မန်စီးတီးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ လီဗာပူးက တိုက်စစ် သုံးယောက်တွဲအဖြစ် ဖာမင်နို၊ ဆာလက်၊ မာနေးတို့ကို ထုတ်သုံးလိမ့်မယ်လို့ Tactical Times က ဖော်ပြသွားပါတယ်။

မန်နေဂျာကလော့ပ်က ၄-၂-၃-၁ နဲ့ ၄-၃-၃ ကစားကွက် နှစ်မျိူးထဲက တစ်မျိူးကို ထုတ်သုံးနိုင်ပြီး နည်းစနစ် အားပြိုင်မှုများမယ့် ပွဲကောင်းမှာတော့ ဖာမင်နိုကိုပဲ အဓိက ထုတ်သုံးမယ်လို့ ဆိုတယ်။ အတ္တလန်တာပွဲမှာတော့ ဂျိုတာကို ၆၅ မိနစ် ကစားခွင့်ပေးခဲ့ပြီး ပွဲထွက်လူစာရင်းကနေ အနားပေးထားတဲ့ ဖာမင်နိုက လက်ကျန်မိနစ်တွေမှာ ပါဝင်ကစားခဲ့ပါတယ်။

Tactical Times ရဲ့ ဖော်ပြမှုမှာတော့ ” မန်စီးတီးနဲ့ပွဲမှာ ဖာမင်နိုက ပွဲထွက်နေရာက ပါခွင့်မရဘူးဆိုရင် အံ့သြသင့်မိမှာပဲ။ အတ္တလန်တာပွဲမှာ ဖာမင်နိုကို ပွဲထွက်လူစာရင်းထဲ မထည့်တာက သူ့ကို အနားပေးလိုတာကြောင့်လို့ ထင်ပါတယ်။

နည်းစနစ်ပိုင်း အားပြိုင်မယ့် ပွဲကြီးပွဲကောင်းမှာ ဖာမင်နိုက အခရာကျပါတယ်။ သူက တစ်ဦးချင်းတွေမှာ ဆိုးရွားနေတယ်ဆိုပေမယ့် အသင်းလိုက်မှာတော့ အရေးပါနေဆဲဖြစ်ပါတယ်။ ဂျိုတာက ဖာမင်နိုရဲ့ အသင်းလိုက် ထူးချွန်မှုကို မမှီသေးပါဘူး။

ဂျိုတာက အရမ်းကို တောက်ပနေတယ်။ သူက အစီအစဉ်ထဲမှာ ပါလာမယ့်သူလည်း ဖြစ်တယ်။ ပွဲထွက်လူစာရင်းမှာ သူပါဝင်ခွင့် မရခဲ့ဘူးဆိုရင်လည်း အံ့သြသင့်မိမှာ မဟုတ်ပါဘူး။ မန်စီးတီးရဲ့ ခံစစ်ကြောင်းကို တိုက်ရိုက်ပြေးမှုတွေနဲ့ ထိုးဖောက်တာက မှန်ကန်တဲ့ ခြိမ်းခြောက်နိုင်မှု ဖြစ်မယ်လို့ ထင်တယ်။

