ဒီနွေအပြောင်းအရွှေ့တုန်းက လီဗာပူးအသင်းဟာ ဝုဗ်အသင်း တိုက်စစ်သမား ဂျိုတာကို ရဖို့အတွက် လူငယ် ခံစစ်သမား ဟိုဗာကို အခြားသော အပြောင်းအရွှေ့ တစ်ခုအဖြစ် ပြန်လည် ရောင်းထုတ်မှု လုပ်ပေးခဲ့ရပါတယ်။

အသက် ၁၈ နှစ်အရွယ် နယ်သာလန်သားအတွက် ဝုဗ်ဘက်က ပေါင် ၁၃.၅ သန်း ရောက်နိုင်တဲ့ ပြောင်းရွှေ့ကြေးမှာ ကနီး ပေါင် ၉ သန်းထိ ပေးချေခဲ့ရတယ်။ လီဗာပူးအသင်းက ဂျိုတာကို ပြန်လည် ခေါ်ယူရာမှာ ပေါင် ၄၅ သန်းထိ ဈေးရောက်မှာဖြစ်ကာ ဒီရာသီမှာတော့ ပေါင် ၄ သန်းပဲ ပေးချေရမှာဖြစ်ပါတယ်။

သို့သော်လည်း ဝုဗ်ဘက်က အလိုရှိခဲ့တဲ့ ကစားသမားက ဟိုဗာ မဟုတ်ခဲ့ဘဲ ကစားသမား နှစ်ဦးကို တောင်းခံခဲ့ပြီး လီဗာပူူးဘက်က ငြင်းဆန်ခဲ့ခြင်း ဖြစ်တယ်။ The Times သတင်းဌာနမှ လီဗာပူးသတင်းထောက် Paul Joyce က အဆိုပါကိစ္စကို ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဝုဗ်ဘက်က လိုချင်ခဲ့တဲ့ ကစားသမား နှစ်ဦးက ညာအစွန်လူ နီကိုး ဝီလီယမ်နဲ့ တိုက်စစ်သမား ဘရူးစတားတို့ ဖြစ်ပါတယ်။

ယာဂင်က အဆိုပါ နှစ်ဦးလုံးကို ပေးဖို့ ငြင်းဆန်ခဲ့တယ်။ ဝုဗ်အသင်းဟာ အစွန်-တောင်ပံ သမားပုံစံကို အသားပေးသုံးတဲ့အသင်းဖြစ်လို့ ခံစစ်ကို အားသန်တဲ့ ဟိုဗာထက် တိုက်စစ် ကစားပုံ ပိုကောင်းတဲ့ နီကိုးကို ရလိုခဲ့ပါတယ်။ ဝေလ်းကစားသမားလေးဟာ လီဗာပူးနဲ့ ကာလရှည် သက်တမ်းတိုးထားသူလည်းဖြစ်တယ်။

အသက် ၁၉ နှစ်အရွယ် နီကိုးဟာ ထရန့်ရဲ့နောက် ဒုတိယဦးစားပေး ညာအစွန်လူဖြစ်ပြီး သူ့ရဲ့ အလားအလာကောင်းတွေကို မန်နေဂျာကလော့ပ်တင် မကဘဲ ဝုဗ်မန်နေဂျာ နူနိုကလည်း မြင်ထားတာပါ။ ၎င်းတို့ဘက်ကတော့ အငှားအဖြစ်လည်း ကမ်းလှမ်းပေမယ့် လီဗာပူးဘက်က ပယ်ချခဲ့ပါတယ်။

နီကိုးဟာ ကာတစ်ဂျုံးလိုပဲ စီနီယာအဆင့် ပွဲထွက်ခွင့်တွေကို စတင်ကာ ရရှိလာနေသူဖြစ်ပြီး လာမယ့် နှစ်နှစ်၊ သုံးနှစ်အတွင်း စီနီယာအသင်းရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဖြစ်လာဖို့ ကလော့ပ်က ရည်ရွယ် ပျိုးထောင်ပေးနေတာ ဖြစ်ပါတယ်။

