ပုံမှန်မဟုတ်တဲ့ လေးယောက်တန်းတိုက်စစ်ကို ထုတ်သုံးတာက ပြိုင်ဘက်မန်နေဂျာ ဂွာဒီယိုလာကို အခက်တွေ့စေဖို့ ရည်ရွယ်ကြောင်းကို ကလော့ပ်က ပွဲအပြီးမှာ ထုတ်ပြောပါတယ်။

မန်နေဂျာကလော့ပ်ဟာ ဆာလက်၊ မာနေး၊ ဖာမင်နိုဆိုတဲ့ သုံးယောက်တန်းအပြင် ဖာမင်နိုနေရာ ဂျိုတာကို ထည့်သုံးခြင်းလည်း လုပ်ထားခဲ့ဖူးတယ်။ ဒါပေမယ့်လို့ အဓိက ပွဲတစ်ပွဲမှာ တိုက်စစ်သမား လေးဦးလုံးကို ထည့်ခဲ့တာကတော့ တိုက်စစ်အားသန်လွန်းတဲ့ ကစားကွက်အဖြစ် အတော်လေး စိန်ခေါ်မှုကြီးကြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကလော့ပ်က ” မန်စီးတီးကို ရင်ဆိုင်တဲ့ပွဲမှာ အကောင်းဆုံး လုပ်နိုင်ရင် အခြားအသင်းတွေကို ရင်ဆိုင်ရာမှာလည်း အကောင်းဆုံး လုပ်နိုင်ပါတယ် ” ဆိုပြီး ပုံမှန် သုံးယောက်တန်း တိုက်စစ်နေရာမှာ ဂျိုတာကိုပါ ထပ်မံ အင်အားဖြည့်ခြင်းနဲ့ ပက်သက်လို့ လီဗာပူးအသင်းဝဘ်ဆိုဒ်ကနေ ရှင်းပြပါတယ်။

” ဒါက ကျနေ်ာတို့ရဲ့ နည်းစနစ်အသစ် မဟုတ်ပါဘူး။ သုံးခဲ့ဖူးတဲ့ ကစားကွက်ဖြစ်ပြီး ဒီအခြေအနေမှာတော့ ကျနေ်ာတို့ သုံးရမယ့် နည်းစနစ်လည်းဖြစ်တယ်။ အဲ့တာက အတော်လည်း အကူအညီဖြစ်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် လူတိုင်းက ကျနေ်ာတို့သုံးတဲ့ နည်းစနစ်တွေကို သိကြပါတယ်။ အခုချိန်မှာတော့ အဲ့ပုံစံ ကစားတာတွေက ပြီးသွားခဲ့ပါပြီ။

အခုကစပြီး ကျနေ်ာတို့က တိုက်စစ် သုံးယောက် (သို့) ပိုကောင်းတဲ့ လေးယောက်စတဲ့ ခြားနားတဲ့ နည်းစနစ်တွေကိုလည်း ကစားနိုင်ရပါမယ်။ ဒီညမှာ ကျနေ်ာတို့ ကစားတာ ကောင်းခဲ့ပါတယ်။

တိုက်စစ်သမား လေးယောက်ရဲ့ ဘောလုံးစွမ်းရည်နဲ့ ပါဝါတွေကို မန်စီးတီးကို ပြဿနာတွေပေးဖို့ ကျနေ်ာတို့ သုံးလိုခဲ့တယ်။ ဒါက ပထမအချက်ပေါ့။

နောက်တစ်ချက်က ပပ်ရဲ့အသင်းက ဘာလုပ်မယ်ဆိုတာကို ကျနေ်ာတို့ သိပ်သိတာကြောင့် အကောင်းဆုံး ပြင်ဆင်လိုခဲ့ခြင်း ဖြစ်ပါတယ်။ ကျနေ်ာတို့ ၄-၄-၂ ပုံစံ ကစားမယ်ဆိုတာကို ပပ် စဉ်းစားမိခဲ့မယ်လို့ မထင်ပါဘူး။ အရေးတော့ မကြီးပါဘူး ဒါပေမယ့် မန်စီးတီးကို ကျနေ်ာတို့ရဲ့ နည်းစနစ်ကို သိဖို့ အချိန်ယူခဲ့ရစေတယ်။ ဒီနေ့အတွက် အစီအစဉ်က အလုပ်ဖြစ်ပါတယ်။ ဒီနည်းစနစ်ကို နောက်ဆုံးအကြိမ် သုံးခဲ့တာ မဟုတ်ပါဘူး ” လို့ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန်နောက်ပိုင်းမှာတော့ မန်နေဂျာကလော့ပ်က ဖာမင်နိုကို ရှာကွီရီနဲ့ လူစားလဲခဲ့ကာ ပုံမှန် သုံးယောက်တန်း တိုက်စစ်ကို ပြန်သုံးခဲ့တယ်။ လီဗာပူးတိုက်စစ်က အပြောင်းအလဲတွေ အများကြီး လုပ်လို့ရသေးတယ်ဆိုတဲ့ အချက်ကိုတော့ မန်စီးတီးနဲ့ပွဲမှာ မြင်ခဲ့ရတာ ဖြစ်ပါတယ်။

