ဝိုက်နယ်ဒမ်ဟာ သူ့ရဲ့ စာချုပ်ကုန်ချိန်မှာ အန်ဖီးကို မစွန့်ခွာဘဲ ဆက်နေမယ့် အလားအလာတွေ ရှိနေတယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

နယ်သာလန်သား ကွင်းလယ်လူကို ဘာစီလိုနာနဲ့ အင်တာမီလန်တို့က အကြို သဘောတူညီမှု ရဖို့အတွက် ကြိုးစားမယ်ဆိုတဲ့ သတင်းတွေ သိထားရတယ်။ ဒါပေမယ့်လို့ တရားဝင် ကြေညာမှုတွေက အခုချိန်ထိ ထွက်မလာသေးတာကြောင့် ဝိုက်နယ်ဒမ်ဟာ စာချုပ်ကုန်ချိန်မှာလည်း စာချုပ်သစ်ဖြင့် လီဗာပူးမှာ ဆက်ရှိလာနိုင်တယ်လို့ သိလာရပါတယ်။

ဇန်နဝါရီတည်းက အင်္ဂလန်ပြင်ပလိဂ်တွေဖြင့် ညိနှိုင်းခွင့်တွေ ရထားတဲ့ ဝိုက်နယ်ဒမ်ဟာ လီဗာပူးကို စွန့်ဖို့ ၉၀% သေချာတယ်လို့ သတင်းထွက်ခဲ့တာပါ။ နယူးကာဆယ်ကို စွန့်ခွာလာပြီးနောက် ကလော့ပ်လက်အောက် တောက်ပလာတဲ့ ကွင်းလယ်လူဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် အောင်မြင်မှုတွေမှာ အရေးပါခဲ့သူဖြစ်တယ်။

သူကိုယ်တိုင်က လီဗာပူးကို စွန့်ခွာရမှာကို ဝမ်းနည်းနေမိကြောင်း ဝန်ခံထားပြီး ဆက်နေရတာမျိုးကို ပိုပျော်ရွှင်မယ်လို့ ထုတ်ပြောထားသူဖြစ်တယ်။ ကိုဗစ်ကပ်ဘေးမှာ စပိန်ကလပ်တွေက လုပ်ခလစာ လျော့ချမှုတွေ လုပ်နေသလို အခြားသော တိုင်းပြည်တွေကလည်း တူညီတဲ့ လမ်းစဉ်အတိုင်း ငွေကြေး ချွေတာမှုတွေ ရှိလာနေခဲ့ပါတယ်။

လီဗာပူးနဲ့ ဝိုက်နယ်ဒမ်ကြား စာချုပ်သစ်ကိစ္စ သဘောတူညီမှု မရခြင်းဟာ စာချုပ်သက်တမ်းနဲ့ လုပ်ခတွေက အရေးပါတဲ့ အချက်တွေဖြစ်တယ်။ ဒါပေမယ့်လို့ နွေမှာ အသုံးစရိတ်တွေ ထုတ်ဖို့အတွက်က လီဗာပူးအသင်းဘက်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့် သေချာဖို့ လိုအပ်နေသေးတာဖြစ်ပါတယ်။

အခြားသော လိဂ်တွေက ကစားသမားတွေကို ခေါ်ယူပြီး အသုံးစရိတ် ထပ်တိုးဖို့ထက်စာရင် ကလော့ပ်ရဲ့ နည်းစနစ်မှာ အံဝင်ပြီး ကြံ့ခိုင်မှုမှာလည်း အပြစ်ပြောစရာ မလိုတဲ့ ဝိုက်နယ်ဒမ်ကို သက်တမ်းတိုးလိုက်တာကပဲ ပိုကောင်းတဲ့ ရွေးချယ်မှုအဖြစ် လီဗာပူးဘက်က မြင်နေကြောင်းလည်း အဆိုပါ သတင်းဌာနက ဖော်ပြသွားပါတယ်။

ZAWGYI

ဝိုက္နယ္ဒမ္ဟာ သူ႔ရဲ႔ စာခ်ဳပ္ကုန္ခ်ိန္မွာ အန္ဖီးကို မစြန္႔ခြာဘဲ ဆက္ေနမယ့္ အလားအလာေတြ ရွိေနတယ္လို႔ တယ္လီဂရပ္က ေဖာ္ျပပါတယ္။

