ဘောလုံးရာသီ ကုန်ဆုံးဖို့ နီးကပ်လာတာနဲ့အမျှ အပြောင်းအရွှေ့ဆိုင်ရာ ခြေရာကောက်မှုတွေကလည်း ဆက်တိုက်ဆိုသလို သတင်းသစ်တွေအဖြစ် ထွက်ပေါ်နေပါတယ်။

လီဗာပူးနဲ့ သတင်းထွက်နေတဲ့ ကစားသမားတွေဖြစ်တဲ့ ကိုနိတ်၊ ခါဘတ်၊ ဘစ်ဆိုမား၊ ဆန်ဒါဘာ့ဂျ် အပါအဝင် ကစားသမား အများအပြားက ၂၁ နှစ် ဝန်းကျင်တွေဖြစ်ကာ ၂၅ နှစ်ကို မကျော်တဲ့ အသက်အရွယ်တွေမှာ ရှိနေကြတာဖြစ်တယ်။ နောက်ထပ် နာမည်ထွက်နေတဲ့ ကစားသမားတွေကလည်း ၂၅ နှစ်အောက်တွေ များပြားနေပါတယ်။

လီဗာပူး အပြောင်းအရွှေ့ခေါ်ယူရေး ကော်မတီဟာ ယခင်တည်းက ဝါရင့် ကစားသမားတွေကို ခေါ်ယူမှုတွေထက် လူငယ်သွေးသစ်တွေကိုပဲ အသားပေးလေ့ရှိတဲ့ အသင်းပါ။ ဒီရာသီမှာတော့ မန်နေဂျာကလော့ပ်ဟာ လူစာရင်း စုဖွဲ့မှုကို ပြန်လည် လုပ်ဆောင်တဲ့အနေနဲ့ ၂၁ နှစ် ဝန်းကျင် ကစားသမားတွေကို အဓိက ခေါ်ယူလိ့မ်မယ်လို့ Reddit နယ်ဝေါ့ဘက်က သုံးသပ်မှုတွေ လုပ်နေကြပါတယ်။

လက်ရှိ လီဗာပူးအသင်းရဲ့ ပျှမ်းမျှအသက်ဟာ ၂၇.၃ နှစ်ဖြစ်ပြီး ကြီး ၆ ကြီးထဲမှာဆိုရင် စပါးကလွဲရင် လူငယ်ကစားသမား အနည်းဆုံး အသင်းဖြစ်တယ်။ ပရီးမီးယားလိဂ်မှာလည်း အသက်အငယ်ဆုံး အသင်းများစာရင်းမှာ နံပါတ် ၁၅ နေရာထိပါ ရောက်ရှိနေပါတယ်။

ရာသီသစ်မှာ လီဗာပူးတိုက်စစ်သမားတွေဖြစ်တဲ့ မာနေး၊ ဆာလာ၊ ဖာမင်နိုတို့ဟာ ၂၉ ဝန်းကျင်တွေ ရှိနေမှာဖြစ်ကာ သီယာဂို၊ ဟန်ဒါဆန်နဲ့ ဗန်ဒိုက်တို့က ၃၀ အရွယ်တွေ ရှိနေမှာဖြစ်တယ်။ လီဗာပူး စီနီယာအသင်းမှာ လူငယ်ကစားသမားအဖြစ် ဂျုံး (၂၀) နှစ်ကလွဲရင် အငယ်ဆုံးဖြစ်မယ့် ထရန့်တောင်မှ ၂၃ နှစ်ကို ရောက်ရှိနေပါပြီ။

ကလပ်ရဲ့ အရေးပါဆုံး ကစားသမားတွေဟာ ၃၀ ဝန်းကျင်တွေမှာ ရှိနေခဲ့တာကြောင့် လီဗာပူးက လူငယ်ပိုင်းကို အဓိက အင်အားဖြည့်လိုနေကာ မဟုတ်ခဲ့ရင် လာမယ့် တစ်ရာသီ၊ နှစ်ရာသီအတွင်း လီဗာပူးဟာ မျိုးဆက်ပြတ်လှပ်မှုရဲ့ အကျိုးဆက်ကို ခံစားရပါလိမ့်မယ်။

မန်နေဂျာကလော့ပ်က အသင်းကို အလုံးစုံ ပြန်လည်တည်ဆောက်မှု ပြုလုပ်သွားမှာ မဟုတ်ဘူးလို့တော့ ထုတ်ပြောထားတယ်။ ဒီနွေမှာ လူငယ် ကြယ်ပွင့်တွေကို ခေါ်ယူရေးနဲ့ ဗန်ဒိုက်၊ ဖာဘင်ညို၊ ဆာလာတို့ရဲ့ သက်တမ်းတိုး ကိစ္စတွေက ဦးစားပေးဖြစ်လာမယ်လို့ သုံးသပ်နေကြပါတယ်။

