လီဗာပူးအသင်းရဲ့ အီသီဟတ်ကို သွားရောက်တဲ့ ခရီးစဉ်ကတော့ အိမ်ရှင်အသင်းနဲ့ ရမှတ် ခွဲဝေယူမှုနဲ့အတူ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်ဟာ လူပြောများနေတဲ့ ဖာမင်နို၊ ဂျိုတာတို့ကို တစ်ဦးတည်း ထုတ်သုံးခြင်းထက် တိုက်စစ် လေးဦးလုံးကို ထုတ်သုံးခဲ့တယ်။ ၄-၂-၃-၁ ကစားကွက်ထက် ၄-၂-၂-၂ ပုံစံကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ဆာလက်၊ ဖာမင်နိုကို ပိုတင်ကစားခဲ့သလို ဖာမင်နိုကို ကွင်းလယ်ဖန်တီးရှင်ဖြစ် ဆင်းကစားစေတဲ့ ဗျူဟာကို ပြောင်းလဲ သုံးခဲ့ပါတယ်။

ဗဟိုခံစစ်မှာတော့ ဂိုးမက်စ်ရဲ့ တွဲဘက်အဖြစ် မာတစ်ကို သုံးခဲ့ပြီး ကျန်ကစားသမားတွေ အစုံအလင် ပါဝင်ခဲ့တယ်။ ပထမပိုင်း ၂၅ မိနစ်လောက်ထိဟာ လီဗာပူးရဲ့ အကောင်းဆုံး ကစားနိုင်စွမ်းတွေကို မြင်ခဲ့ရပြီး တိုက်စစ်ကို အတော်လေး တင်ကစားနိုင်ခဲ့တယ်။ ဖာမင်နိုရဲ့ တိုက်စစ်ချိတ်ဆက်မှု အနည်းငယ် လွဲမှားမှု၊ ဂျိုတာရဲ့ ခံစစ်ကာကွယ်မှုပိုင်း လိုအပ်ချက် ရှိမှုတွေကလွဲရင် အတော်လေး အတွဲညီခဲ့ပါတယ်။

မာနေးနဲ့ ဆာလက်တို့ရဲ့ မြန်ဆန်တဲ့ ထိုးဖောက်မှုကလည်း စီးတီး ခံစစ်ကို အလုပ်များစေခဲ့တယ်။ ဘယ်တောင်ပံဟာ ညာတောင်ပံထက် အလုပ်ဖြစ်ပေမယ့် ထရန့်ကလည်း တိုက်စစ်လိုက်မှုနဲ့ ခံစစ်ကာကွယ်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။

အဖွင့်ဂိုးကတော့ မာနေးရဲ့ ပါးနပ်မှုလို့ ပြောလို့ရသလို ဝေါ်ကာရဲ့ ညံ့ဖျင်းမှုကြောင့်လည်း ပါဝင်ခဲ့တဲ့ ပင်နယ်တီဖြစ်ရပ်က လာပါတယ်။ အဆိုပါ ပင်နယ်တီကို ဆာလက်က အကောင်းဆုံး အဆုံးသတ်ပြီး ဦးဆောင်ဂိုး ရယူတယ်။ ဦးဆောင်ဂိုးရပြီးနောက် လီဗာပူးရဲ့ ကစားပုံက ကျလာခဲ့ပြီး အစွန်တွေကို အတွင်းကို အနည်းငယ် ဝင်ထားစေတဲ့ ပုံစံကလည်း လီဗာပူးရဲ့ ခံစစ်ကို အပြည့်အဝတော့ အကူအညီ မဖြစ်ပါဘူး။

မန်စီးတီးရဲ့ ခြေပဂိုးကတော့ ဒီဘရိုင်းရဲ့ ပေးမှုကို ဂျီဆု ဧရိယာထဲမှာ ထရန့်ကို လှည့်ထွက်ပြီး လှလှပပ ပိတ်သွင်းယူခဲ့တာပါ။ အစောပိုင်းမှာ ကာကွယ်မှုတွေ လုပ်နေခဲ့တဲ့ အယ်လီဆန် ဒီတစ်ကြိမ်တော့ ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။

