ဝုဗ်မန်နေဂျာ နူနိုက ” ဒီယေဂိုအတွက် ကျနော် တကယ်ကို ပျော်ပါတယ်။ သူ ဒီတိုင်း ဆက်ပြီး ခြေစွမ်းပြနိုင်ဖို့နဲ့ တစ်ပွဲချင်း ပျော်ရွှင်ရဖို့လည်း မျှော်လင့်ပါတယ်။ သူ့မျက်နှာမှာ ပြုံးပန်းဝေနတာကို မြင်ရတာအတွက် ပျော်ရပါတယ် ” လို့ တပည့်ဟောင်းနဲ့ ပက်သက်လို့ မှတ်ချက်ပေးပါတယ်။

လီဗာပူး လူငယ်လေး စတီးဝပ်ဟာ ယူ-၁၈ အသင်းမှာ ဂိုးသွင်းနေမှုကို ရှေ့ဆက် တိုးနေပြီး ဒီရာသီ သွင်းဂိုး ၁၀ ဂိုးထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးခံစစ်ကြောင်းက ဗန်ဒိုက်ကို အခြေခံပြီး တည်ဆောက်ထားတာကြောင့် သူ့ကို လက်လွတ်ရတာက အထိနာပေမယ့် နက်ဖီးလစ်နဲ့ ရိုင်းစ် ဝီလီယမ်တို့ ချိန်သားကိုက် တောက်ပလာမှုအတွက် ကျေနပ်မိတယ်လို့ ဆာလက်က ပြောပါတယ်။

ဒီနွေတုန်းက တိုက်စစ်သမားတစ်ဦး အစားထိုးဖို့ လီဗာပူး ချိန်ရွယ်ခဲ့သူတွေက ဂျိုတာအပြင် တီမိုဝါနာ၊ ဆာနဲ့ ဂျိုနသန် ဒေးဗစ်တို့ဖြစ်တယ်လို့ The Times က ဖော်ပြပါတယ်။

လီဗာပူးတိုက်စစ်သမား ဆာလက်က မန်စီးတီးပွဲကြိုမှာ အကောင်းဆုံး ပုံစံရနေတဲ့ အသင်းဖော် ဂျိုတာကိုကော အသင်းအတွက် အမြဲတမ်း ပေးဆပ်ကစားတဲ့ တိုက်စစ်မှူး ဖာမင်နိုကိုပါ ချီးကျူးပြောဆိုမှုတွေ လုပ်သွားခဲ့ပါတယ်။

မန်စီးတီးပွဲနဲ့ ပက်သက်ပြီး ဆာလက်က “ သူတို့ကစားတဲ့ ကိုယ်ပိုင်းနည်းလမ်းနဲ့အတူ မန်စီးတီးဟာ ထိပ်တန်းအဆင့်မှာ နှစ်ပေါင်းများစွာ ရှိလာတာပါ။ ကျနေ်ာတို့ကြားမှာ အမြဲတမ်း ပြိုင်ဆိုင်မှု ရှိပါတယ်။ နှစ်ဘက်စလုံးအတွက်က ပြိုင်ဆိုင်မှု ရှိကြပါတယ်။ ဒါကြောင့် ရောက်လာမယ့်ပွဲအတွက် အာရုံစိုက်ရမှာပါ။ သူတို့ကလည်း ဒီပွဲကို အာရုံစိုက်နေမှာပါ ” လို့ မှတ်ချက်ပေးပါတယ်။

ချိန်ဘာလိန်ရဲ့ ဒဏ်ရာနဲ့ ပက်သက်ပြီး လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ” ချိန်ဘာလိန်ရဲ့ ဒဏ်ရာကတော့ ကနဦး မျှော်လင့်ထားတာထက် ပိုကြာသွားနိုင်ပါတယ်။ သူဟာ အခုချိန်ထိ အပြင်းထွက်ပြီး လေ့ကျင့်မှုတောင် လုပ်နိုင်ခြင်း မရှိသေးပါဘူး ” လို့ ဆိုခဲ့တာပါ။

မန်နေဂျာကလော့ပ်က မန်စီးတီးပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ အပြီးမှာ မဲဝုဒ်ကို စွန့်ခွာကာ ကီရာဘီ လေ့ကျင့်ရေးကွင်းသစ်ထံ အပြီးသတ် ပြောင်းရွှေ့တော့မှာအတွက် ဝမ်းသာ ဝမ်းနည်းဖြစ်မိတယ်လို့ ဝန်ခံပါတယ်။

ကမ္ဘာဘောလုံး ဂန္တဝင်ကြီး ကာဖူးက လီဗာပူးအသင်းရဲ့ ညာအစွန်လူ ထရန့်ကို အတော်လေး မျှော်လင့်နေဟန်ရှိပြီး ကမ္ဘာအကောင်းဆုံးတွေထဲက တစ်ဦးဆိုတဲ့ ထိုင်ခုံကို ရနိုင်ဖို့အတွက် ကမ္ဘာဖလားချန်ပီယံဖြစ်လာအောင် ကြိုးစားရမယ်လို့ သတိပေးသွားပါတယ်။

