သူက ဘောလုံးနဲ့အတူ အရည်အချင်းရှိပြီး ပေးမှုကောင်းတွေ လုပ်နိုင်တယ်၊ ကိုင်ကစားနိုင်တယ်၊ လှိမ်ခေါက်ကျော်ဖြတ်နိုင်တယ်။ သူ့ဆီကနေ အများကြီး မြင်ရဖို့ ရှိပါသေးတယ်။ ” လို့ ချီးကျူးခဲ့တယ်။

ချန်ပီယံရှစ် စောင့်ကြည့်သူတွေက Football Insider ကနေ ပြောရာမှာ “ သူက ကောင်းမွန်တဲ့ ကစားသမားပါ။ တိုက်စစ်အားသန် ကစားခြင်းက သူ့နဲ့ အံဝင်တယ်။ ဒါကြောင့်လည်း ဘလက်ဘန်းကို ရွေးခဲ့တာလို့ ထင်တယ်။ အီးလီးယော့က ထိချက်ကောင်းတွေလည်း လုပ်ပြနိုင်တယ်။

သူ့ထံကနေ မမျှော်လင့်စရာ ဖန်တီးနိုင်မှုတွေကို မြင်နေရတယ်။ သူ လီဗာပူးအသင်းကို ပိုကောင်းတဲ့ ကစားသမားအဖြစ် ပြန်သွားနိုင်လိမ့်မယ်လို့ မြင်ပါတယ် ” ဆိုပြီး ပြောပါတယ်။

အီးလီးယော့ဟာ ချန်ပီယံရှစ်မှာတော့ လူစောင့်ကြည့်ခံရတဲ့ တိုက်စစ်သမားတစ်ဦး ဖြစ်လာနေခဲ့တယ်။ သူဟာ ဒီရာသီ ချန်ပီယံရှစ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးတောင် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းက ခ်န္ပီယံရွစ္ကလပ္ ဘလက္ဘန္းအသင္းထံ အငွားခ်ထားတဲ့ တိုက္စစ္သမား ဟာေဗး အီးလီးေယာ့ဟာ နာမည္ေကာင္းေတြ မ်ားစြာနဲ႔အတူ ေတာက္ပလာေနခဲ့ပါျပီ။

အသက္ ၁၇ ႏွစ္အရြယ္ တိုက္စစ္အားသန္ေလးဟာ ဒီရာသီမွာ သူ႔ကစားသမားဘဝ ပထမဆံုးအၾကိမ္အျဖစ္ ခ်န္ပီယံရွစ္ကလပ္ထံ အငွားထြက္ကစားေနတာပါ။ အဆိုပါလိဂ္မွာ ေျခစြမ္း အေတာ္ေလး ေကာင္းေနတဲ့ အီးလီးေယာ့ဟာ ၇ ပြဲ ကစားျပီး ဂိုးေထာက္ပံ့မႈ ၄ ၾကိမ္နဲ႔ သြင္းဂိုး ၁ ဂိုးတို႔ကို ရယူေပးထားတယ္။

လီဗာပူးမွာ ေတာင္ပံသမားအျဖစ္ ကစားခဲ့တဲ့ အီးလီးေယာ့ကို ဘလက္ဘန္းကေတာ့ အေထာင္တိုက္စစ္နဲ႔ ေနာက္ခ်န္တိုက္စစ္ေနရာေတြမွာ ကစားခြင့္ ရေနခဲ့တယ္။ ေဘာလံုးကိုင္ကစားမႈမွာ သက္ေသာင့္သက္သာရွိတဲ့ ဟာေဗးက ဖရီးကစ္နဲ႔ ေထာင့္ကန္ေဘာေတြကို တာဝန္ယူေနပါတယ္။

ဘလက္ဘန္း ခံစစ္သမား ဝါတန္က ” သူက လန္းဆန္းမႈရွိတဲ့ ကစားသမားပါ။ အရည္အေကာင္းလည္းရွိတယ္ ပထမေန႔ကတည္းက အဲ့တာကို ျမင္ထားရတယ္။ သူက ေဘာလံုးနဲ႔အတူ အရည္အခ်င္းရွိျပီး ေပးမႈေကာင္းေတြ လုပ္ႏုိင္တယ္၊ ကိုင္ကစားႏုိင္တယ္၊ လွိမ္ေခါက္ေက်ာ္ျဖတ္ႏုိင္တယ္။ သူ႔ဆီကေန အမ်ားၾကီး ျမင္ရဖို႔ ရွိပါေသးတယ္။ ” လို႔ ခ်ီးက်ဴးခဲ့တယ္။

ခ်န္ပီယံရွစ္ ေစာင့္ၾကည့္သူေတြက Football Insider ကေန ေျပာရာမွာ “ သူက ေကာင္းမြန္တဲ့ ကစားသမားပါ။ တိုက္စစ္အားသန္ ကစားျခင္းက သူ႔နဲ႔ အံဝင္တယ္။ ဒါေၾကာင့္လည္း ဘလက္ဘန္းကို ေရြးခဲ့တာလို႔ ထင္တယ္။ အီးလီးေယာ့က ထိခ်က္ေကာင္းေတြလည္း လုပ္ျပႏုိင္တယ္။

သူ႔ထံကေန မေမွ်ာ္လင့္စရာ ဖန္တီးႏုိင္မႈေတြကို ျမင္ေနရတယ္။ သူ လီဗာပူးအသင္းကို ပိုေကာင္းတဲ့ ကစားသမားအျဖစ္ ျပန္သြားႏုိင္လိမ့္မယ္လို႔ ျမင္ပါတယ္ ” ဆိုျပီး ေျပာပါတယ္။

အီးလီးေယာ့ဟာ ခ်န္ပီယံရွစ္မွာေတာ့ လူေစာင့္ၾကည့္ခံရတဲ့ တိုက္စစ္သမားတစ္ဦး ျဖစ္လာေနခဲ့တယ္။ သူဟာ ဒီရာသီ ခ်န္ပီယံရွစ္ရဲ႕ အေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦးေတာင္ ျဖစ္လာႏုိင္တယ္လို႔ ခန္႔မွန္းေနၾကတာ ျဖစ္ပါတယ္။