လီဗာပူးအသင်းဟာ နှစ်ပေါင်း ၇၀ ကြာ လေ့ကျင့်ရေးကွင်းအဖြစ် အသုံးပြုလာတဲ့ မဲဝုဒ်ကို စွန့်ခွာကာ ကီရာဘီကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ကလပ်ရဲ့ လေ့ကျင့်ရေး အခြေစိုက်ရာ နေရာအဖြစ် မဲဝုဒ်ကိုတော့ မန်စီးတီးပွဲကြိုမှာ နောက်ဆုံး အသုံးပြုခြင်းဖြစ်တယ်။ ဒီကနေ့ မန်ချက်စတာကို ထွက်ခွာတဲ့ လီဗာပူးအသင်းဟာ နိုင်ငံတကာသီတင်းပတ်အပြီးမှာတော့ စင်တာသစ်ဖြစ်တဲ့ အက်ဆာ လေ့ကျင့်ရေးစင်တာမှာ တရားဝင် လေ့ကျင့်မှုတွေကို တင်မှာပါ။

လီဗာပူးအသင်းကို ၂၀၁၁ ခုနှစ်မှာ စတင် ရောက်ရှိလာကာ လက်ရှိ အသင်းသားတွေထဲမှာ ဝါအရင့်ဆုံး ကစားသမားဖြစ်တဲ့ ဟန်ဒါဆန်က မဲဝုဒ်ကို ဒီကနေ့မှာပဲ ဝမ်းနည်းစွာ နုတ်ဆက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၉ နှစ်က အသက် ၂၀ အရွယ် ကစားသမားအဖြစ် မဲဝုဒ်ကို ဝင်လာခဲ့တဲ့ ကွင်းလယ်လူဟာ ဒီကနေ့မှာတော့ ကလပ်ရဲ့ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် အောင်မြင်မှုတွေမှာ အဓိကကျသူ တစ်ဦးအဖြစ် မှတ်တမ်းဝင်ထားခဲ့ပါပြီ။

ဟန်ဒါဆန်က မဲဝုဒ်က နာမည်ကျော် ‘The Champions Wall’ အတွက် ဆုဖလား ကာရာဘောင်းဖလား၊ ချန်ပီယံလိဂ်၊ ယူအီးအက်ဖ်အေစူပါလိဂ်၊ ကလပ်များကမ္ဘာဖလားနဲ့ ပရီးမီးယားလိဂ်ဖလားဆိုတဲ့ ဆုဖလား ၅ လုံးကို အောင်မြင်ခဲ့သူဖြစ်တယ်။ သူဟာ စတီဗင်ဂျရတ်လို ဂန္တဝင်ကြီးနဲ့ တွဲဘက်ကစားခဲ့သလို အန်ဖီးကွင်းရဲ့ တည်ဆောက်မှုကာလတွေကိုလည်း ပါဝင်ခွင့်ရခဲ့သူ ဖြစ်ပါတယ်။

ဟန်ဒါဆန်က နောက်ဆုံးအကြိမ်ဆိုတဲ့ စာသားနဲ့အတူ မဲဝုဒ်က ပုံရိပ်တွေကို အမှတ်တရ မှတ်တမ်းတင်ခဲ့တယ်။ ထိုနည်းတူ ၂၀၁၈ မှာ မဲဝုဒ်ကို ရောက်လာခဲ့တဲ့ အယ်လီဆန်ကလည်း မဲဝုဒ်ရဲ့ အမှတ်တရတွေကို ဆက်ပြီး အောက်မေ့နေပါမယ်ဆိုကာ နုတ်ဆက်မှု ပြုလုပ်သွားပါတယ်။

၁၉၅၉ ခုနှစ်မှာ မန်နေဂျာကြီး ဘီရှန်ကလေရဲ့ စတင်မှုအဖြစ် မဲဝုဒ်ဟာ လီဗာပူးကလပ်ရဲ့ အခြေစိုက် လေ့ကျင့်ရာဌာန ဖြစ်လာခဲ့ပါတယ်။ လီဗာပူးအသင်းသားတွေအတွက် ဒုတိယအိမ်လို့ နာမည်ကျော်တဲ့ မဲဝုဒ်ဟာ နေရာကျဉ်းမြောင်းခြင်းကြောင့် အကယ်ဒမီနဲ့ စီနီယာအသင်းတွေကို ပူးတွဲလေ့ကျင့်ဖို့ ပိုမိုကျယ်ဝန်းတဲ့ ဧရိယာကို ရှာဖွေရင်း ကရာဘီကို ရွေးချယ်ခဲ့ကြတယ်။

အနာဂတ်အတွက် ကာလရှည် ရည်ရွယ်တဲ့ အစီအစဉ်တွေအရ မဲဝုဒ်ထက် ပိုမို ကျယ်ဝန်းသလို ကလပ်ရဲ့ သက်တမ်းအလိုက် အသင်းတွေကို စီနီယာအသင်းရဲ့ လေ့ကျင့်မှုတွေကို သင်ယူစေနိုင်မယ့် ကရာဘီကို ကလော့ပ်နဲ့ အသင်းပိုင်ရှင်တွေက ရွေးချယ်ခဲ့ပြီး လေ့ကျင့်ရေးစင်တာသစ်ကို ပေါင် သန်း ၅၀ အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ႏွစ္ေပါင္း ၇၀ ၾကာ ေလ့က်င့္ေရးကြင္းအျဖစ္ အသံုးျပဳလာတဲ့ မဲဝုဒ္ကို စြန္႔ခြာကာ ကီရာဘီကို ေျပာင္းေရႊ႔ေတာ့မွာ ျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဟာ ကလပ္ရဲ႕ ေလ့က်င့္ေရး အေျခစိုက္ရာ ေနရာအျဖစ္ မဲဝုဒ္ကိုေတာ့ မန္စီးတီးပြဲၾကိဳမွာ ေနာက္ဆံုး အသံုးျပဳျခင္းျဖစ္တယ္။ ဒီကေန႔ မန္ခ်က္စတာကို ထြက္ခြာတဲ့ လီဗာပူးအသင္းဟာ ႏုိင္ငံတကာသီတင္းပတ္အျပီးမွာေတာ့ စင္တာသစ္ျဖစ္တဲ့ အက္ဆာ ေလ့က်င့္ေရးစင္တာမွာ တရားဝင္ ေလ့က်င့္မႈေတြကို တင္မွာပါ။

