စပါးတိုက်စစ်သမား ဟယ်ရီကိန်းက ဒီရာသီဟာ မနှစ်တုန်းကလို တစ်သင်းတည်းက ဦးဆောင်တဲ့ လိဂ်ပြိုင်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ သတိပေးမှု ပြုလုပ်သွားပါတယ်။

ဒီနွေမှာ စပါးအသင်းဟာ အင်အားဖြည့်မှုကောင်းတွေ ပြုလုပ်ထားသလို ကိန်းနဲ့ ဆွန်တိုက်စစ် အတွဲကလည်း အတော်လေး ခြေစွမ်းပြနေတာပါ။ ကိန်းကတော့ စွမ်းဆောင်ရည် မကောင်းချိန်မှာလည်း ရလဒ်ကို ဦးတည်တဲ့ ကြိုးစားမှုကို ပြုလုပ်ပြီး အမှတ်ပေးဖလား စိန်ခေါ်မှုရဲ့ အနီးမှာ ရှိနေအောင် ကြိုးစားမယ်လို့ ပြောပါတယ်။

ဟယ်ရီကိန်းက “ အရင် ၄ နှစ် ၅ နှစ်လောက်တုန်းက ကျနေ်ာတို့ အောင်မြင်လုဖြစ်ပေမယ့် အဆုံးသတ်ထိ မရောက်ခဲ့ဘူး။ ဒီတော့ ကောင်းမွန်တဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပြီး ပွဲအနည်းငယ် အနိုင်ရတာနဲ့ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်တယ်လို့ ပြောဖို့က မလွယ်ပါဘူး။

ဒါပေမယ့်လို့ ဒီရာသီမှာ မနှစ်တုန်းက လီဗာပူးအသင်း လုပ်ခဲ့သလို ကလပ် တစ်သင်းတည်းက အမှတ်ပေးဖလားကို အနိုင်ရဖို့ ပြတ်ပြတ်သားသား ဦးဆောင်တာမျိုး ဖြစ်လာမယ်လို့ မထင်ပါဘူး။ အခြားသော အသင်းတွေကလည်း ကောင်းမွန်တဲ့ ရလဒ်တွေနဲ့အတူ အမှတ်ပေးဇယား ထိပ်ဆုံးကို တက်ရောက်နိုင်ဖို့ အခွင့်အရေးတွေ ရှိလာမယ်လို့ ထင်ပါတယ်။

ကျနေ်ာတို့ကလည်း အမှတ်ပေးဖလား စိန်ခေါ်နိုင်ဖို့မှာ အဝေးကို လွှင့်မသွားဖို့ သေချာအောင် လုပ်ရပါမယ်။ ကျနေ်ာတို့ ကစားပုံကောင်းနေတာကို သိတယ်။ ပြီးခဲ့တဲ့ နှစ်ပွဲမှာ ကောင်းမွန်တဲ့ ရလဒ်တွေကို ရခဲ့တာကလည်း အသင်းကို ယုံကြည်မှုရှိလာစေတယ်။ ရလဒ်အတွက် စွမ်းဆောင်ရည် မကောင်းရင်လည်း အနိုင်ရဖို့လိုတယ်။ အဲ့တာကို ကျနေ်ာတို့ လုပ်နိုင်ရမယ်။

ရမှတ်တွေ လျော့နည်းလာကြမှုတွေက ဆက်ရှိနေဦးမှာပါ။ ဒါပေမယ့် အခုချိန်ထိကတော့ သိပ်ကောင်းပါတယ်။ သီတင်းပတ်အကုန်မှာ ကျနေ်ာတို့ အနိုင်ရမယ်ဆိုရင် နိုင်ငံတကာသီတင်းပတ်ကို အမှတ်ပေးဇယား ထိပ်ဆုံး တစ်နေရာမှာ ရပ်တည်းခြင်းနဲ့ သွားရောက်နိုင်လိမ့်မယ်။ ဒီအခွင့်အရေးကို အရယူဖို့ လိုပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

စပါးတိုက္စစ္သမား ဟယ္ရီကိန္းက ဒီရာသီဟာ မႏွစ္တုန္းကလို တစ္သင္းတည္းက ဦးေဆာင္တဲ့ လိဂ္ျပိဳင္ပြဲ ျဖစ္လာမွာ မဟုတ္ဘူးလို႔ သတိေပးမႈ ျပဳလုပ္သြားပါတယ္။

