မနှစ်ကရာသီ အီသီဟတ်ကို သွားရောက် ယှဉ်ပြိုင်ရာမှာ လီဗာပူးက မန်စီးတီးက ၄-၀ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပြီး မကြာခင်မှာပဲ အဆိုပါပွဲကို ယှဉ်ပြိုင်ရခြင်းဖြစ်ကာ အဲ့တုန်းက အသင်းဟာ အာရုံမစိုက်နိုင်ခဲ့တာကြောင့် အရေးနိမ့်ခဲ့တယ်လို့ ဝန်ခံခဲ့တယ်။ ဒီတစ်ကြိမ် တွေ့ဆုံရာမှာလည်း အပြည့်အဝ အာရုံမစိုက်ရင် ဆုံးရံှူးမှုကြီးကို ရင်ဆိုင်ရမှာဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။

ကလော့ပ်က “ အကယ်လို့ မန်စီးတီးကို ရင်ဆိုင်တဲ့ပွဲကို ရာနှုန်းပြည့် အာရုံမစိုက်ဘူးဆိုရင် ကြီးကြီးမားမား ဆုံးရံှူးရပါမယ်။ အဲ့အတွက် သက်သေပြမှု လိုလားဆိုတာတော့ မသေချာပေမယ့် ရာနှုန်းပြည့် အာရုံမစိုက်နိုင်ရင် အရေးနိမ့်မှာပါ။

ငါတို့က ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ် နိုင်ဖူးတာပါ။ ဒီတော့ လာမယ့်ပွဲကို ဘယ်လို ပြင်ဆင်ရမယ်ဆိုတာကို မသိခဲ့ပါဘူး။ အသင်းသားတွေကို ‘ကောင်လေးတွေကို အရင် သုံးရက်မှာ ဖြစ်ခဲ့တာတွေကို မေ့လိုက်တော့ စီးတီးကို ရင်ဆိုင်ကစားပြီး ကမ္ဘာကြီးတစ်ခုလုံးကို ငါတို့ ဘာဆိုတာ ပြလိုက်ရအောင် ’ ဘာညာ ကွိကွလည်း မပြောချင်ခဲ့ဘူး။

ကောင်လေးတွေက အဲ့ပွဲကို နိုင်ချင်တယ်ဆိုတာကို ငါသိတယ်။ ဒါပေမယ့် အကောင်းဆုံး မလုပ်နိုင်သလို အာရုံစိုက်မှုလည်း အပြည့်အဝ မလုပ်နိုင်ခဲ့ဘူး။ ကံမကောင်းစွာဘဲ သူတို့ ဂိုးသွင်းနိုင်ပြီး ငါတို့ ဂိုးမသွင်းနိုင်ခဲ့ဘူး။ ” လို့ ပြောခဲ့တယ်။

မနှစ်က အရေးနိမ့်မှုဟာ လီဗာပူးအသင်းသားတွေအတွက် အကြီးမားဆုံး သင်ခန်းစာဖြစ်ပြီး ဒီကနေ့မှာလည်း သင်ယူမှု မလုပ်နိုင်ဘဲ တူညီစွာပဲ အာရုံစိုက်မှုကို ပေါ့လျော့မယ်ဆိုရင် ရလဒ်ဆိုးကို ရင်ဆိုင်ရမယ်လို့ ကလော့ပ်က အသင်းသားတွေကို သတိပေးလိုက်တာ ဖြစ်ပါတယ်။

ZAWGYI

မႏွစ္ကရာသီ အီသီဟတ္ကို သြားေရာက္ ယွဥ္ျပိဳင္ရာမွာ လီဗာပူးက မန္စီးတီးက ၄-၀ နဲ႔ အေရးနိမ့္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ျပီး မၾကာခင္မွာပဲ အဆိုပါပြဲကို ယွဥ္ျပိဳင္ရျခင္းျဖစ္ကာ အဲ့တုန္းက အသင္းဟာ အာရံုမစိုက္ႏုိင္ခဲ့တာေၾကာင့္ အေရးနိမ့္ခဲ့တယ္လို႔ ဝန္ခံခဲ့တယ္။ ဒီတစ္ၾကိမ္ ေတြ႔ဆံုရာမွာလည္း အျပည့္အဝ အာရံုမစိုက္ရင္ ဆံုးရံွဴးမႈၾကီးကို ရင္ဆိုင္ရမွာျဖစ္ေၾကာင္း သတိေပးခဲ့ပါတယ္။

ကေလာ့ပ္က “ အကယ္လို႔ မန္စီးတီးကို ရင္ဆိုင္တဲ့ပြဲကို ရာႏႈန္းျပည့္ အာရံုမစိုက္ဘူးဆိုရင္ ၾကီးၾကီးမားမား ဆံုးရံွဴးရပါမယ္။ အဲ့အတြက္ သက္ေသျပမႈ လိုလားဆိုတာေတာ့ မေသခ်ာေပမယ့္ ရာႏႈန္းျပည့္ အာရံုမစိုက္ႏုိင္ရင္ အေရးနိမ့္မွာပါ။

ငါတုိ႔က ပရီးမီးယားလိဂ္ကို ပထမဆံုးအၾကိမ္ ႏုိင္ဖူးတာပါ။ ဒီေတာ့ လာမယ့္ပြဲကို ဘယ္လို ျပင္ဆင္ရမယ္ဆိုတာကို မသိခဲ့ပါဘူး။ အသင္းသားေတြကို ‘ေကာင္ေလးေတြကို အရင္ သံုးရက္မွာ ျဖစ္ခဲ့တာေတြကို ေမ့လိုက္ေတာ့ စီးတီးကို ရင္ဆုိင္ကစားျပီး ကမၻာၾကီးတစ္ခုလံုးကို ငါတို႔ ဘာဆိုတာ ျပလိုက္ရေအာင္ ’ ဘာညာ ကိြကြလည္း မေျပာခ်င္ခဲ့ဘူး။

ေကာင္ေလးေတြက အဲ့ပြဲကို ႏုိင္ခ်င္တယ္ဆိုတာကို ငါသိတယ္။ ဒါေပမယ့္ အေကာင္းဆံုး မလုပ္ႏုိင္သလို အာရံုစိုက္မႈလည္း အျပည့္အဝ မလုပ္ႏုိင္ခဲ့ဘူး။ ကံမေကာင္းစြာဘဲ သူတို႔ ဂိုးသြင္းႏုိင္ျပီး ငါတို႔ ဂိုးမသြင္းႏုိင္ခဲ့ဘူး။ ” လို႔ ေျပာခဲ့တယ္။

မႏွစ္က အေရးနိမ့္မႈဟာ လီဗာပူးအသင္းသားေတြအတြက္ အၾကီးမားဆံုး သင္ခန္းစာျဖစ္ျပီး ဒီကေန႔မွာလည္း သင္ယူမႈ မလုပ္ႏုိင္ဘဲ တူညီစြာပဲ အာရံုစိုက္မႈကို ေပါ့ေလ်ာ့မယ္ဆိုရင္ ရလဒ္ဆိုးကို ရင္ဆုိင္ရမယ္လို႔ ကေလာ့ပ္က အသင္းသားေတြကို သတိေပးလိုက္တာ ျဖစ္ပါတယ္။