လီဗာပူးခံစစ်မှူးဟောင်း ကာရေဂါက အသင်းဟောင်းက ခေါ်ယူလိုကြောင်း သတင်းထွက်နေတဲ့ ဘစ်ဆိုးမားဟာ ကလပ်အများအပြားရဲ့ စောင့်ကြည့်ခြင်း ခံနေရသူပါလို့ မှတ်ချက်ပေးလာပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်ဟာ ဝိုက်နယ်ဒမ်ကို လက်လွတ်ရရင် အစားထိုးဖို ဘရိုက်တန်က အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူကို နှစ်သက်နေကြောင်း သတင်းထွက်နေတယ်။ ကာရေဂါက ဘစ်ဆိုးမားဟာ ထိပ်တန်းကလပ်တွေ အပြိုင် ကမ်းလှမ်းလောက်တဲ့ ကစားသမားဆိုတာကို ကွင်းတွင်း စွမ်းဆောင်ရည်အရ မြင်နေရကြောင်း ထောက်ခံပေးသွားခဲ့ပါတယ်။

ကာရေဂါက “ ပွဲရဲ့ ပြောစရာ အများဆုံး ကိစ္စကတော့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဖြစ်တဲ့ ဘစ်ဆိုးမားရဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။ သူက ကွင်းထဲ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တာတင် မဟုတ်ပါဘူး။ အကောင်းတကာ့ အကောင်းဆုံး ဖြစ်ခဲ့သူဖြစ်ပါတယ်။

သူ့ကိုကြည့်ပါ။ တကယ်ကို ထိပ်တန်း ကစားသမားတစ်ယောက်ရဲ့ အရည်အချင်းတွေကို မြင်ရပါလိမ့်မယ်။ ယူနိုက်တက်ကို အိုထရတ်ဖိုဒ့်မှာ သွားရောက် ယှဉ်ပြိုင်ရာမှာလည်း သူက သိပ်ကို ထူးချွန်ခဲ့သူဖြစ်ပါတယ်။ အဲဗာတန်နဲ့ပွဲမှာလည်း အားလုံးကို သူ့ ပုခုံးနဲ့ ထမ်းတင်ပေးခဲ့တာကို မြင်ခဲ့ရတယ်။

ကလပ်တွေ အများကြီးက သူ့ကို စောင့်ကြည့်နေကြတယ်။ ရာသီကုန်မှာ သူ့အတွက် ကလပ်တွေက အပြိုင်အဆိုင် ဈေးခေါ်မှုတွေ လုပ်ကြမယ်လို့ ကျနော် ထင်ပါတယ်။ ကုန်ခဲ့တဲ့ နှစ်နှစ်လောက်က သူက စာချုပ်သစ် ရခဲ့တာကို ကျနော် ငိတယ်။ ဘရိုက်တန် ပရိသတ်တွေကတော့ ကလပ်ရဲ့ အကောင်းဆုံး ကစားသမားကို ဘာလို့ ရောင်းချရမလဲလို့ မေးခွန်းထုတ်ကြပါလိမ့်မယ်။