ZAWGYI

ဒီေႏြအေျပာင္းအေရႊ႔တုန္းက လီဗာပူးအသင္းဟာ ဝုဗ္အသင္း တိုက္စစ္သမား ဂ်ိဳတာကို ရဖို႔အတြက္ လူငယ္ ခံစစ္သမား ဟိုဗာကို အျခားေသာ အေျပာင္းအေရႊ႔ တစ္ခုအျဖစ္ ျပန္လည္ ေရာင္းထုတ္မႈ လုပ္ေပးခဲ့ရပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္ နယ္သာလန္သားအတြက္ ဝုဗ္ဘက္က ေပါင္ ၁၃.၅ သန္း ေရာက္ႏုိင္တဲ့ ေျပာင္းေရႊ႔ေၾကးမွာ ကနီး ေပါင္ ၉ သန္းထိ ေပးေခ်ခဲ့ရတယ္။ လီဗာပူးအသင္းက ဂ်ိဳတာကို ျပန္လည္ ေခၚယူရာမွာ ေပါင္ ၄၅ သန္းထိ ေစ်းေရာက္မွာျဖစ္ကာ ဒီရာသီမွာေတာ့ ေပါင္ ၄ သန္းပဲ ေပးေခ်ရမွာျဖစ္ပါတယ္။

သို႔ေသာ္လည္း ဝုဗ္ဘက္က အလိုရွိခဲ့တဲ့ ကစားသမားက ဟိုဗာ မဟုတ္ခဲ့ဘဲ ကစားသမား ႏွစ္ဦးကို ေတာင္းခံခဲ့ျပီး လီဗာပူူးဘက္က ျငင္းဆန္ခဲ့ျခင္း ျဖစ္တယ္။ The Times သတင္းဌာနမွ လီဗာပူးသတင္းေထာက္ Paul Joyce က အဆိုပါကိစၥကို ေဖာ္ျပခဲ့ျခင္းျဖစ္ျပီး ဝုဗ္ဘက္က လိုခ်င္ခဲ့တဲ့ ကစားသမား ႏွစ္ဦးက ညာအစြန္လူ နီကိုး ဝီလီယမ္နဲ႔ တိုက္စစ္သမား ဘရူးစတားတို႔ ျဖစ္ပါတယ္။

ယာဂင္က အဆိုပါ ႏွစ္ဦးလံုးကို ေပးဖို႔ ျငင္းဆန္ခဲ့တယ္။ ဝုဗ္အသင္းဟာ အစြန္-ေတာင္ပံ သမားပံုစံကို အသားေပးသံုးတဲ့အသင္းျဖစ္လို႔ ခံစစ္ကို အားသန္တဲ့ ဟိုဗာထက္ တိုက္စစ္ ကစားပံု ပိုေကာင္းတဲ့ နီကိုးကို ရလိုခ့ဲပါတယ္။ ေဝလ္းကစားသမားေလးဟာ လီဗာပူးနဲ႔ ကာလရွည္ သက္တမ္းတိုးထားသူလည္းျဖစ္တယ္။

အသက္ ၁၉ ႏွစ္အရြယ္ နီကိုးဟာ ထရန္႔ရဲ႕ေနာက္ ဒုတိယဦးစားေပး ညာအစြန္လူျဖစ္ျပီး သူ႔ရဲ႕ အလားအလာေကာင္းေတြကို မန္ေနဂ်ာကေလာ့ပ္တင္ မကဘဲ ဝုဗ္မန္ေနဂ်ာ ႏူႏိုကလည္း ျမင္ထားတာပါ။ ၄င္းတို႔ဘက္ကေတာ့ အငွားအျဖစ္လည္း ကမ္းလွမ္းေပမယ့္ လီဗာပူးဘက္က ပယ္ခ်ခဲ့ပါတယ္။

နီကိုးဟာ ကာတစ္ဂ်ံဳးလိုပဲ စီနီယာအဆင့္ ပြဲထြက္ခြင့္ေတြကို စတင္ကာ ရရွိလာေနသူျဖစ္ျပီး လာမယ့္ ႏွစ္ႏွစ္၊ သံုးႏွစ္အတြင္း စီနီယာအသင္းရဲ႕ အေရးပါတဲ့ အစိတ္အပိုင္းေတြျဖစ္လာဖို႔ ကေလာ့ပ္က ရည္ရြယ္ ပ်ိဳးေထာင္ေပးေနတာ ျဖစ္ပါတယ္။