စတာလင်နဲ့ ဒီဘရိုင်းတို့ တောင်ပံတွေကနေ အခွင့်အရေး မယူနိုင်ပေမယ့် ဒီဘရိုင်းရဲ့ ဖြတ်တင်ဘော ဂိုးမက်စ်လက်နဲ့ထိခဲ့ရာက ပင်နယ်တီ ပေးခဲ့ရတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ်နေဟန်ထားဟာ ပင်နယ်တီပေးရအောင် မဟုတ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီပေးခဲ့တယ်။ ဒီဘရိုင်းရဲ့ ပိတ်သွင်းမှု ဂိုးဘေးကို ကပ်ထွက်ခဲ့တာက အသင်းကို သက်သာရာရစေခဲ့ပါတယ်။

ပထမပိုင်းဟာ နှစ်သင်းလုံးရဲ့ အကောင်းဆုံး ကစားပုံတွေကို မြင်ခဲ့ရတာဖြစ်ပြီး အပြန်အလှန် တိုက်စစ်တွေနဲ့ ကြည့်ကောင်းခဲ့တယ်။ လီဗာပူးခံစစ်က မန်စီးတီး တိုက်စစ်ကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပြီး အခွင့်အရေး အများကြီး မပေးခဲ့ရဘူး။ ဒီလိုပဲ လီဗာပူးတိုက်စစ်ကလည်း မန်စီးတီး ခံစစ်ကို ထူးထူးချွန်ချွန် ဖောက်ထွက်နိုင်ခဲ့ခြင်း မရှိပါဘူး။

တိုက်စစ်လေးယောက်တန်းက မဆိုးဘူးလို့ ပြောလို့ရပေမယ့် အမှားလည်း များခဲ့တယ်။ အထူးသဖြင့် ဂျိုတာဟာ အသင်းဖော်တွေနဲ့ တွဲကစားမှုမှာ အားနည်းပြီး ခံစစ်ကူညီမှုမှာ မသေသပ်လှဘူး။ ဖာမင်နိုက အဆုံးသတ်ပိုင်း ပြင်ပတွေမှာ ကောင်းပေမယ့် အဓိက ဧရိယာထဲ ရောက်ချိန်တိုင်း သူ့ရဲ့ အကောင်းဆုံး ထိချက်တွေ မမြင်ခဲ့ရတာကလည်း အသင်းအတွက် နစ်နာခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ နှစ်သင်းလုံးက ပိုင်ဆိုင်မှုကို ပိုထိန်းလိုတဲ့ ပုံစံတွေ ကစားခဲ့ပြီး ပထမပိုင်းလောက် ပွဲမမြိုင်ခဲ့ပါဘူး။ ဂိုးသမား နှစ်ဦးလုံး ဖြတ်တင်ဘောတွေကို ထွက်ဖမ်းမှုတွေနဲ့အတူ ဘောလုံးက ဧရိယာထိပ်တွေမှာပဲ အိုင်နေခဲ့တယ်။ နောက်ပိုင်းမှာ လီဗာပူးက ဖာမင်နိုနေရာ ရှာကွီရီ ထည့်ခဲ့သလို ဒဏ်ရာရသွားတဲ့ ထရန့်နေရာ မီလ်နာကို လူစားဝင်စေခဲ့တယ်။

ဒုတိယပိုင်းမှာ နှစ်သင်းလုံး ကစားအား ထိုးကျလာတာကို မြင်ရပြီး ပထမပိုင်းနဲ့ ယှဉ်ရင် အတော်လေးကို ပျင်းစရာကောင်းလာခဲ့တယ်။ စိတ်လှုပ်ရှားစရာ ဖန်တီးမှုတွေ လုပ်လာခဲ့ကြပြီး ဧရိယာထိပ်ရောက်ရင် နှစ်သင်းလုံးက ဘာဖန်တီးမှုမှ မရှိဘဲ ဖိအားပေးယူဖို့နဲ့ တိုက်စစ်ကို ဟန့်တားဖို့ကိုပဲ အာရုံစိုက်နေခဲ့ကြတယ်။