သူ့မှာ စာချုပ်သက်တမ်း အနည်းငယ် ကျန်ပါသေးတယ်။ ဘရိုက်တန်အနေနဲ့ သူ့ကို စာချုပ်သစ်ပေးမလား ရောင်းထုတ်မလားဆိုတဲ့ အနေအထားကို ရောက်နေတာဖြစ်ပါတယ်။ ဘရိုက်တန်က သူ့အတွက် ပြောင်းရွှေ့ကြေး အများအပြားရဖို့ ရှိပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးခံစစ္မွဴးေဟာင္း ကာေရဂါက အသင္းေဟာင္းက ေခၚယူလိုေၾကာင္း သတင္းထြက္ေနတဲ့ ဘစ္ဆိုးမားဟာ ကလပ္အမ်ားအျပားရဲ႕ ေစာင့္ၾကည့္ျခင္း ခံေနရသူပါလို႔ မွတ္ခ်က္ေပးလာပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္ဟာ ဝိုက္နယ္ဒမ္ကို လက္လြတ္ရရင္ အစားထိုးဖို ဘရိုက္တန္က အသက္ ၂၄ ႏွစ္အရြယ္ ကြင္းလယ္လူကို ႏွစ္သက္ေနေၾကာင္း သတင္းထြက္ေနတယ္။ ကာေရဂါက ဘစ္ဆိုးမားဟာ ထိပ္တန္းကလပ္ေတြ အျပိဳင္ ကမ္းလွမ္းေလာက္တဲ့ ကစားသမားဆိုတာကို ကြင္းတြင္း စြမ္းေဆာင္ရည္အရ ျမင္ေနရေၾကာင္း ေထာက္ခံေပးသြားခဲ့ပါတယ္။

ကာေရဂါက “ ပြဲရဲ႕ ေျပာစရာ အမ်ားဆံုး ကိစၥကေတာ့ ပြဲစဥ္ရဲ႕ အေကာင္းဆံုး ကစားသမားျဖစ္တဲ့ ဘစ္ဆိုးမားရဲ႕ စြမ္းေဆာင္ရည္ပဲ ျဖစ္ပါတယ္။ သူက ကြင္းထဲ အေကာင္းဆံုး ကစားသမား ျဖစ္ခဲ့တာတင္ မဟုတ္ပါဘူး။ အေကာင္းတကာ့ အေကာင္းဆံုး ျဖစ္ခဲ့သူျဖစ္ပါတယ္။

သူ႔ကိုၾကည့္ပါ။ တကယ္ကို ထိပ္တန္း ကစားသမားတစ္ေယာက္ရဲ႕ အရည္အခ်င္းေတြကို ျမင္ရပါလိမ့္မယ္။ ယူႏိုက္တက္ကို အိုထရတ္ဖိုဒ့္မွာ သြားေရာက္ ယွဥ္ျပိဳင္ရာမွာလည္း သူက သိပ္ကို ထူးခၽြန္ခဲ့သူျဖစ္ပါတယ္။ အဲဗာတန္နဲ႔ပြဲမွာလည္း အားလံုးကို သူ႔ ပုခံုးနဲ႔ ထမ္းတင္ေပးခဲ့တာကို ျမင္ခဲ့ရတယ္။

ကလပ္ေတြ အမ်ားၾကီးက သူ႔ကို ေစာင့္ၾကည့္ေနၾကတယ္။ ရာသီကုန္မွာ သူ႔အတြက္ ကလပ္ေတြက အျပိဳင္အဆိုင္ ေစ်းေခၚမႈေတြ လုပ္ၾကမယ္လို႔ က်ေနာ္ ထင္ပါတယ္။ ကုန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္က သူက စာခ်ဳပ္သစ္ ရခဲ့တာကို က်ေနာ္ ငိတယ္။ ဘရိုက္တန္ ပရိသတ္ေတြကေတာ့ ကလပ္ရဲ႕ အေကာင္းဆံုး ကစားသမားကို ဘာလို႔ ေရာင္းခ်ရမလဲလို႔ ေမးခြန္းထုတ္ၾကပါလိမ့္မယ္။

သူ႔မွာ စာခ်ဳပ္သက္တမ္း အနည္းငယ္ က်န္ပါေသးတယ္။ ဘရိုက္တန္အေနနဲ႔ သူ႔ကို စာခ်ဳပ္သစ္ေပးမလား ေရာင္းထုတ္မလားဆိုတဲ့ အေနအထားကို ေရာက္ေနတာျဖစ္ပါတယ္။ ဘရိုက္တန္က သူ႔အတြက္ ေျပာင္းေရႊ႔ေၾကး အမ်ားအျပားရဖို႔ ရွိပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။