အောက်တိုဘာလ နိုင်ငံတကာသီတင်းပတ် ဝင်ရောက်လာချိန်မှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲ ၈ ပွဲကစားထားပြီး ထိပ်ဆုံးက လက်စတာနဲ့ ၁ မှတ်အကွာမှာ ရှိနေသလို ချန်ပီယံလိဂ်မှာတော့ အုပ်စုတွင်း ၃ ပွဲကစားထားပြီး ထိပ်ဆုံးမှာ ရှိနေပါတယ်။

လက်ရှိရလဒ်အပေါ်မှာ လီဗာပူးအသင်း မန်နေဂျာနဲ့ ကစားသမားတွေ ကျေနပ်နေကြသလို ဘာလို့ ဒီလို ကျေနပ်နေကြတာလဲဆိုတာအတွက် The Athletic သတင်းဌာနမှ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က အခုလို ရှင်းပြပါတယ်။

ဂျိမ်းပီးယာ့ဇ်က ” ပျက်ကွက်သူတွေ သိပ်များနေတဲ့ကြားက လီဗာပူးက ရနိုင်တဲ့ အမြင့်ဆုံးကို ရယူထားတာဖြစ်ပါတယ်။ အဲဗာတန်နဲ့ပွဲမှာ ဗန်ဒိုက် ဒဏ်ရာရခဲ့တာက ကလပ်ကို ကြီးကြီးမားမား တုန်လှုပ်စေခဲ့တယ်။ နွေတုန်းက မျှော်လင့်ချက်ကြီးစွာဖြင့် ခေါ်ယူထားတဲ့ သီယာဂိုကလည်း ရစ်ချာလီဆန်ရဲ့ ပြင်းထန်တဲ့ ဖျက်ထုတ်မှုကြောင့် အခုချိန်ထိ ဘောလုံးမကစားနိုင်ပါဘူး။

ဗန်ဒိုက်နေရာ အားဖြည့်ရင်းမှ ဖာဘင်ညိုက ဒဏ်ရာရသွားခဲ့တယ်။ တံကောက်ကြော ဒဏ်ရာ မဟုတ်တာကိုပဲ ဝမ်းသာရမှာပါ။ ကွင်းလယ်မှာကလည်း ချိန်ဘာလိန်နဲ့ ကိတ်တာတို့ကို သုံးဖို့ အခွင့်မသာတဲ့ အနေအထားဖြစ်တယ်။

ဒါပေမယ့်လည်း ရှိရင်းစွဲ အသင်းသားတွေက လီဗာပူးရဲ့ ပုံစံကောင်းတွေကို ထိန်းသိမ်းပေးခဲ့တယ်။ ဒီကာလတွေအတွင်း ဂျိုတာ၊ ရိုင်းစ်၊ နက်နဲ့ ရှာကွီရီတို့ အားလုံးက အရေးပါခဲ့ပါတယ်။ အီသီဟတ်ကွင်းက ပွဲမှာတော့ မာတစ် ပြန်လည်တောက်ပမှုနဲ့အတူ ယာဂင်ကလော့ပ်ရဲ့ ခံစစ်ကြောင်းက ကျေနပ်ဖို့ ကောင်းခဲ့တယ်။ မန်စီးတီးဟာ မိနစ် ၉၀ လုံးမှာ ဂိုးပေါက်တည့်မှု ၂ ကြိမ်ပဲ ရှိခဲ့တယ်။

မန်နေဂျာကလော့ပ်က အယ်လီဆန်ရဲ့ ကမ္ဘာအဆင့် လက်စွမ်းတွေကို အထင်ကြီးသလို ငါ့ကောင်လေးကလည်း သိပ်ကောင်းတယ်ဆိုတဲ့ အပြုအမှုနဲ့ ဂိုးမက်စ်ကို ညွှန်ပြခဲ့သေးတယ်။ ဗန်ဒိုက်မရှိတဲ့နောက် ဂိုးမက်စ်ဟာ လီဗာပူးခံစစ်ကို ဦးဆောင်နေပြီး သူ့ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် မာတစ်နဲ့ တွဲဘက်ကစားခဲ့တယ်။

သူတို့နှစ်ဦးက မန်နေဂျာကလော့ပ်လက်ထက် ၃၇ တွဲမြောက် ခံစစ်ကြောင်းဖြစ်ပြီး ဂိုးမက်စ်ဟာ သူ့ရဲ့ တိုးတက်မှုကို ပြသနိုင်ခဲ့တယ်။ ဘောလုံးပေးမှု ၆၁ ကြိမ်မှာ ၈၉ ရာနှုန်းထိ အောင်မြင်ခဲ့တယ်။