အထူးသဖြင့် မိနစ် ၆၀ နောက်ပိုင်းမှာ ကျဆင်းကုန်တဲ့ ကစားအားနဲ့အတူ နှစ်ဘက် မန်နေဂျာတွေက ပွဲကို လမ်းညွှန်ဖို့ထက် ကစားသမားတွေရဲ့ အပြန်အလှန် မျောကစားနေမှုကိုပဲ လွှတ်ထားကြတဲ့ အနေအထားကို မြင်ရတယ်။ ထူးထူးခြားခြားအဖြစ် မန်စီးတီးဘက်က ဂိုးမက်စ်ရဲ့ အနေအထားလို လက်ထိခဲ့ပေမယ့် ပင်နယ်တီ ခွင့်ပြုခဲ့ခြင်း မရှိပါဘူး။

အဆုံးမှာတော့ ပထမပိုင်းက ဆာလက်ရဲ့ ပင်နယ်တီ၊ ဂျီဆုရဲ့ ခြေပဂိုးတွေကလွဲလို့ ဂိုးတွေ ထပ်မရခဲ့ဘဲ တစ်ဘက်ကို ၁ ဂိုးစီနဲ့ပဲ ပွဲပြီးခဲ့တာဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာတော့ ရမှတ်တွေက သိပ်မကွာဘဲ နိုင်ငံတကာသီတင်းပတ် ဝင်ရောက်လာခဲ့ပြန်ပြီ ဖြစ်ပါတယ်။

ဒီနေ့ကတော့ ကျနော်ကိုယ်တိုင်လည်း အတော် ပြိုင်းနေတာမို့ ပွဲပြီးကို ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်။ ကျေးဇူးတင်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ အီသီဟတ္ကို သြားေရာက္တဲ့ ခရီးစဥ္ကေတာ့ အိမ္ရွင္အသင္းနဲ႔ ရမွတ္ ခြဲေဝယူမႈနဲ႔အတူ ျပီးဆံုးခဲ့ျပီျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ လူေျပာမ်ားေနတဲ့ ဖာမင္ႏို၊ ဂ်ိဳတာတို႔ကို တစ္ဦးတည္း ထုတ္သံုးျခင္းထက္ တိုက္စစ္ ေလးဦးလံုးကို ထုတ္သံုးခဲ့တယ္။ ၄-၂-၃-၁ ကစားကြက္ထက္ ၄-၂-၂-၂ ပံုစံကို ခင္းက်င္းခဲ့ျပီး တိုက္စစ္မွာ ဆာလက္၊ ဖာမင္ႏိုကို ပိုတင္ကစားခဲ့သလို ဖာမင္ႏိုကို ကြင္းလယ္ဖန္တီးရွင္ျဖစ္ ဆင္းကစားေစတဲ့ ဗ်ဴဟာကို ေျပာင္းလဲ သံုးခဲ့ပါတယ္။

ဗဟိုခံစစ္မွာေတာ့ ဂိုးမက္စ္ရဲ႕ တြဲဘက္အျဖစ္ မာတစ္ကို သံုးခဲ့ျပီး က်န္ကစားသမားေတြ အစံုအလင္ ပါဝင္ခဲ့တယ္။ ပထမပိုင္း ၂၅ မိနစ္ေလာက္ထိဟာ လီဗာပူးရဲ႕ အေကာင္းဆံုး ကစားႏုိင္စြမ္းေတြကို ျမင္ခဲ့ရျပီး တိုက္စစ္ကို အေတာ္ေလး တင္ကစားႏုိင္ခဲ့တယ္။ ဖာမင္ႏိုရဲ႕ တိုက္စစ္ခ်ိတ္ဆက္မႈ အနည္းငယ္ လြဲမွားမႈ၊ ဂ်ိဳတာရဲ႕ ခံစစ္ကာကြယ္မႈပိုင္း လိုအပ္ခ်က္ ရွိမႈေတြကလြဲရင္ အေတာ္ေလး အတြဲညီခဲ့ပါတယ္။

မာေနးနဲ႔ ဆာလက္တို႔ရဲ႕ ျမန္ဆန္တဲ့ ထိုးေဖာက္မႈကလည္း စီးတီး ခံစစ္ကို အလုပ္မ်ားေစခဲ့တယ္။ ဘယ္ေတာင္ပံဟာ ညာေတာင္ပံထက္ အလုပ္ျဖစ္ေပမယ့္ ထရန္႔ကလည္း တိုက္စစ္လိုက္မႈနဲ႔ ခံစစ္ကာကြယ္မႈေတြ လုပ္ႏုိင္ခဲ့ပါတယ္။

