ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်း ၁၀ သင်းနဲ့ ၎င်းတို့ တန်ကြေးတွေ စာရင်းကို ကမ္ဘာကျော် ဖို့စ် မဂဇင်းကနေ ဖော်ထုတ်သွားရာ လီဗာပူးအသင်းကတော့ ၃ ဆင့်တက်လာပြီး ထိပ်ဆုံး ၅သင်းထဲ ပါဝင်လာပြီ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ ယခင် ထိပ်ဆုံး ၃ သင်းထဲ ဝင်ရာကနေ အဆင့်ကျသွားပြီး ဥရောပ ချန်ပီယံ ဖြစ်ထားတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ကျော်တက်ခြင်း ခံလိုက်ရပါတယ်။ လောလောဆယ် ထိပ်ဆုံးမှာ တန်ကြေး အမြင့်ဆုံး အဖြစ် ရှိနေတာကတော့ ဘာစီလိုနာ ဖြစ်ပြီး တန်ကြေး ပေါင် ၃.၄၆ ဘီလီယံ ရှိပါတယ်။

ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ လီဗာပူးအသင်းကတော့ တန်ကြေး ပေါင် ၂.၉၈ ဘီလီယံနဲ့ အဆင့် ၅ မှာ ရှိပြီး လီဗာပူးနောက်မှာတော့ မန်စီးတီး၊ ချယ်ဆီးနဲ့ အာဆင်နယ်တို့က အဆင့် ၆၊ ၇၊ ၈ အသီးသီး ရပ်တည်နေတာပါ။

လီဗာပူးအသင်းဟာ လတ်တလောမှာ ငွေကြေးအဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ RedBird Capital နဲ့ သဘောတူညီမှု ရထားပြီး အသင်း ပိုင်ရှင် FSG အုပ်စုက သူတို့ရဲ့ ရှယ်ယာ ၁၀% ကို တန်ကြေး ပေါင် ၅၃၈ သန်းနဲ့ ရောင်းချခဲ့ပါတယ်။

မန်စီးတီး အသင်း နည်းပြ ပက် ဂွာဒီယိုလာဟာ အသင်းကို စီမံဖို့ ဘတ်ဂျက် များစွာ ရရှိခဲ့ပေမယ့် အသင်း တန်ကြေးက ပေါင် ၂.၉၁ ဘီလီယံ ရှိပြီး လီဗာပူး နောက်မှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ခဲ့တဲ့ ပီအက်စ်ဂျီက အဆင့် ၉ မှာ ရှိပြီး စပါးအသင်းက အဆင့် ၁၀ မှာ ရှိနေပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်း ၁၀ သင်း စာရင်းက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

1. Barcelona – $4.76billion (£3.46bn)

2. Real Madrid – $4.75billion (£3.46bn)

3. Bayern Munich – $4.22billion (£3.07bn)

4. Manchester United – $4.2billion (£3.06bn)

5. Liverpool – $4.1billion (£2.98bn)

6. Manchester City – $4billion (£2.91bn)

7. Chelsea – $3.2billion (£2.33bn)

8. Arsenal – $2.8billion (£2.04bn)

9. Paris Saint-Germain – $2.5billion (£1.82bn)

10. Tottenham Hotspur – $2.3billion (£1.67bn)

Zawgyi – ကမၻာ့အခ်မ္းသာဆံုး ကလပ္အသင္း ၁၀ သင္းနဲ႕ ၄င္းတို႔ တန္ေၾကးေတြ စာရင္းကို ကမၻာေက်ာ္ ဖို႔စ္ မဂဇင္းကေန ေဖာ္ထုတ္သြားရာ လီဗာပူးအသင္းကေတာ့ ၃ ဆင့္တက္လာျပီး ထိပ္ဆံုး ၅သင္းထဲ ပါ၀င္လာျပီ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနုိက္တက္ကေတာ့ ယခင္ ထိပ္ဆံုး ၃ သင္းထဲ ၀င္ရာကေန အဆင့္က်သြားျပီး ဥေရာပ ခ်န္ပီယံ ျဖစ္ထားတဲ့ ဘိုင္ယန္ျမဴးနစ္ရဲ႕ ေက်ာ္တက္ျခင္း ခံလိုက္ရပါတယ္။ ေလာေလာဆယ္ ထိပ္ဆံုးမွာ တန္ေၾကး အျမင့္ဆံုး အျဖစ္ ရွိေနတာကေတာ့ ဘာစီလိုနာ ျဖစ္ျပီး တန္ေၾကး ေပါင္ ၃.၄၆ ဘီလီယံ ရွိပါတယ္။

ပရီးမီးယားလိဂ္ လက္ရွိ ခ်န္ပီယံ လီဗာပူးအသင္းကေတာ့ တန္ေၾကး ေပါင္ ၂.၉၈ ဘီလီယံနဲ႕ အဆင့္ ၅ မွာ ရွိျပီး လီဗာပူးေနာက္မွာေတာ့ မန္စီးတီး၊ ခ်ယ္ဆီးနဲ႕ အာဆင္နယ္တို႔က အဆင့္ ၆၊ ၇၊ ၈ အသီးသီး ရပ္တည္ေနတာပါ။

လီဗာပူးအသင္းဟာ လတ္တေလာမွာ ေငြေၾကးအဖြဲ႕အစည္း တစ္ခု ျဖစ္တဲ့ RedBird Capital နဲ႕ သေဘာတူညီမႈ ရထားျပီး အသင္း ပိုင္ရွင္ FSG အုပ္စုက သူတို႔ရဲ႕ ရွယ္ယာ ၁၀% ကို တန္ေၾကး ေပါင္ ၅၃၈ သန္းနဲ႕ ေရာင္းခ်ခဲ့ပါတယ္။

မန္စီးတီး အသင္း နည္းျပ ပက္ ဂြာဒီယိုလာဟာ အသင္းကို စီမံဖို႔ ဘတ္ဂ်က္ မ်ားစြာ ရရွိခဲ့ေပမယ့္ အသင္း တန္ေၾကးက ေပါင္ ၂.၉၁ ဘီလီယံ ရွိျပီး လီဗာပူး ေနာက္မွာ ရွိေနပါတယ္။ ျပီးခဲ့တဲ့ ရာသီ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ေရာက္ခဲ့တဲ့ ပီအက္စ္ဂ်ီက အဆင့္ ၉ မွာ ရွိျပီး စပါးအသင္းက အဆင့္ ၁၀ မွာ ရွိေနပါတယ္။