တိုက်စစ်က ဂျိုတာရဲ့ ပုံစံကောင်းတွေကြောင့် ဖာမင်နိုတို့နဲ့ တွဲထုတ်ခဲ့ပြီး လီဗာပူးရဲ့ ကစားဟန်က ၄-၂-၄ ကော ၄-၄-၂ ပုံစံတွေပါ ပြောင်းလဲကစားခဲ့တယ်။ ဒီစနစ်က အလုပ်ဖြစ်ပါတယ်။ မန်စီးတီးက လီဗာပူးရဲ့ ကစားဟန်ကို အံ့အားသင့်ခဲ့တာကြောင့် အစောပိုင်းမှာ အတော်လေး ဖိခံနေခဲ့ရတယ်။ လီဗာပူးရဲ့ အဆုံးသတ်ပိုင်း ဧရိယာတွေမှာ ထိချက်တွေ မကောင်းလိုဘဲ ဂိုးမရခဲ့တာပါ။

လန်းဆန်းတဲ့ ခြေထောက်တွေကို လိုလာချိန်မှာ ကလော့ပ်က ရှာကွီရီကို လူစားထိုးခဲ့တယ်။ တိုက်စစ်လေးယောက်တန်းကို ဟန်ဒါဆန်နဲ့ ဝိုက်နယ်ဒမ်တို့က အကောင်းဆုံး ဖြည့်ကစားပေးခဲ့ပြီး ရလဒ်အားဖြင့် ဒီဘရိုင်းက နေရာလွတ်ကို လုံးဝ ရှာမရခဲ့ဘူး။ ဒီနည်းစနစ်အရဆိုရင် သီယာဂိုနဲ့ ဖာဘင်ညို တစ်ဦးကို ပါဝင်စေတဲ့ ကွင်းလယ် သုံးယောက်တန်း ကစားမှုအပြင် နောက်ထပ် လူကြိုက်များတဲ့ နည်းစနစ်တောင် ဖြစ်လာနိုင်တယ်။

လီဗာပူးက ချယ်ဆီး၊ အဲဗာတန်၊ မန်စီးတီးတို့ကို အဝေးကွင်းတွေမှာ သွားရောက် ယှဉ်ပြိုင်ခဲ့ပြီးပါပြီ။ အဓိကကစားသမား ၁၃ ဦးထိ ကိုဗစ်နဲ့ ကြံ့ခိုင်မှု ဒဏ်ရာတွေ ရနေချိန်မှာ လမ်းကြောင်းမှန်ပေါ်မှာပဲ ရှိနေသေးတာအတွက် ကျေနပ်နေကြတာ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ေအာက္တိုဘာလ ႏုိင္ငံတကာသီတင္းပတ္ ဝင္ေရာက္လာခ်ိန္မွာ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ပြဲ ၈ ပြဲကစားထားျပီး ထိပ္ဆံုးက လက္စတာနဲ႔ ၁ မွတ္အကြာမွာ ရွိေနသလို ခ်န္ပီယံလိဂ္မွာေတာ့ အုပ္စုတြင္း ၃ ပြဲကစားထားျပီး ထိပ္ဆံုးမွာ ရွိေနပါတယ္။

လက္ရွိရလဒ္အေပၚမွာ လီဗာပူးအသင္း မန္ေနဂ်ာနဲ႔ ကစားသမားေတြ ေက်နပ္ေနၾကသလို ဘာလို႔ ဒီလို ေက်နပ္ေနၾကတာလဲဆိုတာအတြက္ The Athletic သတင္းဌာနမွ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က အခုလို ရွင္းျပပါတယ္။

ဂ်ိမ္းပီးယာ့ဇ္က ” ပ်က္ကြက္သူေတြ သိပ္မ်ားေနတဲ့ၾကားက လီဗာပူးက ရႏိုင္တဲ့ အျမင့္ဆုံးကို ရယူထားတာျဖစ္ပါတယ္။ အဲဗာတန္နဲ႔ပြဲမွာ ဗန္ဒိုက္ ဒဏ္ရာရခဲ့တာက ကလပ္ကို ႀကီးႀကီးမားမား တုန္လႈပ္ေစခဲ့တယ္။ ေႏြတုန္းက ေမွ်ာ္လင့္ခ်က္ႀကီးစြာျဖင့္ ေခၚယူထားတဲ့ သီယာဂိုကလည္း ရစ္ခ်ာလီဆန္ရဲ႕ ျပင္းထန္တဲ့ ဖ်က္ထုတ္မႈေၾကာင့္ အခုခ်ိန္ထိ ေဘာလုံးမကစားႏိုင္ပါဘူး။

ဗန္ဒိုက္ေနရာ အားျဖည့္ရင္းမွ ဖာဘင္ညိဳက ဒဏ္ရာရသြားခဲ့တယ္။ တံေကာက္ေၾကာ ဒဏ္ရာ မဟုတ္တာကိုပဲ ဝမ္းသာရမွာပါ။ ကြင္းလယ္မွာကလည္း ခ်ိန္ဘာလိန္နဲ႔ ကိတ္တာတို႔ကို သံုးဖို႔ အခြင့္မသာတဲ့ အေနအထားျဖစ္တယ္။

