လီဗာပူးအသင်းက ကိုနိတ်ကို ခေါ်ယူဖို့ ကြိုးစားနေတယ်ဆိုတာက သာမာန် အပြောင်းအရွှေ့ ကောလဟာလသတင်း မဟုတ်ပါကြောင်း ဂုဏ်သိက္ခာရှိ သတင်းထောက် ဂျိမ်းပီယော့ဇ်က အတည်ပြုပါတယ်။

The Athletic ကနေ ပီယော့ဇ်က လိုက်ဇစ် ခံစစ်မှူး ကိုနိတ်ကိစ္စကို အသင်းပရိသတ်တွေထံ သတင်းပေးခဲ့တာပါ။ အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးဟာ ဥရောပရဲ့ အလားအလာအရှိဆုံး ခံစစ်မှူးတွေထဲက တစ်ဦးအဖြစ်လည်း နာမည်ကောင်း ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဂျိမ်းပီယော့ဇ်က ” လီဗာပူးက ကိုနိတ်ကို တကယ်ကို တကယ်ကို ခေါ်ယူလိုနေပါတယ် ” ဆိုပြီး ပြင်သစ်သား လူငယ်လေး လီဗာပူးကို ရောက်လာနိုင်ချေအတွက် ထောက်ခံစကား ပြောဆိုပါတယ်။

ပီယောဇ့်ကပဲ ” ကျနေ်ာတို့ ရထားတဲ့ အချက်အလက်အရ ကိုနိတ်က ခံစစ်အတွက် လီဗာပူး ချိန်ရွယ်နေတဲ့ ထိပ်တန်းပစ်မှတ် တစ်ခု ဖြစ်ပါတယ်။ အပြောင်းအရွှေ့ကိစ္စက ပြီးပြတ်သွားတဲ့ အခြေအနေထိတော့ မရောက်သေးပါဘူး ဒါပေမယ့် အလေးအနက်ကို စိတ်ဝင်စားနေတဲ့ အခြေအနေပါ။

သို့ပေမယ့်လည်း ရာသီကုန်ထိ မတိုင်ခင်တော့ ထူးထူးခြားခြား သတင်းတွေ ထပ်ကြားလာရဖို့ မရှိပါဘူး ” လို့ အတည်ပြုခဲ့တာဖြစ်တယ်။

လီဗာပူးပိုင်ရှင်တွေက ရင်းနှီးမြုပ်နှံမှု ငွေကြေးတွေလည်း ရထားတာကြောင့် နွေမှာ မန်နေဂျာကလော့ပ်ကို အသုံးစရိတ် ပေးဖွယ်ရှိတယ်။ ဒါပေမယ့်လို့ စံချိန်တင် အသုံးစရိတ် မဟုတ်နိုင်သလို ကစားသမား ရောင်းထုတ်မှုကနေ ထပ်တိုး စရိတ် ရှာဖွေမှုတွေလည်း ရှိလာမယ်လို့ ပီယောဇ့် ထပ်လောင်း ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္းက ကိုနိတ္ကို ေခၚယူဖို႔ ၾကိဳးစားေနတယ္ဆိုတာက သာမာန္ အေျပာင္းအေရႊ႔ ေကာလဟာလသတင္း မဟုတ္ပါေၾကာင္း ဂုဏ္သိကၡာရွိ သတင္းေထာက္ ဂ်ိမ္းပီေယာ့ဇ္က အတည္ျပဳပါတယ္။

The Athletic ကေန ပီေယာ့ဇ္က လိုက္ဇစ္ ခံစစ္မွဴး ကိုနိတ္ကိစၥကို အသင္းပရိသတ္ေတြထံ သတင္းေပးခဲ့တာပါ။ အသက္ ၂၁ ႏွစ္အရြယ္ ခံစစ္မွဴးဟာ ဥေရာပရဲ႕ အလားအလာအရွိဆံုး ခံစစ္မွဴးေတြထဲက တစ္ဦးအျဖစ္လည္း နာမည္ေကာင္း ထြက္ေပၚေနတာ ျဖစ္ပါတယ္။

ဂ်ိမ္းပီေယာ့ဇ္က ” လီဗာပူးက ကိုနိတ္ကို တကယ္ကို တကယ္ကို ေခၚယူလိုေနပါတယ္ ” ဆိုျပီး ျပင္သစ္သား လူငယ္ေလး လီဗာပူးကို ေရာက္လာႏုိင္ေခ်အတြက္ ေထာက္ခံစကား ေျပာဆိုပါတယ္။

ပီေယာဇ့္ကပဲ ” က်ေန္ာတို႔ ရထားတဲ့ အခ်က္အလက္အရ ကိုနိတ္က ခံစစ္အတြက္ လီဗာပူး ခ်ိန္ရြယ္ေနတဲ့ ထိပ္တန္းပစ္မွတ္ တစ္ခု ျဖစ္ပါတယ္။ အေျပာင္းအေရႊ႔ကိစၥက ျပီးျပတ္သြားတဲ့ အေျခအေနထိေတာ့ မေရာက္ေသးပါဘူး ဒါေပမယ့္ အေလးအနက္ကို စိတ္ဝင္စားေနတဲ့ အေျခအေနပါ။

သို႔ေပမယ့္လည္း ရာသီကုန္ထိ မတိုင္ခင္ေတာ့ ထူးထူးျခားျခား သတင္းေတြ ထပ္ၾကားလာရဖို႔ မရွိပါဘူး ” လို႔ အတည္ျပဳခဲ့တာျဖစ္တယ္။

လီဗာပူးပိုင္ရွင္ေတြက ရင္းႏွီးျမဳပ္ႏွံမႈ ေငြေၾကးေတြလည္း ရထားတာေၾကာင့္ ေႏြမွာ မန္ေနဂ်ာကေလာ့ပ္ကို အသံုးစရိတ္ ေပးဖြယ္ရွိတယ္။ ဒါေပမယ့္လို႔ စံခ်ိန္တင္ အသံုးစရိတ္ မဟုတ္ႏုိင္သလို ကစားသမား ေရာင္းထုတ္မႈကေန ထပ္တိုး စရိတ္ ရွာေဖြမႈေတြလည္း ရွိလာမယ္လို႔ ပီေယာဇ့္ ထပ္ေလာင္း ေျပာဆိုသြားခဲ့ပါတယ္။