ဒီကနေ့မှာတော့ နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ် မတိုင်ခင် နောက်ဆုံးသော ပရီးမီးယားလိဂ်ပွဲအဖြစ် မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဒီပွဲနဲ့ ပက်သက်လို့ လီဗာပူးအသင်းမှာ မေးခွန်းထုတ်စရာ နေရာတွေများနေပြီး တစ်ခုကတော့ ခံစစ်တန်းဖြစ်ပါတယ်။ လီဗာပူးခံစစ်မှာတော့ ဗန်ဒိုက်နဲ့ ဖာဘင်ညိုတို့ ဒဏ်ရာရနေတာကြောင့် ဂိုးမက်စ်အပြင် နက်ဖီးလစ်၊ ရိုင်းစ် ဝီလီယမ်နဲ့ ဒဏ်ရာက ပြန်သက်သာလာတဲ့ မာတစ်တို့ကို ရွေးချယ်လို့ရမှာ ဖြစ်ပါတယ်။

မန်နေဂျာကတော့ အသက် ၂၃ နှစ်အရွယ်မှာပဲ ပရီးမီးယားလိဂ် ပွဲ ၁၀၀ မြောက်ကို ကစားတော့မယ့် ဂိုးမက်စ်ကို ထုတ်သုံးမှာဖြစ်တယ်။ သူ့ရဲ့ တွဲဘက်အဖြစ်တော့ ဒဏ်ရာက ပြန်သက်သာလာတဲ့ မာတစ်ကို ထုတ်သုံးသွားမယ်လို့ လီဗာပူးသတင်းထောက် Neil Jones က ဆိုပါတယ်။

မာတစ်ဟာ အဲဗာတန်နဲ့ပွဲမှာ ပွဲချိန်ပြည့် မိနစ် ၉၀ ပါဝင်ကစားခဲ့ပေမယ့် အဆိုပါပွဲနောက်ပိုင်း နောက်ဆက်တွဲ ဒဏ်ရာတွေကြောင့် အနားယူနေခဲ့ရသူပါ။ သို့သော် လီဗာပူးရဲ့ လေ့ကျင့်ရေးကို ချန်ပီယံလိဂ်ပွဲဖြစ်တဲ့ အတ္တလန်တာနဲ့ပွဲ မတိုင်ခင်တည်းက ပြန်လည်ပါဝင်လာနိုင်ပြီး ကြံ့ခိုင်မှုလည်း ပြန်ကောင်းနေပါပြီ။

မန်စီးတီးနဲ့ပွဲမှာတော့ နက်ဖီးလစ်နဲ့ ရိုင်းစ်တို့ကို အခွင့်အရေးပေးဖို့ထက် ဝါရင့် ခံစစ်သမားကို ထုတ်သုံးဖို့ပဲ ကလော့ပ်က ရည်ရွယ်လာတယ်။ မာတစ်နဲ့ ဂိုးမက်စ်တို့ ခံစစ်အတွဲဟာ ယခင်ကလည်း ပွဲထုတ်ဖူးတာကြောင့် အဆင်ပြေမယ်လို ယုံကြည်ရပြီး ကွင်းလယ်မှာတော့ ဟန်ဒါဆန်၊ ဝိုက်နယ်ဒမ်အတွဲကို ထုတ်သုံးမှာဖြစ်ပါတယ်။

ဒီကနေ့ပွဲဟာ အနိုင်ရလဒ်ရမှ အမှတ်ပေးဇယားကို ပြန်ဦးဆောင်နိုင်မှာဖြစ်လို့ အရေးပါတဲ့ ပွဲကောင်းအဖြစ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔မွာေတာ့ ႏုိဝင္ဘာလ ႏုိင္ငံတကာသီတင္းပတ္ မတိုင္ခင္ ေနာက္ဆံုးေသာ ပရီးမီးယားလိဂ္ပြဲအျဖစ္ မန္စီးတီးနဲ႔ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။

ဒီပြဲနဲ႔ ပက္သက္လို႔ လီဗာပူးအသင္းမွာ ေမးခြန္းထုတ္စရာ ေနရာေတြမ်ားေနျပီး တစ္ခုကေတာ့ ခံစစ္တန္းျဖစ္ပါတယ္။ လီဗာပူးခံစစ္မွာေတာ့ ဗန္ဒိုက္နဲ႔ ဖာဘင္ညိဳတို႔ ဒဏ္ရာရေနတာေၾကာင့္ ဂိုးမက္စ္အျပင္ နက္ဖီးလစ္၊ ရိုင္းစ္ ဝီလီယမ္နဲ႔ ဒဏ္ရာက ျပန္သက္သာလာတဲ့ မာတစ္တို႔ကို ေရြးခ်ယ္လို႔ရမွာ ျဖစ္ပါတယ္။

မန္ေနဂ်ာကေတာ့ အသက္ ၂၃ ႏွစ္အရြယ္မွာပဲ ပရီးမီးယားလိဂ္ ပြဲ ၁၀၀ ေျမာက္ကို ကစားေတာ့မယ့္ ဂိုးမက္စ္ကို ထုတ္သံုးမွာျဖစ္တယ္။ သူ႔ရဲ႕ တြဲဘက္အျဖစ္ေတာ့ ဒဏ္ရာက ျပန္သက္သာလာတဲ့ မာတစ္ကို ထုတ္သံုးသြားမယ္လို႔ လီဗာပူးသတင္းေထာက္ Neil Jones က ဆိုပါတယ္။

မာတစ္ဟာ အဲဗာတန္နဲ႔ပြဲမွာ ပြဲခ်ိန္ျပည့္ မိနစ္ ၉၀ ပါဝင္ကစားခဲ့ေပမယ့္ အဆိုပါပြဲေနာက္ပိုင္း ေနာက္ဆက္တြဲ ဒဏ္ရာေတြေၾကာင့္ အနားယူေနခဲ့ရသူပါ။ သို႔ေသာ္ လီဗာပူးရဲ႕ ေလ့က်င့္ေရးကို ခ်န္ပီယံလိဂ္ပြဲျဖစ္တဲ့ အတၱလန္တာနဲ႔ပြဲ မတိုင္ခင္တည္းက ျပန္လည္ပါဝင္လာႏုိင္ျပီး ၾကံ႕ခိုင္မႈလည္း ျပန္ေကာင္းေနပါျပီ။

မန္စီးတီးနဲ႔ပြဲမွာေတာ့ နက္ဖီးလစ္နဲ႔ ရိုင္းစ္တို႔ကို အခြင့္အေရးေပးဖို႔ထက္ ဝါရင့္ ခံစစ္သမားကို ထုတ္သံုးဖို႔ပဲ ကေလာ့ပ္က ရည္ရြယ္လာတယ္။ မာတစ္နဲ႔ ဂိုးမက္စ္တို႔ ခံစစ္အတြဲဟာ ယခင္ကလည္း ပြဲထုတ္ဖူးတာေၾကာင့္ အဆင္ေျပမယ္လို ယံုၾကည္ရျပီး ကြင္းလယ္မွာေတာ့ ဟန္ဒါဆန္၊ ဝိုက္နယ္ဒမ္အတြဲကို ထုတ္သံုးမွာျဖစ္ပါတယ္။

ဒီကေန႔ပြဲဟာ အႏိုင္ရလဒ္ရမွ အမွတ္ေပးဇယားကို ျပန္ဦးေဆာင္ႏုိင္မွာျဖစ္လုိ႔ အေရးပါတဲ့ ပြဲေကာင္းအျဖစ္ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။