ဒါေပမယ့္လည္း ရွိရင္းစြဲ အသင္းသားေတြက လီဗာပူးရဲ႕ ပံုစံေကာင္းေတြကို ထိန္းသိမ္းေပးခဲ့တယ္။ ဒီကာလေတြအတြင္း ဂ်ိဳတာ၊ ရိုင္းစ္၊ နက္နဲ႔ ရွာကီြရီတို႔ အားလံုးက အေရးပါခဲ့ပါတယ္။ အီသီဟတ္ကြင္းက ပြဲမွာေတာ့ မာတစ္ ျပန္လည္ေတာက္ပမႈနဲ႔အတူ ယာဂင္ကေလာ့ပ္ရဲ႕ ခံစစ္ေၾကာင္းက ေက်နပ္ဖို႔ ေကာင္းခဲ့တယ္။ မန္စီးတီးဟာ မိနစ္ ၉၀ လံုးမွာ ဂိုးေပါက္တည့္မႈ ၂ ၾကိမ္ပဲ ရွိခဲ့တယ္။

မန္ေနဂ်ာကေလာ့ပ္က အယ္လီဆန္ရဲ႕ ကမၻာအဆင့္ လက္စြမ္းေတြကို အထင္ၾကီးသလို ငါ့ေကာင္ေလးကလည္း သိပ္ေကာင္းတယ္ဆိုတဲ့ အျပဳအမႈနဲ႔ ဂိုးမက္စ္ကို ညႊန္ျပခဲ့ေသးတယ္။ ဗန္ဒိုက္မရွိတဲ့ေနာက္ ဂိုးမက္စ္ဟာ လီဗာပူးခံစစ္ကို ဦးေဆာင္ေနျပီး သူ႔ကစားသမားဘဝ ပထမဆံုးအၾကိမ္အျဖစ္ မာတစ္နဲ႔ တြဲဘက္ကစားခဲ့တယ္။

သူတို႔ႏွစ္ဦးက မန္ေနဂ်ာကေလာ့ပ္လက္ထက္ ၃၇ တြဲေျမာက္ ခံစစ္ေၾကာင္းျဖစ္ျပီး ဂိုးမက္စ္ဟာ သူ႔ရဲ႕ တိုးတက္မႈကို ျပသႏုိင္ခဲ့တယ္။ ေဘာလံုးေပးမႈ ၆၁ ၾကိမ္မွာ ၈၉ ရာႏႈန္းထိ ေအာင္ျမင္ခဲ့တယ္။

တိုက္စစ္က ဂ်ိဳတာရဲ႕ ပံုစံေကာင္းေတြေၾကာင့္ ဖာမင္ႏိုတို႔နဲ႔ တြဲထုတ္ခဲ့ျပီး လီဗာပူးရဲ႕ ကစားဟန္က ၄-၂-၄ ေကာ ၄-၄-၂ ပံုစံေတြပါ ေျပာင္းလဲကစားခဲ့တယ္။ ဒီစနစ္က အလုပ္ျဖစ္ပါတယ္။ မန္စီးတီးက လီဗာပူးရဲ႕ ကစားဟန္ကို အံ့အားသင့္ခဲ့တာေၾကာင့္ အေစာပိုင္းမွာ အေတာ္ေလး ဖိခံေနခဲ့ရတယ္။ လီဗာပူးရဲ႕ အဆံုးသတ္ပိုင္း ဧရိယာေတြမွာ ထိခ်က္ေတြ မေကာင္းလိုဘဲ ဂိုးမရခဲ့တာပါ။

လန္းဆန္းတဲ့ ေျခေထာက္ေတြကို လိုလာခ်ိန္မွာ ကေလာ့ပ္က ရွာကီြရီကို လူစားထိုးခဲ့တယ္။ တိုက္စစ္ေလးေယာက္တန္းကို ဟန္ဒါဆန္နဲ႔ ဝိုက္နယ္ဒမ္တို႔က အေကာင္းဆံုး ျဖည့္ကစားေပးခဲ့ျပီး ရလဒ္အားျဖင့္ ဒီဘရိုင္းက ေနရာလြတ္ကို လံုးဝ ရွာမရခဲ့ဘူး။ ဒီနည္းစနစ္အရဆိုရင္ သီယာဂိုနဲ႔ ဖာဘင္ညိဳ တစ္ဦးကို ပါဝင္ေစတဲ့ ကြင္းလယ္ သံုးေယာက္တန္း ကစားမႈအျပင္ ေနာက္ထပ္ လူၾကိဳက္မ်ားတဲ့ နည္းစနစ္ေတာင္ ျဖစ္လာႏုိင္တယ္။

လီဗာပူးက ခ်ယ္ဆီး၊ အဲဗာတန္၊ မန္စီးတီးတို႔ကို အေဝးကြင္းေတြမွာ သြားေရာက္ ယွဥ္ျပိဳင္ခဲ့ျပီးပါျပီ။ အဓိကကစားသမား ၁၃ ဦးထိ ကိုဗစ္နဲ႔ ၾကံ႕ခိုင္မႈ ဒဏ္ရာေတြ ရေနခ်ိန္မွာ လမ္းေၾကာင္းမွန္ေပၚမွာပဲ ရွိေနေသးတာအတြက္ ေက်နပ္ေနၾကတာ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။