လီဗာပူးအသင္းကို ၂၀၁၁ ခုႏွစ္မွာ စတင္ ေရာက္ရွိလာကာ လက္ရွိ အသင္းသားေတြထဲမွာ ဝါအရင့္ဆံုး ကစားသမားျဖစ္တဲ့ ဟန္ဒါဆန္က မဲဝုဒ္ကို ဒီကေန႔မွာပဲ ဝမ္းနည္းစြာ ႏုတ္ဆက္ခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၉ ႏွစ္က အသက္ ၂၀ အရြယ္ ကစားသမားအျဖစ္ မဲဝုဒ္ကို ဝင္လာခဲ့တဲ့ ကြင္းလယ္လူဟာ ဒီကေန႔မွာေတာ့ ကလပ္ရဲ႕ ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္ ေအာင္ျမင္မႈေတြမွာ အဓိကက်သူ တစ္ဦးအျဖစ္ မွတ္တမ္းဝင္ထားခဲ့ပါျပီ။

ဟန္ဒါဆန္က မဲဝုဒ္က နာမည္ေက်ာ္ ‘The Champions Wall’ အတြက္ ဆုဖလား ကာရာေဘာင္းဖလား၊ ခ်န္ပီယံလိဂ္၊ ယူအီးအက္ဖ္ေအစူပါလိဂ္၊ ကလပ္မ်ားကမၻာဖလားနဲ႔ ပရီးမီးယားလိဂ္ဖလားဆိုတဲ့ ဆုဖလား ၅ လံုးကို ေအာင္ျမင္ခဲ့သူျဖစ္တယ္။ သူဟာ စတီဗင္ဂ်ရတ္လို ဂႏၱဝင္ၾကီးနဲ႔ တြဲဘက္ကစားခဲ့သလို အန္ဖီးကြင္းရဲ႕ တည္ေဆာက္မႈကာလေတြကိုလည္း ပါဝင္ခြင့္ရခဲ့သူ ျဖစ္ပါတယ္။

ဟန္ဒါဆန္က ေနာက္ဆံုးအၾကိမ္ဆိုတဲ့ စာသားနဲ႔အတူ မဲဝုဒ္က ပံုရိပ္ေတြကို အမွတ္တရ မွတ္တမ္းတင္ခဲ့တယ္။ ထိုနည္းတူ ၂၀၁၈ မွာ မဲဝုဒ္ကို ေရာက္လာခဲ့တဲ့ အယ္လီဆန္ကလည္း မဲဝုဒ္ရဲ႕ အမွတ္တရေတြကို ဆက္ျပီး ေအာက္ေမ့ေနပါမယ္ဆိုကာ ႏုတ္ဆက္မႈ ျပဳလုပ္သြားပါတယ္။

၁၉၅၉ ခုႏွစ္မွာ မန္ေနဂ်ာၾကီး ဘီရွန္ကေလရဲ႕ စတင္မႈအျဖစ္ မဲဝုဒ္ဟာ လီဗာပူးကလပ္ရဲ႕ အေျခစိုက္ ေလ့က်င့္ရာဌာန ျဖစ္လာခဲ့ပါတယ္။ လီဗာပူးအသင္းသားေတြအတြက္ ဒုတိယအိမ္လို႔ နာမည္ေက်ာ္တဲ့ မဲဝုဒ္ဟာ ေနရာက်ဥ္းေျမာင္းျခင္းေၾကာင့္ အကယ္ဒမီနဲ႔ စီနီယာအသင္းေတြကို ပူးတြဲေလ့က်င့္ဖို႔ ပိုမိုက်ယ္ဝန္းတဲ့ ဧရိယာကို ရွာေဖြရင္း ကရာဘီကို ေရြးခ်ယ္ခဲ့ၾကတယ္။

အနာဂတ္အတြက္ ကာလရွည္ ရည္ရြယ္တဲ့ အစီအစဥ္ေတြအရ မဲဝုဒ္ထက္ ပိုမို က်ယ္ဝန္းသလို ကလပ္ရဲ႕ သက္တမ္းအလုိက္ အသင္းေတြကို စီနီယာအသင္းရဲ႕ ေလ့က်င့္မႈေတြကို သင္ယူေစႏုိင္မယ့္ ကရာဘီကို ကေလာ့ပ္နဲ႔ အသင္းပိုင္ရွင္ေတြက ေရြးခ်ယ္ခဲ့ျပီး ေလ့က်င့္ေရးစင္တာသစ္ကို ေပါင္ သန္း ၅၀ အကုန္အက်ခံ တည္ေဆာက္ခ့ဲတာျဖစ္ပါတယ္။