ဒီေႏြမွာ စပါးအသင္းဟာ အင္အားျဖည့္မႈေကာင္းေတြ ျပဳလုပ္ထားသလို ကိန္းနဲ႔ ဆြန္တိုက္စစ္ အတြဲကလည္း အေတာ္ေလး ေျခစြမ္းျပေနတာပါ။ ကိန္းကေတာ့ စြမ္းေဆာင္ရည္ မေကာင္းခ်ိန္မွာလည္း ရလဒ္ကို ဦးတည္တဲ့ ၾကိဳးစားမႈကို ျပဳလုပ္ျပီး အမွတ္ေပးဖလား စိန္ေခၚမႈရဲ႕ အနီးမွာ ရွိေနေအာင္ ၾကိဳးစားမယ္လို႔ ေျပာပါတယ္။

ဟယ္ရီကိန္းက “ အရင္ ၄ ႏွစ္ ၅ ႏွစ္ေလာက္တုန္းက က်ေန္ာတို႔ ေအာင္ျမင္လုျဖစ္ေပမယ့္ အဆံုးသတ္ထိ မေရာက္ခဲ့ဘူး။ ဒီေတာ့ ေကာင္းမြန္တဲ့ လူစာရင္းကို ပိုင္ဆိုင္ထားျပီး ပြဲအနည္းငယ္ အႏုိင္ရတာနဲ႔ အမွတ္ေပးဖလားကို စိန္ေခၚႏုိင္တယ္လို႔ ေျပာဖို႔က မလြယ္ပါဘူး။

ဒါေပမယ့္လို႔ ဒီရာသီမွာ မႏွစ္တုန္းက လီဗာပူးအသင္း လုပ္ခဲ့သလို ကလပ္ တစ္သင္းတည္းက အမွတ္ေပးဖလားကို အႏုိင္ရဖို႔ ျပတ္ျပတ္သားသား ဦးေဆာင္တာမ်ိဳး ျဖစ္လာမယ္လို႔ မထင္ပါဘူး။ အျခားေသာ အသင္းေတြကလည္း ေကာင္းမြန္တဲ့ ရလဒ္ေတြနဲ႔အတူ အမွတ္ေပးဇယား ထိပ္ဆံုးကို တက္ေရာက္ႏုိင္ဖို႔ အခြင့္အေရးေတြ ရွိလာမယ္လို႔ ထင္ပါတယ္။

က်ေန္ာတို႔ကလည္း အမွတ္ေပးဖလား စိန္ေခၚႏိုင္ဖို႔မွာ အေဝးကို လႊင့္မသြားဖို႔ ေသခ်ာေအာင္ လုပ္ရပါမယ္။ က်ေန္ာတို႔ ကစားပံုေကာင္းေနတာကို သိတယ္။ ျပီးခဲ့တဲ့ ႏွစ္ပြဲမွာ ေကာင္းမြန္တဲ့ ရလဒ္ေတြကို ရခဲ့တာကလည္း အသင္းကို ယံုၾကည္မႈရွိလာေစတယ္။ ရလဒ္အတြက္ စြမ္းေဆာင္ရည္ မေကာင္းရင္လည္း အႏုိင္ရဖို႔လိုတယ္။ အဲ့တာကို က်ေန္ာတို႔ လုပ္ႏုိင္ရမယ္။

ရမွတ္ေတြ ေလ်ာ့နည္းလာၾကမႈေတြက ဆက္ရွိေနဦးမွာပါ။ ဒါေပမယ့္ အခုခ်ိန္ထိကေတာ့ သိပ္ေကာင္းပါတယ္။ သီတင္းပတ္အကုန္မွာ က်ေန္ာတို႔ အႏုိင္ရမယ္ဆိုရင္ ႏုိင္ငံတကာသီတင္းပတ္ကို အမွတ္ေပးဇယား ထိပ္ဆံုး တစ္ေနရာမွာ ရပ္တည္းျခင္းနဲ႔ သြားေရာက္ႏုိင္လိမ့္မယ္။ ဒီအခြင့္အေရးကို အရယူဖို႔ လိုပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။