အီသီဟတ်မှာ ယှဉ်ပြိုင်ကစားတဲ့ မန်စီးတီးနဲ့ပွဲမှာ ညာအစွန်လူ ထရန့်ဟာ ဒဏ်ရာရရှိသွားတာကြောင့် နိုင်ငံတကာသီတင်းပတ်အတွက် အင်္ဂလန်အသင်း လူစာရင်းကနေ နုတ်ထွက်ခဲ့ပြီ ဖြစ်ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာ ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး လက်တလော ကြားထားတဲ့ အခြေအနေအရ ဒီကနေ့မှ အသေးစိတ် အခြေအနေကို သိရမှာဖြစ်ပေမယ့်လည်း ဒဏ်ရာကြီး ဖြစ်နိုင်တယ်လို့ တွက်ဆနေကြတယ်။ အိုင်ယာလန်၊ ဘယ်ဂျီယံနဲ့ အိုက်စ်လန်ပွဲတွေကို လွဲမယ့် ထရန့်ဟာ နိုင်ငံတကာ သီတင်းပတ်အပြီးမှာ ဘောလုံးပြန်ကစားနိုင်မလားက အားလုံး သိလိုနေကြတာဖြစ်တယ်။

မန်နေဂျာ ကလေ့ာပ်က ” ထရန့်က အင်္ဂလန်အသင်းကနေ နုတ်ထွက်သွားရမှာပါ။ ဒါက ရှင်းပါတယ်။ သူ့ရဲ့ အခြေအနေနဲ့ ပက်သက်လို့ ကျနေ်ာတို့ မသိသေးဘူး။ ဒါပေမယ့် အင်္ဂလန်အသင်းအတွက်တော့ ကစားနိုင်မှာ မဟုတ်ပါဘူး။ သူက အင်္ဂလန်အသင်းမှာ မပါနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားလည်း မဟုတ်ပါဘူး။

တနင်္လာနေ့မှာ ထရန့်ရဲ့ ဒဏ်ရာ စကန်ရလဒ် ထွက်လာပါလိမ့်မယ်။ အဲ့တာပြီးရင်တော့ အခြေအနေကို ကျနေ်ာတို့ သိရပါမယ် ” လို့ ဆိုခဲ့တယ်။

ထရန့်ရဲ့ ဒဏ်ရာက ဘယ်လောက်ထိ ကြာနိုင်သလဲ မသိသေးပေမယ့် ဒဏ်ရာက ခြေသလုံးကြွက်သား ဒဏ်ရာဖြစ်ပြီး အနည်းဆုံး ၂ ပတ်တော့ နားရမယ်လို့ ယူဆရတယ်။ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ပြင်းထန်မှာ စိုးရိမ်မိတယ်လို့ ပြောဆိုခြင်းကြောင့် အသေးစား ခြေသလုံးဒဏ်ရာထက် ထိခိုက်မှု ပိုရှိနေတယ်လို့ ယူဆနေရတာ ဖြစ်ပါတယ်။

ZAWGYI

အီသီဟတ္မွာ ယွဥ္ျပိဳင္ကစားတဲ့ မန္စီးတီးနဲ႔ပြဲမွာ ညာအစြန္လူ ထရန္႔ဟာ ဒဏ္ရာရရွိသြားတာေၾကာင့္ ႏုိင္ငံတကာသီတင္းပတ္အတြက္ အဂၤလန္အသင္း လူစာရင္းကေန ႏုတ္ထြက္ခဲ့ျပီ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာ ဒဏ္ရာရခဲ့ျခင္းျဖစ္ျပီး လက္တေလာ ၾကားထားတဲ့ အေျခအေနအရ ဒီကေန႔မွ အေသးစိတ္ အေျခအေနကို သိရမွာျဖစ္ေပမယ့္လည္း ဒဏ္ရာၾကီး ျဖစ္ႏုိင္တယ္လို႔ တြက္ဆေနၾကတယ္။ အိုင္ယာလန္၊ ဘယ္ဂ်ီယံနဲ႔ အိုက္စ္လန္ပြဲေတြကို လြဲမယ့္ ထရန္႔ဟာ ႏုိင္ငံတကာ သီတင္းပတ္အျပီးမွာ ေဘာလံုးျပန္ကစားႏုိင္မလားက အားလံုး သိလိုေနၾကတာျဖစ္တယ္။

မန္ေနဂ်ာ ကေလ့ာပ္က ” ထရန္႔က အဂၤလန္အသင္းကေန ႏုတ္ထြက္သြားရမွာပါ။ ဒါက ရွင္းပါတယ္။ သူ႔ရဲ႕ အေျခအေနနဲ႔ ပက္သက္လို႔ က်ေန္ာတို႔ မသိေသးဘူး။ ဒါေပမယ့္ အဂၤလန္အသင္းအတြက္ေတာ့ ကစားနုိင္မွာ မဟုတ္ပါဘူး။ သူက အဂၤလန္အသင္းမွာ မပါႏုိင္တဲ့ တစ္ဦးတည္းေသာ ကစားသမားလည္း မဟုတ္ပါဘူး။

တနလၤာေန႔မွာ ထရန္႔ရဲ႕ ဒဏ္ရာ စကန္ရလဒ္ ထြက္လာပါလိမ့္မယ္။ အဲ့တာျပီးရင္ေတာ့ အေျခအေနကို က်ေန္ာတို႔ သိရပါမယ္ ” လို႔ ဆိုခဲ့တယ္။

ထရန္႔ရဲ႕ ဒဏ္ရာက ဘယ္ေလာက္ထိ ၾကာႏုိင္သလဲ မသိေသးေပမယ့္ ဒဏ္ရာက ေျခသလံုးၾကြက္သား ဒဏ္ရာျဖစ္ျပီး အနည္းဆံုး ၂ ပတ္ေတာ့ နားရမယ္လို႔ ယူဆရတယ္။ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က ျပင္းထန္မွာ စိုးရိမ္မိတယ္လို႔ ေျပာဆိုျခင္းေၾကာင့္ အေသးစား ေျခသလံုးဒဏ္ရာထက္ ထိခိုက္မႈ ပိုရွိေနတယ္လို႔ ယူဆေနရတာ ျဖစ္ပါတယ္။