အဖြင့္ဂိုးကေတာ့ မာေနးရဲ႕ ပါးနပ္မႈလို႔ ေျပာလို႔ရသလို ေဝၚကာရဲ႕ ညံ့ဖ်င္းမႈေၾကာင့္လည္း ပါဝင္ခဲ့တဲ့ ပင္နယ္တီျဖစ္ရပ္က လာပါတယ္။ အဆိုပါ ပင္နယ္တီကို ဆာလက္က အေကာင္းဆံုး အဆံုးသတ္ျပီး ဦးေဆာင္ဂိုး ရယူတယ္။ ဦးေဆာင္ဂိုးရျပီးေနာက္ လီဗာပူးရဲ႕ ကစားပံုက က်လာခဲ့ျပီး အစြန္ေတြကို အတြင္းကို အနည္းငယ္ ဝင္ထားေစတဲ့ ပံုစံကလည္း လီဗာပူးရဲ႕ ခံစစ္ကို အျပည့္အဝေတာ့ အကူအညီ မျဖစ္ပါဘူး။

မန္စီးတီးရဲ႕ ေျခပဂိုးကေတာ့ ဒီဘရိုင္းရဲ႕ ေပးမႈကို ဂ်ီဆု ဧရိယာထဲမွာ ထရန္႔ကို လွည့္ထြက္ျပီး လွလွပပ ပိတ္သြင္းယူခဲ့တာပါ။ အေစာပိုင္းမွာ ကာကြယ္မႈေတြ လုပ္ေနခဲ့တဲ့ အယ္လီဆန္ ဒီတစ္ၾကိမ္ေတာ့ ဘယ္လိုမွ မတတ္ႏုိင္ခဲ့ပါဘူး။

စတာလင္နဲ႔ ဒီဘရိုင္းတို႔ ေတာင္ပံေတြကေန အခြင့္အေရး မယူႏုိင္ေပမယ့္ ဒီဘရိုင္းရဲ႕ ျဖတ္တင္ေဘာ ဂိုးမက္စ္လက္နဲ႔ထိခဲ့ရာက ပင္နယ္တီ ေပးခဲ့ရတယ္။ ပံုမွန္အားျဖင့္ေတာ့ ကိုယ္ေနဟန္ထားဟာ ပင္နယ္တီေပးရေအာင္ မဟုတ္ခဲ့ေပမယ့္ ကြင္းလယ္ဒိုင္က ပင္နယ္တီေပးခဲ့တယ္။ ဒီဘရိုင္းရဲ႕ ပိတ္သြင္းမႈ ဂိုးေဘးကို ကပ္ထြက္ခဲ့တာက အသင္းကို သက္သာရာရေစခဲ့ပါတယ္။

ပထမပိုင္းဟာ ႏွစ္သင္းလံုးရဲ႕ အေကာင္းဆံုး ကစားပံုေတြကို ျမင္ခဲ့ရတာျဖစ္ျပီး အျပန္အလွန္ တိုက္စစ္ေတြနဲ႔ ၾကည့္ေကာင္းခဲ့တယ္။ လီဗာပူးခံစစ္က မန္စီးတီး တိုက္စစ္ကို အေကာင္းဆံုး ထိန္းခ်ဳပ္ႏုိင္ခဲ့ျပီး အခြင့္အေရး အမ်ားၾကီး မေပးခဲ့ရဘူး။ ဒီလိုပဲ လီဗာပူးတိုက္စစ္ကလည္း မန္စီးတီး ခံစစ္ကို ထူးထူးခၽြန္ခၽြန္ ေဖာက္ထြက္ႏုိင္ခဲ့ျခင္း မရွိပါဘူး။

