လီဗာပူးခံစစ်သမား ဂိုးမက်စ်က မန်စီးတီးနဲ့ပွဲမှာ ဒီဘရိုင်းရဲ့ ကန်ချက်ကို ကာကွယ်ရင် လက်နဲ့ ထိခဲ့မိတဲ့ ဖြစ်ရပ်အတွက် ပွဲအပြီးမှာ သူ့အမြင်ကို ထုတ်ပြောမှု လုပ်ခဲ့ပါတယ်။

ဂိုးပေါက်ကို ပြန်ပြေးနေတဲ့ ဂိုးမက်စ်ဟာ ဒီဘရိုင်းရဲ့ ကန်ချက်ကို လူကာရာမှာ သူ့ရဲ့ လက်နဲ့ ဘောလုံးကို ထိခဲ့တာပါ။ အဆိုပါဖြစ်ရပ်အတွက် VAR စစ်ဆေးမှုအရ ပင်နယ်တီ ပေးခဲ့ပြီး ဒီဘရိုင်းရဲ့ ကန်သွင်းချက်က ဂိုးပေါက်နဲ့ ကပ်လွဲခဲ့တာက အသင်းကို သက်သာရာ ရစေခဲ့ပါတယ်။

ဂိုးမက်စ်က ” လက်နဲ့ထိခဲ့တာအတွက် စကားများမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်က ဂိုးပေါက်ကို ပြန်ပြေးသွားတာဖြစ်ပြီး ဒီဘရိုင်းက ဖြတ်တင်ဘော ကန်လိုက်တာကို လူတိုင်း မြင်ပါတယ်။ ကျနော်အတွက်က ပြေးနေတုန်းမှာ လက်က ပင်ကိုယ် ကိုယ်နေဟန်ထားဖြစ်ပါတယ်။ ဘောလုံးကို လက်နဲ့ ကာကွယ်တာ မဟုတ်သလို အဖြစ်အပျက်ကလည်း သိပ်မြန်ပါတယ် ” လို့ ပြောပါတယ်။

ဂိုးမက်စ် လက်ထိတဲ့ အနေအထားဟာ ပြေးလွှားချိန်မှာ လက်က သဘာဝအတိုင်း လွဲနေတဲ့ အနေအထားဖြစ်တယ်။ တနည်းအားဖြင့် သူ့ရဲ့ ကိုယ်နေဟန်ထားက natural motion ဖြစ်လို့ ပင်နယ်တီ မပေးလည်းရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါပေမယ့် ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံပါတယ်လို့ ဂိုးမက်စ်က ပြောပါတယ်။

ခံစစ်သမားက ” အဆုံးမှာတော့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒီစည်းမျဉ်းနဲ့ ပက်သက်လို့ စကားပြောမှုတွေလည်း လုံလောက်အောင် များနေပါပြီ။ ရှေ့ဆက်သွားပြီး ဖြစ်ပြီးခဲ့တဲ့ ဆုံးဖြတ်ချက်ကို လက်ခံဖို့ပါပဲ ” လို့ တုန့်ပြန်ခဲ့တယ်။

မနက်က မန်စီးတီးနဲ့ပွဲမှာတော့ လီဗာပူးခံစစ်တန်းက ကစားပုံ ကောင်းခဲ့ပါတယ်။ ဒဏ်ရာက ပြန်သက်သာလာတဲ့ မာတစ် အကောင်းဆုံး ကစားခဲ့သလို ဂိုးမက်စ်ကလည်း ပရိသတ်တွေက အသိအမှတ်ပြုပေးကြတဲ့ စွမ်းဆောင်ရည်ကို ပြခဲ့တာပါ။ ဂိုးသမား အယ်လီဆန်ကလည်း ထူးချွန်တဲ့ ကစားပုံကို ပြသခဲ့တယ်။

ဗန်ဒိုက် မရှိတဲ့နောက် လီဗာပူးခံစစ်အတွင်း အရေးပါသူ ဖြစ်လာခဲ့တဲ့ ဂိုးမက်စ်က ဝါရင့်ခံစစ်မှူး မာတစ် ပြန်သက်သာလာတာအတွက် ပျော်ရွှင်နေပါတယ်။ သူတို့ နှစ်ဦးဟာ ကာလအရှည်ကြီးမှာ ပထမဆုံးအကြိမ် တွဲဘက် ကစားနိုင်ခဲ့ကြခြင်းလည်းဖြစ်တယ်။

ဂိုးမက်စ်က ” မာတစ်က ကမ္ဘာအဆင့် ကစားသမားဆိုတာ လူတိုင်းသိပါတယ်။ ကျနော်အတွက်ကတော့ သူက ကမ္ဘာအဆင့် ကစားသမားပါပဲ။ ဗန်ဒိုက်ကို လက်လွတ်ရတာက ကြီးမားတဲ့ ဆုံးရံှူးမှုဖြစ်ပေမယ့် မာတစ်နဲ့ တွဲကစားရမှာအတွက် ကျေနပ်ပါတယ်။ ကျနေ်ာတို့ ဆက်ပြီး ကြိုးစားကာ ရမှတ်တွေကို စုဆောင်းရမှာပါ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးခံစစ္သမား ဂိုးမက္စ္က မန္စီးတီးနဲ႔ပြဲမွာ ဒီဘရိုင္းရဲ႕ ကန္ခ်က္ကို ကာကြယ္ရင္ လက္နဲ႔ ထိခဲ့မိတဲ့ ျဖစ္ရပ္အတြက္ ပြဲအျပီးမွာ သူ႔အျမင္ကို ထုတ္ေျပာမႈ လုပ္ခဲ့ပါတယ္။