ဒါပေမယ့်လို့ လီဗာပူးက ဒီပွဲကို အရင်ပွဲတွေလိုပဲ သေချာပြင်ဆင်ထားပါလိမ့်မယ်။ ဖာမင်နိုက အကောင်းဆုံး ပုံစံတွေ ပြသဖို့ ရုန်းကန်နေရတယ် ဆိုပေမယ့် ကလော့ပ်ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ပွဲတွေမှာ သူ့ကို အတော်လေး ယုံကြည်ပါတယ်။ ဂျိုတာရဲ့ သွင်းဂိုးတွေက ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းဖို့ သက်ရောက်စေမယ် မထင်ပါဘူး ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္စီးတီးကို ရင္ဆိုင္ကစားတဲ့ပြဲမွာ လီဗာပူးက တိုက္စစ္ သံုးေယာက္တြဲအျဖစ္ ဖာမင္ႏို၊ ဆာလက္၊ မာေနးတို႔ကို ထုတ္သံုးလိမ့္မယ္လို႔ Tactical Times က ေဖာ္ျပသြားပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ၄-၂-၃-၁ နဲ႔ ၄-၃-၃ ကစားကြက္ ႏွစ္မ်ိဴးထဲက တစ္မ်ိဴးကို ထုတ္သံုးႏုိင္ျပီး နည္းစနစ္ အားျပိဳင္မႈမ်ားမယ့္ ပြဲေကာင္းမွာေတာ့ ဖာမင္ႏိုကိုပဲ အဓိက ထုတ္သံုးမယ္လို႔ ဆိုတယ္။ အတၱလန္တာပြဲမွာေတာ့ ဂ်ိဳတာကို ၆၅ မိနစ္ ကစားခြင့္ေပးခဲ့ျပီး ပြဲထြက္လူစာရင္းကေန အနားေပးထားတဲ့ ဖာမင္ႏိုက လက္က်န္မိနစ္ေတြမွာ ပါဝင္ကစားခဲ့ပါတယ္။

Tactical Times ရဲ႕ ေဖာ္ျပမႈမွာေတာ့ ” မန္စီးတီးနဲ႔ပြဲမွာ ဖာမင္ႏိုက ပြဲထြက္ေနရာက ပါခြင့္မရဘူးဆိုရင္ အံ့ၾသသင့္မိမွာပဲ။ အတၱလန္တာပြဲမွာ ဖာမင္ႏိုကို ပြဲထြက္လူစာရင္းထဲ မထည့္တာက သူ႔ကို အနားေပးလိုတာေၾကာင့္လို႔ ထင္ပါတယ္။

နည္းစနစ္ပိုင္း အားျပိဳင္မယ့္ ပြဲၾကီးပြဲေကာင္းမွာ ဖာမင္ႏိုက အခရာက်ပါတယ္။ သူက တစ္ဦးခ်င္းေတြမွာ ဆိုးရြားေနတယ္ဆိုေပမယ့္ အသင္းလိုက္မွာေတာ့ အေရးပါေနဆဲျဖစ္ပါတယ္။ ဂ်ိဳတာက ဖာမင္ႏိုရဲ႕ အသင္းလိုက္ ထူးခၽြန္မႈကို မမွီေသးပါဘူး။

ဂ်ိဳတာက အရမ္းကို ေတာက္ပေနတယ္။ သူက အစီအစဥ္ထဲမွာ ပါလာမယ့္သူလည္း ျဖစ္တယ္။ ပြဲထြက္လူစာရင္းမွာ သူပါဝင္ခြင့္ မရခဲ့ဘူးဆိုရင္လည္း အံ့ၾသသင့္မိမွာ မဟုတ္ပါဘူး။ မန္စီးတီးရဲ႕ ခံစစ္ေၾကာင္းကို တိုက္ရိုက္ေျပးမႈေတြနဲ႔ ထိုးေဖာက္တာက မွန္ကန္တဲ့ ျခိမ္းေျခာက္ႏုိင္မႈ ျဖစ္မယ္လို႔ ထင္တယ္။

ဒါေပမယ့္လို႔ လီဗာပူးက ဒီပြဲကို အရင္ပြဲေတြလိုပဲ ေသခ်ာျပင္ဆင္ထားပါလိမ့္မယ္။ ဖာမင္ႏိုက အေကာင္းဆံုး ပံုစံေတြ ျပသဖို႔ ရုန္းကန္ေနရတယ္ ဆိုေပမယ့္ ကေလာ့ပ္ရဲ႕ နည္းစနစ္ပိုင္းဆိုင္ရာ ပြဲေတြမွာ သူ႔ကို အေတာ္ေလး ယံုၾကည္ပါတယ္။ ဂ်ိဳတာရဲ႕ သြင္းဂိုးေတြက ကေလာ့ပ္ရဲ႕ ဆံုးျဖတ္ခ်က္ကို ေျပာင္းဖို႔ သက္ေရာက္ေစမယ္ မထင္ပါဘူး ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။