တိုက္စစ္ေလးေယာက္တန္းက မဆိုးဘူးလို႔ ေျပာလို႔ရေပမယ့္ အမွားလည္း မ်ားခဲ့တယ္။ အထူးသျဖင့္ ဂ်ိဳတာဟာ အသင္းေဖာ္ေတြနဲ႔ တြဲကစားမႈမွာ အားနည္းျပီး ခံစစ္ကူညီမႈမွာ မေသသပ္လွဘူး။ ဖာမင္ႏိုက အဆံုးသတ္ပိုင္း ျပင္ပေတြမွာ ေကာင္းေပမယ့္ အဓိက ဧရိယာထဲ ေရာက္ခ်ိန္တိုင္း သူ႔ရဲ႕ အေကာင္းဆံုး ထိခ်က္ေတြ မျမင္ခဲ့ရတာကလည္း အသင္းအတြက္ နစ္နာခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ႏွစ္သင္းလံုးက ပိုင္ဆိုင္မႈကို ပိုထိန္းလိုတဲ့ ပံုစံေတြ ကစားခဲ့ျပီး ပထမပိုင္းေလာက္ ပြဲမျမိဳင္ခဲ့ပါဘူး။ ဂိုးသမား ႏွစ္ဦးလံုး ျဖတ္တင္ေဘာေတြကို ထြက္ဖမ္းမႈေတြနဲ႔အတူ ေဘာလံုးက ဧရိယာထိပ္ေတြမွာပဲ အိုင္ေနခဲ့တယ္။ ေနာက္ပိုင္းမွာ လီဗာပူးက ဖာမင္ႏိုေနရာ ရွာကီြရီ ထည့္ခဲ့သလို ဒဏ္ရာရသြားတဲ့ ထရန္႔ေနရာ မီလ္နာကို လူစားဝင္ေစခဲ့တယ္။

ဒုတိယပိုင္းမွာ ႏွစ္သင္းလံုး ကစားအား ထိုးက်လာတာကို ျမင္ရျပီး ပထမပိုင္းနဲ႔ ယွဥ္ရင္ အေတာ္ေလးကို ပ်င္းစရာေကာင္းလာခဲ့တယ္။ စိတ္လႈပ္ရွားစရာ ဖန္တီးမႈေတြ လုပ္လာခဲ့ၾကျပီး ဧရိယာထိပ္ေရာက္ရင္ ႏွစ္သင္းလံုးက ဘာဖန္တီးမႈမွ မရွိဘဲ ဖိအားေပးယူဖို႔နဲ႔ တိုက္စစ္ကို ဟန္႔တားဖို႔ကိုပဲ အာရံုစိုက္ေနခဲ့ၾကတယ္။

အထူးသျဖင့္ မိနစ္ ၆၀ ေနာက္ပိုင္းမွာ က်ဆင္းကုန္တဲ့ ကစားအားနဲ႔အတူ ႏွစ္ဘက္ မန္ေနဂ်ာေတြက ပြဲကို လမ္းညႊန္ဖုိ႔ထက္ ကစားသမားေတြရဲ႕ အျပန္အလွန္ ေမ်ာကစားေနမႈကိုပဲ လႊတ္ထားၾကတဲ့ အေနအထားကို ျမင္ရတယ္။ ထူးထူးျခားျခားအျဖစ္ မန္စီးတီးဘက္က ဂိုးမက္စ္ရဲ႕ အေနအထားလို လက္ထိခဲ့ေပမယ့္ ပင္နယ္တီ ခြင့္ျပဳခဲ့ျခင္း မရွိပါဘူး။

အဆံုးမွာေတာ့ ပထမပိုင္းက ဆာလက္ရဲ႕ ပင္နယ္တီ၊ ဂ်ီဆုရဲ႕ ေျခပဂိုးေတြကလြဲလို႔ ဂိုးေတြ ထပ္မရခဲ့ဘဲ တစ္ဘက္ကို ၁ ဂိုးစီနဲ႔ပဲ ပြဲျပီးခဲ့တာျဖစ္ပါတယ္။ အမွတ္ေပးဇယားမွာေတာ့ ရမွတ္ေတြက သိပ္မကြာဘဲ ႏုိင္ငံတကာသီတင္းပတ္ ဝင္ေရာက္လာခ့ဲျပန္ျပီ ျဖစ္ပါတယ္။

ဒီေန႔ကေတာ့ က်ေနာ္ကိုယ္တိုင္လည္း အေတာ္ ျပိဳင္းေနတာမို႔ ပြဲျပီးကို ဒီေလာက္နဲ႔ပဲ ရပ္လိုက္ပါေတာ့မယ္။ ေက်းဇူးတင္ပါတယ္။