ZAWGYI

ပံုမွန္မဟုတ္တဲ့ ေလးေယာက္တန္းတိုက္စစ္ကို ထုတ္သံုးတာက ျပိဳင္ဘက္မန္ေနဂ်ာ ဂြာဒီယိုလာကို အခက္ေတြ႔ေစဖို႔ ရည္ရြယ္ေၾကာင္းကို ကေလာ့ပ္က ပြဲအျပီးမွာ ထုတ္ေျပာပါတယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ ဆာလက္၊ မာေနး၊ ဖာမင္ႏိုဆိုတဲ့ သံုးေယာက္တန္းအျပင္ ဖာမင္ႏိုေနရာ ဂ်ိဳတာကို ထည့္သံုးျခင္းလည္း လုပ္ထားခဲ့ဖူးတယ္။ ဒါေပမယ့္လို႔ အဓိက ပြဲတစ္ပြဲမွာ တိုက္စစ္သမား ေလးဦးလံုးကို ထည့္ခဲ့တာကေတာ့ တိုက္စစ္အားသန္လြန္းတဲ့ ကစားကြက္အျဖစ္ အေတာ္ေလး စိန္ေခၚမႈၾကီးၾကီး ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

ကေလာ့ပ္က ” မန္စီးတီးကို ရင္ဆိုင္တဲ့ပြဲမွာ အေကာင္းဆံုး လုပ္ႏုိင္ရင္ အျခားအသင္းေတြကို ရင္ဆိုင္ရာမွာလည္း အေကာင္းဆံုး လုပ္ႏုိင္ပါတယ္ ” ဆိုျပီး ပံုမွန္ သံုးေယာက္တန္း တိုက္စစ္ေနရာမွာ ဂ်ိဳတာကိုပါ ထပ္မံ အင္အားျဖည့္ျခင္းနဲ႔ ပက္သက္လို႔ လီဗာပူးအသင္းဝဘ္ဆိုဒ္ကေန ရွင္းျပပါတယ္။

” ဒါက က်ေန္ာတို႔ရဲ႕ နည္းစနစ္အသစ္ မဟုတ္ပါဘူး။ သံုးခဲ့ဖူးတဲ့ ကစားကြက္ျဖစ္ျပီး ဒီအေျခအေနမွာေတာ့ က်ေန္ာတို႔ သံုးရမယ့္ နည္းစနစ္လည္းျဖစ္တယ္။ အဲ့တာက အေတာ္လည္း အကူအညီျဖစ္ခဲ့ပါတယ္။ ပံုမွန္အားျဖင့္ လူတိုင္းက က်ေန္ာတို႔သံုးတဲ့ နည္းစနစ္ေတြကို သိၾကပါတယ္။ အခုခ်ိန္မွာေတာ့ အဲ့ပံုစံ ကစားတာေတြက ျပီးသြားခဲ့ပါျပီ။

အခုကစျပီး က်ေန္ာတို႔က တိုက္စစ္ သံုးေယာက္ (သို႔) ပိုေကာင္းတဲ့ ေလးေယာက္စတဲ့ ျခားနားတဲ့ နည္းစနစ္ေတြကိုလည္း ကစားႏုိင္ရပါမယ္။ ဒီညမွာ က်ေန္ာတို႔ ကစားတာ ေကာင္းခဲ့ပါတယ္။

တိုက္စစ္သမား ေလးေယာက္ရဲ႕ ေဘာလံုးစြမ္းရည္နဲ႔ ပါဝါေတြကို မန္စီးတီးကို ျပႆနာေတြေပးဖို႔ က်ေန္ာတို႔ သံုးလိုခဲ့တယ္။ ဒါက ပထမအခ်က္ေပါ့။

ေနာက္တစ္ခ်က္က ပပ္ရဲ႕အသင္းက ဘာလုပ္မယ္ဆိုတာကို က်ေန္ာတုိ႔ သိပ္သိတာေၾကာင့္ အေကာင္းဆံုး ျပင္ဆင္လိုခဲ့ျခင္း ျဖစ္ပါတယ္။ က်ေန္ာတို႔ ၄-၄-၂ ပံုစံ ကစားမယ္ဆိုတာကို ပပ္ စဥ္းစားမိခဲ့မယ္လို႔ မထင္ပါဘူး။ အေရးေတာ့ မၾကီးပါဘူး ဒါေပမယ့္ မန္စီးတီးကို က်ေန္ာတို႔ရဲ႕ နည္းစနစ္ကို သိဖို႔ အခ်ိန္ယူခဲ့ရေစတယ္။ ဒီေန႔အတြက္ အစီအစဥ္က အလုပ္ျဖစ္ပါတယ္။ ဒီနည္းစနစ္ကို ေနာက္ဆံုးအၾကိမ္ သံုးခဲ့တာ မဟုတ္ပါဘူး ” လို႔ ရွင္းျပခဲ့တာ ျဖစ္ပါတယ္။

ပြဲခ်ိန္ေနာက္ပိုင္းမွာေတာ့ မန္ေနဂ်ာကေလာ့ပ္က ဖာမင္ႏိုကို ရွာကီြရီနဲ႔ လူစားလဲခဲ့ကာ ပံုမွန္ သံုးေယာက္တန္း တိုက္စစ္ကို ျပန္သံုးခဲ့တယ္။ လီဗာပူးတိုက္စစ္က အေျပာင္းအလဲေတြ အမ်ားၾကီး လုပ္လို႔ရေသးတယ္ဆိုတဲ့ အခ်က္ကိုေတာ့ မန္စီးတီးနဲ႔ပြဲမွာ ျမင္ခဲ့ရတာ ျဖစ္ပါတယ္။