ZAWGYI

ေဘာလံုးရာသီ ကုန္ဆံုးဖို႔ နီးကပ္လာတာနဲ႔အမွ် အေျပာင္းအေရႊ႔ဆိုင္ရာ ေျခရာေကာက္မႈေတြကလည္း ဆက္တိုက္ဆိုသလို သတင္းသစ္ေတြအျဖစ္ ထြက္ေပၚေနပါတယ္။

လီဗာပူးနဲ႔ သတင္းထြက္ေနတဲ့ ကစားသမားေတြျဖစ္တဲ့ ကိုနိတ္၊ ခါဘတ္၊ ဘစ္ဆိုမား၊ ဆန္ဒါဘာ့ဂ်္ အပါအဝင္ ကစားသမား အမ်ားအျပားက ၂၁ ႏွစ္ ဝန္းက်င္ေတြျဖစ္ကာ ၂၅ ႏွစ္ကို မေက်ာ္တဲ့ အသက္အရြယ္ေတြမွာ ရွိေနၾကတာျဖစ္တယ္။ ေနာက္ထပ္ နာမည္ထြက္ေနတဲ့ ကစားသမားေတြကလည္း ၂၅ ႏွစ္ေအာက္ေတြ မ်ားျပားေနပါတယ္။

လီဗာပူး အေျပာင္းအေရႊ႔ေခၚယူေရး ေကာ္မတီဟာ ယခင္တည္းက ဝါရင့္ ကစားသမားေတြကို ေခၚယူမႈေတြထက္ လူငယ္ေသြးသစ္ေတြကိုပဲ အသားေပးေလ့ရွိတဲ့ အသင္းပါ။ ဒီရာသီမွာေတာ့ မန္ေနဂ်ာကေလာ့ပ္ဟာ လူစာရင္း စုဖြဲ႔မႈကို ျပန္လည္ လုပ္ေဆာင္တဲ့အေနနဲ႔ ၂၁ ႏွစ္ ဝန္းက်င္ ကစားသမားေတြကို အဓိက ေခၚယူလိ့မ္မယ္လို႔ Reddit နယ္ေဝါ့ဘက္က သံုးသပ္မႈေတြ လုပ္ေနၾကပါတယ္။

လက္ရွိ လီဗာပူးအသင္းရဲ႕ ပွ်မ္းမွ်အသက္ဟာ ၂၇.၃ ႏွစ္ျဖစ္ျပီး ၾကီး ၆ ၾကီးထဲမွာဆိုရင္ စပါးကလြဲရင္ လူငယ္ကစားသမား အနည္းဆံုး အသင္းျဖစ္တယ္။ ပရီးမီးယားလိဂ္မွာလည္း အသက္အငယ္ဆံုး အသင္းမ်ားစာရင္းမွာ နံပါတ္ ၁၅ ေနရာထိပါ ေရာက္ရွိေနပါတယ္။

ရာသီသစ္မွာ လီဗာပူးတိုက္စစ္သမားေတြျဖစ္တဲ့ မာေနး၊ ဆာလာ၊ ဖာမင္ႏိုတို႔ဟာ ၂၉ ဝန္းက်င္ေတြ ရွိေနမွာျဖစ္ကာ သီယာဂို၊ ဟန္ဒါဆန္နဲ႔ ဗန္ဒိုက္တို႔က ၃၀ အရြယ္ေတြ ရွိေနမွာျဖစ္တယ္။ လီဗာပူး စီနီယာအသင္းမွာ လူငယ္ကစားသမားအျဖစ္ ဂ်ံဳး (၂၀) ႏွစ္ကလြဲရင္ အငယ္ဆံုးျဖစ္မယ့္ ထရန္႔ေတာင္မွ ၂၃ ႏွစ္ကို ေရာက္ရွိေနပါျပီ။

ကလပ္ရဲ႕ အေရးပါဆံုး ကစားသမားေတြဟာ ၃၀ ဝန္းက်င္ေတြမွာ ရွိေနခဲ့တာေၾကာင့္ လီဗာပူးက လူငယ္ပိုင္းကို အဓိက အင္အားျဖည့္လိုေနကာ မဟုတ္ခဲ့ရင္ လာမယ့္ တစ္ရာသီ၊ ႏွစ္ရာသီအတြင္း လီဗာပူးဟာ မ်ိဳးဆက္ျပတ္လွပ္မႈရဲ႕ အက်ိဳးဆက္ကို ခံစားရပါလိမ့္မယ္။

မန္ေနဂ်ာကေလာ့ပ္က အသင္းကို အလံုးစံု ျပန္လည္တည္ေဆာက္မႈ ျပဳလုပ္သြားမွာ မဟုတ္ဘူးလို႔ေတာ့ ထုတ္ေျပာထားတယ္။ ဒီေႏြမွာ လူငယ္ ၾကယ္ပြင့္ေတြကို ေခၚယူေရးနဲ႔ ဗန္ဒိုက္၊ ဖာဘင္ညိဳ၊ ဆာလာတို႔ရဲ႕ သက္တမ္းတိုး ကိစၥေတြက ဦးစားေပးျဖစ္လာမယ္လို႔ သံုးသပ္ေနၾကပါတယ္။