ဂိုးေပါက္ကို ျပန္ေျပးေနတဲ့ ဂိုးမက္စ္ဟာ ဒီဘရိုင္းရဲ႕ ကန္ခ်က္ကို လူကာရာမွာ သူ႔ရဲ႕ လက္နဲ႔ ေဘာလံုးကို ထိခဲ့တာပါ။ အဆိုပါျဖစ္ရပ္အတြက္ VAR စစ္ေဆးမႈအရ ပင္နယ္တီ ေပးခဲ့ျပီး ဒီဘရိုင္းရဲ႕ ကန္သြင္းခ်က္က ဂိုုးေပါက္နဲ႔ ကပ္လြဲခဲ့တာက အသင္းကို သက္သာရာ ရေစခဲ့ပါတယ္။

ဂိုးမက္စ္က ” လက္နဲ႔ထိခဲ့တာအတြက္ စကားမ်ားမွာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ က်ေနာ္က ဂိုးေပါက္ကို ျပန္ေျပးသြားတာျဖစ္ျပီး ဒီဘရိုင္းက ျဖတ္တင္ေဘာ ကန္လိုက္တာကို လူတိုင္း ျမင္ပါတယ္။ က်ေနာ္အတြက္က ေျပးေနတုန္းမွာ လက္က ပင္ကိုယ္ ကိုယ္ေနဟန္ထားျဖစ္ပါတယ္။ ေဘာလံုးကို လက္နဲ႔ ကာကြယ္တာ မဟုတ္သလို အျဖစ္အပ်က္ကလည္း သိပ္ျမန္ပါတယ္ ” လို႔ ေျပာပါတယ္။

ဂိုးမက္စ္ လက္ထိတဲ့ အေနအထားဟာ ေျပးလႊားခ်ိန္မွာ လက္က သဘာဝအတိုင္း လြဲေနတဲ့ အေနအထားျဖစ္တယ္။ တနည္းအားျဖင့္ သူ႔ရဲ႕ ကိုယ္ေနဟန္ထားက natural motion ျဖစ္လို႔ ပင္နယ္တီ မေပးလည္းရတဲ့ အေနအထားျဖစ္ပါတယ္။ ဒါေပမယ့္ ဒိုင္ေတြရဲ႕ ဆံုးျဖတ္ခ်က္ကို လက္ခံပါတယ္လို႔ ဂိုးမက္စ္က ေျပာပါတယ္။

ခံစစ္သမားက ” အဆံုးမွာေတာ့ ကြင္းလယ္ဒိုင္ရဲ႕ ဆံုးျဖတ္ခ်က္ပါပဲ။ ဒီစည္းမ်ဥ္းနဲ႔ ပက္သက္လို႔ စကားေျပာမႈေတြလည္း လံုေလာက္ေအာင္ မ်ားေနပါျပီ။ ေရွ႔ဆက္သြားျပီး ျဖစ္ျပီးခဲ့တဲ့ ဆံုးျဖတ္ခ်က္ကို လက္ခံဖို႔ပါပဲ ” လို႔ တုန္႔ျပန္ခဲ့တယ္။

မနက္က မန္စီးတီးနဲ႔ပြဲမွာေတာ့ လီဗာပူးခံစစ္တန္းက ကစားပံု ေကာင္းခဲ့ပါတယ္။ ဒဏ္ရာက ျပန္သက္သာလာတဲ့ မာတစ္ အေကာင္းဆံုး ကစားခဲ့သလို ဂိုးမက္စ္ကလည္း ပရိသတ္ေတြက အသိအမွတ္ျပဳေပးၾကတဲ့ စြမ္းေဆာင္ရည္ကို ျပခဲ့တာပါ။ ဂိုးသမား အယ္လီဆန္ကလည္း ထူးခၽြန္တဲ့ ကစားပံုကို ျပသခဲ့တယ္။

ဗန္ဒိုက္ မရွိတဲ့ေနာက္ လီဗာပူးခံစစ္အတြင္း အေရးပါသူ ျဖစ္လာခဲ့တဲ့ ဂိုးမက္စ္က ဝါရင့္ခံစစ္မွဴး မာတစ္ ျပန္သက္သာလာတာအတြက္ ေပ်ာ္ရႊင္ေနပါတယ္။ သူတို႔ ႏွစ္ဦးဟာ ကာလအရွည္ၾကီးမွာ ပထမဆံုးအၾကိမ္ တြဲဘက္ ကစားႏုိင္ခဲ့ၾကျခင္းလည္းျဖစ္တယ္။

ဂိုးမက္စ္က ” မာတစ္က ကမၻာအဆင့္ ကစားသမားဆိုတာ လူတိုင္းသိပါတယ္။ က်ေနာ္အတြက္ကေတာ့ သူက ကမၻာအဆင့္ ကစားသမားပါပဲ။ ဗန္ဒိုက္ကို လက္လြတ္ရတာက ၾကီးမားတဲ့ ဆံုးရံွဴးမႈျဖစ္ေပမယ့္ မာတစ္နဲ႔ တြဲကစားရမွာအတြက္ ေက်နပ္ပါတယ္။ က်ေန္ာတို႔ ဆက္ျပီး ၾကိဳးစားကာ ရမွတ္ေတြကို စုေဆာင္းရမွာပါ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။