ZAWGYI

ဝုဗ္မန္ေနဂ်ာ ႏူႏိုက ” ဒီေယဂိုအတြက္ က်ေနာ္ တကယ္ကို ေပ်ာ္ပါတယ္။ သူ ဒီတုိင္း ဆက္ျပီး ေျခစြမ္းျပႏုိင္ဖို႔နဲ႔ တစ္ပြဲခ်င္း ေပ်ာ္ရႊင္ရဖို႔လည္း ေမွ်ာ္လင့္ပါတယ္။ သူ႔မ်က္ႏွာမွာ ျပံဳးပန္းေဝနတာကို ျမင္ရတာအတြက္ ေပ်ာ္ရပါတယ္ ” လို႔ တပည့္ေဟာင္းနဲ႔ ပက္သက္လို႔ မွတ္ခ်က္ေပးပါတယ္။

လီဗာပူး လူငယ္ေလး စတီးဝပ္ဟာ ယူ-၁၈ အသင္းမွာ ဂိုးသြင္းေနမႈကို ေရွ႔ဆက္ တိုးေနျပီး ဒီရာသီ သြင္းဂိုး ၁၀ ဂိုးထိ ရွိလာခဲ့ျပီ ျဖစ္ပါတယ္။

လီဗာပူးခံစစ္ေၾကာင္းက ဗန္ဒိုက္ကို အေျခခံျပီး တည္ေဆာက္ထားတာေၾကာင့္ သူ႔ကို လက္လြတ္ရတာက အထိနာေပမယ့္ နက္ဖီးလစ္နဲ႔ ရိုင္းစ္ ဝီလီယမ္တို႔ ခ်ိန္သားကိုက္ ေတာက္ပလာမႈအတြက္ ေက်နပ္မိတယ္လို႔ ဆာလက္က ေျပာပါတယ္။

ဒီေႏြတုန္းက တိုက္စစ္သမားတစ္ဦး အစားထိုးဖို႔ လီဗာပူး ခ်ိန္ရြယ္ခဲ့သူေတြက ဂ်ိဳတာအျပင္ တီမိုဝါနာ၊ ဆာနဲ႔ ဂ်ိဳနသန္ ေဒးဗစ္တို႔ျဖစ္တယ္လို႔ The Times က ေဖာ္ျပပါတယ္။

လီဗာပူးတိုက္စစ္သမား ဆာလက္က မန္စီးတီးပြဲၾကိဳမွာ အေကာင္းဆံုး ပံုစံရေနတဲ့ အသင္းေဖာ္ ဂ်ိဳတာကိုေကာ အသင္းအတြက္ အျမဲတမ္း ေပးဆပ္ကစားတဲ့ တိုက္စစ္မွဴး ဖာမင္ႏိုကိုပါ ခ်ီးက်ဴးေျပာဆိုမႈေတြ လုပ္သြားခဲ့ပါတယ္။

မန္စီးတီးပြဲနဲ႔ ပက္သက္ျပီး ဆာလက္က “ သူတို႔ကစားတဲ့ ကိုယ္ပိုင္းနည္းလမ္းနဲ႔အတူ မန္စီးတီးဟာ ထိပ္တန္းအဆင့္မွာ ႏွစ္ေပါင္းမ်ားစြာ ရွိလာတာပါ။ က်ေန္ာတို႔ၾကားမွာ အျမဲတမ္း ျပိဳင္ဆိုင္မႈ ရွိပါတယ္။ ႏွစ္ဘက္စလံုးအတြက္က ျပိဳင္ဆိုင္မႈ ရွိၾကပါတယ္။ ဒါေၾကာင့္ ေရာက္လာမယ့္ပြဲအတြက္ အာရံုစိုက္ရမွာပါ။ သူတို႔ကလည္း ဒီပြဲကို အာရံုစိုက္ေနမွာပါ ” လို႔ မွတ္ခ်က္ေပးပါတယ္။

ခ်ိန္ဘာလိန္ရဲ႕ ဒဏ္ရာနဲ႔ ပက္သက္ျပီး လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က ” ခ်ိန္ဘာလိန္ရဲ႕ ဒဏ္ရာကေတာ့ ကနဦး ေမွ်ာ္လင့္ထားတာထက္ ပိုၾကာသြားႏုိင္ပါတယ္။ သူဟာ အခုခ်ိန္ထိ အျပင္းထြက္ျပီး ေလ့က်င့္မႈေတာင္ လုပ္ႏုိုင္ျခင္း မရွိေသးပါဘူး ” လို႔ ဆိုခဲ့တာပါ။

မန္ေနဂ်ာကေလာ့ပ္က မန္စီးတီးပြဲအတြက္ ၾကိဳတင္ျပင္ဆင္မႈေတြ အျပီးမွာ မဲဝုဒ္ကို စြန္႔ခြာကာ ကီရာဘီ ေလ့က်င့္ေရးကြင္းသစ္ထံ အျပီးသတ္ ေျပာင္းေရႊ႔ေတာ့မွာအတြက္ ဝမ္းသာ ဝမ္းနည္းျဖစ္မိတယ္လို႔ ဝန္ခံပါတယ္။

ကမၻာေဘာလံုး ဂႏၱဝင္ၾကီး ကာဖူးက လီဗာပူးအသင္းရဲ႕ ညာအစြန္လူ ထရန္႔ကို အေတာ္ေလး ေမွ်ာ္လင့္ေနဟန္ရွိျပီး ကမၻာအေကာင္းဆံုးေတြထဲက တစ္ဦးဆိုတဲ့ ထိုင္ခံုကို ရႏုိင္ဖို႔အတြက္ ကမၻာဖလားခ်န္ပီယံျဖစ္လာေအာင္ ၾကိဳးစားရမယ္လို႔ သတိေပးသြားပါတယ္။