နယ္သာလန္သား ကြင္းလယ္လူကို ဘာစီလိုနာနဲ႔ အင္တာမီလန္တို႔က အၾကိဳ သေဘာတူညီမႈ ရဖို႔အတြက္ ၾကိဳးစားမယ္ဆိုတဲ့ သတင္းေတြ သိထားရတယ္။ ဒါေပမယ့္လို႔ တရားဝင္ ေၾကညာမႈေတြက အခုခ်ိန္ထိ ထြက္မလာေသးတာေၾကာင့္ ဝိုက္နယ္ဒမ္ဟာ စာခ်ဳပ္ကုန္ခ်ိန္မွာလည္း စာခ်ဳပ္သစ္ျဖင့္ လီဗာပူးမွာ ဆက္ရွိလာႏုိင္တယ္လို႔ သိလာရပါတယ္။

ဇန္နဝါရီတည္းက အဂၤလန္ျပင္ပလိဂ္ေတြျဖင့္ ညိႏိႈင္းခြင့္ေတြ ရထားတဲ့ ဝိုက္နယ္ဒမ္ဟာ လီဗာပူးကို စြန္႔ဖို႔ ၉၀% ေသခ်ာတယ္လို႔ သတင္းထြက္ခဲ့တာပါ။ နယူးကာဆယ္ကို စြန္႔ခြာလာျပီးေနာက္ ကေလာ့ပ္လက္ေအာက္ ေတာက္ပလာတဲ့ ကြင္းလယ္လူဟာ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈေတြမွာ အေရးပါခဲ့သူျဖစ္တယ္။

သူကိုယ္တုိင္က လီဗာပူးကို စြန္႔ခြာရမွာကို ဝမ္းနည္းေနမိေၾကာင္း ဝန္ခံထားျပီး ဆက္ေနရတာမ်ိဳးကို ပိုေပ်ာ္ရႊင္မယ္လို႔ ထုတ္ေျပာထားသူျဖစ္တယ္။ ကိုဗစ္ကပ္ေဘးမွာ စပိန္ကလပ္ေတြက လုပ္ခလစာ ေလ်ာ့ခ်မႈေတြ လုပ္ေနသလို အျခားေသာ တိုင္းျပည္ေတြကလည္း တူညီတဲ့ လမ္းစဥ္အတိုင္း ေငြေၾကး ေခၽြတာမႈေတြ ရွိလာေနခဲ့ပါတယ္။

လီဗာပူးနဲ႔ ဝိုက္နယ္ဒမ္ၾကား စာခ်ဳပ္သစ္ကိစၥ သေဘာတူညီမႈ မရျခင္းဟာ စာခ်ဳပ္သက္တမ္းနဲ႔ လုပ္ခေတြက အေရးပါတဲ့ အခ်က္ေတြျဖစ္တယ္။ ဒါေပမယ့္လို႔ ေႏြမွာ အသံုးစရိတ္ေတြ ထုတ္ဖို႔အတြက္က လီဗာပူးအသင္းဘက္ကလည္း ခ်န္ပီယံလိဂ္ဝင္ခြင့္ ေသခ်ာဖို႔ လိုအပ္ေနေသးတာျဖစ္ပါတယ္။

အျခားေသာ လိဂ္ေတြက ကစားသမားေတြကို ေခၚယူျပီး အသံုးစရိတ္ ထပ္တိုးဖို႔ထက္စာရင္ ကေလာ့ပ္ရဲ႕ နည္းစနစ္မွာ အံဝင္ျပီး ၾကံ႕ခိုင္မႈမွာလည္း အျပစ္ေျပာစရာ မလိုတဲ့ ဝိုက္နယ္ဒမ္ကို သက္တမ္းတိုးလိုက္တာကပဲ ပိုေကာင္းတဲ့ ေရြးခ်ယ္မႈအျဖစ္ လီဗာပူးဘက္က ျမင္ေနေၾကာင္းလည္း အဆိုပါ သတင္းဌာနက ေဖာ္ျပသြားပါတယ္။