လီဗာပူးအသင်းဟာ လိုက်ဇစ်အသင်းခံစစ်မှူး ကိုနိတ်ကို ခေါ်ယူရေးအတွက် လှုပ်ရှားနေမှုက အတော်လေး အဆင်ပြေလာတဲ့ အခြေအနေဖြစ်ကြောင်း ဂျာမနီ BILD သတင်းဌာနရဲ့ သတင်းထောက် BILD က ထုတ်ပြောလာပါတယ်။

အစောပိုင်းတည်းက ပြင်သစ်သား ခံစစ်မှူး ကိုနိတ်အတွက် လီဗာပူးဘက်က ယူရို သန်း ၄၀ ပေးရမယ်လို့ သိထားရတာဖြစ်တယ်။ ဒါပေမယ့်လို့ ကပ်ဘေးအတွင်း ဘဏ္ဍာရေးဆိုင်ရာ ထိခိုက်မှုတွေအရ ဒီနွေမှာ ကိုနိတ်ကို ခေါ်ယူမယ်ဆိုရင် စာချုပ်ပါကြေးထက် ပိုနည်းတဲ့ ပမာဏကိုပဲ လီဗာပူးအသင်းဘက်က ပေးချေရမှာ ဖြစ်ပါတယ်။

Falk က ပြောရာမှာ “ ကိုနိတ်အတွက်က အဲ့လောက်ကြီး ဈေးမကြီးတော့ပါဘူး။ ကိစ္စတွေက တိတ်ဆိတ်နေတယ်။ ဒီတော့ အခုချိန်မှာ အပြောင်းအရွှေ့ကိစ္စ စကားပြောနေမှုဗတွက နောက်ဆုံးအဆင့်ကိုတောင် ရောက်နေပုံရပါတယ်။

ကျနော် ကြားထားတာတော့ လီဗာပူးက အဆင့်တွေကို ကျော်ဖြတ်နေပါပြီ။ ကိုနိတ် ဒဏ်ရာရခဲ့တဲ့ ကိစ္စတွေကို အချက်အလက်တွေကတစ်ဆင့် လီဗာပူးဘက်က စစ်ဆေးကြည့်ရှုနေပါတယ်။ သတင်းကောင်းကတော့ အပြောင်းအရွှေ့က ယူရို သန်း ၄၀ ထက် ပိုမယ်လို့ပဲ သိထားခဲ့တယ်။ ဒါပေမယ့် ကျနေ်ာတို့ ရထားတဲ့ အချက်အလက်တွေအရ ပြောင်းရွှေ့ကြေးဟာ ယူရို ၃၂-၃၄ သန်းကြားပဲ ကျသင့်ပါမယ်။

ဒီအခြေအနေမှာတော့ သက်သာသွားတဲ့ သန်းဂဏန်းတွေဟာ အပြောင်းအရွှေကို ပိုလွယ်ကူစေဖို့ ဖြစ်လာနေပါတယ် ” လို့ ဖော်ပြသွားတာဖြစ်တယ်။

လီဗာပူးအသင်းဟာ လာမယ့်ရာသီအတွက် ခံစစ်မှူး ခေါ်ယူရာမှာ ခါဘတ်နဲ့ ကိုနိတ်တို့ထဲက အနည်းဆုံး တစ်ဦးကို ခေါ်ယူသွားမှာပါ။ လောလောဆယ်တော့ ကလပ်ဘက်က ဘယ်သူ့ကို ဦးစားပေးမလဲ မသိရသေးပေမယ့် ကိုနိတ်ကို ခေါ်ယူဖို့အတွက်လည်း နောက်ဆုံးအဆင့်ကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လိုက္ဇစ္အသင္းခံစစ္မွဴး ကိုနိတ္ကို ေခၚယူေရးအတြက္ လႈပ္ရွားေနမႈက အေတာ္ေလး အဆင္ေျပလာတဲ့ အေျခအေနျဖစ္ေၾကာင္း ဂ်ာမနီ BILD သတင္းဌာနရဲ႕ သတင္းေထာက္ BILD က ထုတ္ေျပာလာပါတယ္။

အေစာပိုင္းတည္းက ျပင္သစ္သား ခံစစ္မွဴး ကိုနိတ္အတြက္ လီဗာပူးဘက္က ယူရို သန္း ၄၀ ေပးရမယ္လို႔ သိထားရတာျဖစ္တယ္။ ဒါေပမယ့္လို႔ ကပ္ေဘးအတြင္း ဘ႑ာေရးဆိုင္ရာ ထိခိုက္မႈေတြအရ ဒီေႏြမွာ ကိုနိတ္ကို ေခၚယူမယ္ဆိုရင္ စာခ်ဳပ္ပါေၾကးထက္ ပုိနည္းတဲ့ ပမာဏကိုပဲ လီဗာပူးအသင္းဘက္က ေပးေခ်ရမွာ ျဖစ္ပါတယ္။

Falk က ေျပာရာမွာ “ ကိုနိတ္အတြက္က အဲ့ေလာက္ၾကီး ေစ်းမၾကီးေတာ့ပါဘူး။ ကိစၥေတြက တိတ္ဆိတ္ေနတယ္။ ဒီေတာ့ အခုခ်ိန္မွာ အေျပာင္းအေရႊ႔ကိစၥ စကားေျပာေနမႈဗတြက ေနာက္ဆံုးအဆင့္ကိုေတာင္ ေရာက္ေနပံုရပါတယ္။

က်ေနာ္ ၾကားထားတာေတာ့ လီဗာပူးက အဆင့္ေတြကို ေက်ာ္ျဖတ္ေနပါျပီ။ ကိုနိတ္ ဒဏ္ရာရခဲ့တဲ့ ကိစၥေတြကို အခ်က္အလက္ေတြကတစ္ဆင့္ လီဗာပူးဘက္က စစ္ေဆးၾကည့္ရႈေနပါတယ္။ သတင္းေကာင္းကေတာ့ အေျပာင္းအေရႊ႔က ယူရို သန္း ၄၀ ထက္ ပိုမယ္လို႔ပဲ သိထားခ့ဲတယ္။ ဒါေပမယ့္ က်ေန္ာတို႔ ရထားတဲ့ အခ်က္အလက္ေတြအရ ေျပာင္းေရႊ႔ေၾကးဟာ ယူရို ၃၂-၃၄ သန္းၾကားပဲ က်သင့္ပါမယ္။

ဒီအေျခအေနမွာေတာ့ သက္သာသြားတဲ့ သန္းဂဏန္းေတြဟာ အေျပာင္းအေရႊကို ပိုလြယ္ကူေစဖို႔ ျဖစ္လာေနပါတယ္ ” လို႔ ေဖာ္ျပသြားတာျဖစ္တယ္။

လီဗာပူးအသင္းဟာ လာမယ့္ရာသီအတြက္ ခံစစ္မွဴး ေခၚယူရာမွာ ခါဘတ္နဲ႔ ကိုနိတ္တို႔ထဲက အနည္းဆံုး တစ္ဦးကို ေခၚယူသြားမွာပါ။ ေလာေလာဆယ္ေတာ့ ကလပ္ဘက္က ဘယ္သူ႔ကို ဦးစားေပးမလဲ မသိရေသးေပမယ့္ ကိုနိတ္ကို ေခၚယူဖို႔အတြက္လည္း ေနာက္ဆံုးအဆင့္ကို ေရာက္လာခဲ့ျပီျဖစ္ပါတယ္။