ရာသီကြိုမတိုင်ခင်တည်းက သတင်းထွက်နေတဲ့ လီဗာပူးကြယ်ပွင့်လေး အိုဝင်ဘက်ဟာ မိန့်ကို ရင်ဆိုင်တဲ့ ချစ်ကြည်ရေးပွဲမှာ ၄၅ မိနစ် ထပ်မံ ကစားခွင့်ရခဲ့ပြီး သူ့ရဲ့ ဖြတ်တင်ဘောကို မိန့်ဘက်က ကိုယ်ဂိုးကို သွင်းယူမှုနဲ့အတူ ပွဲအား အနိုင်ရစေခဲ့ပါတယ်။

အသက် ၁၈ နှစ်သား ဝေလ်းဘယ်အစွန်လူလေးဟာ ရာသီကြိုမှာ ဒုတိယအကြိမ်အဖြစ် ပါဝင်ကစားခွင့်ရခဲ့တာဖြစ်တယ်။ ပွဲချိန် ၈၆ မိနစ်မှာတော့ ဘယ်ခြမ်းက သူ့ရဲ့ ဖြတ်တင်မှုကို မိန့်ဘက်က ရှင်းထုတ်ရင်း ကိုယ်ဂိုးကို သွင်းယူမိခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အဆိုပါ သွင်းဂိုးက ကိုယ်တိုင် သွင်းယူရသလို ခံစားရစေခဲ့ကြောင်းလည်း အိုဝင်ဘက်က ပွဲအပြီးမှာ ပြောဆိုပါတယ်။

“ ဘေးစည်းတစ်လျှောက် ဘောလုံးထွက်လာချိန်မှာ ကျနော် အတွေးထဲ ဖြတ်တင်ဘော လုပ်လိုက်ဖို့ပဲ စဉ်းစားမိပါတယ်။ အနိုင်ရတာအတွက်လည်း ပျော်ပါတယ်။ သိပ်ကောင်းတဲ့ ဂိုးထောက်ပံ့မှု လုပ်နိုင်ခဲ့တာလို့ ပြောရမှာပေါ့ ” လို့ သူက ထပ်လောင်း ပြောဆိုပါတယ်။

မိန့်နဲ့ပွဲမှာတော့ ယာဂင် ထုတ်သုံးခဲ့တဲ့ အကယ်ဒမီ လူငယ် အများအပြားထဲ အိုဝင်ဘက်လည်း ပါဝင်ခဲ့တာပါ။ သူက “ လူငယ်လေး အချို့က ပါဝင်ကစားခွင့်ရခဲ့တယ်။ အားလုံးကို နက်ဖီးလစ်နဲ့ အိုရီဂီတို့က ဦးဆောင်ပေးခဲ့တာပါ ” လို့ ဆိုပါတယ်။

သြစတြီးယား ရာသီကြို အစမှာတည်းက လီဗာပူးအသင်းနဲ့ ပူးပေါင်းနေတဲ့ အိုဝင်ဘက်ဟာ လာမယ့်ရက်တွေကစလို့ ဘယ်အစွန်လူ ရော်ဘတ်ဆန်ထံက သင်ယူမှုတွေ လုပ်နိုင်တော့မှာဖြစ်တယ်။ စကော်တလန်သားကြီးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လီဗာပူးနဲ့ စတင်ပူးပေါင်းခဲ့သူဖြစ်ပြီး ကမ္ဘာအဆင့် အစွန်သမားကြီး ဘယ်လိုတွေ ကစားတယ်ဆိုတာကို ဘက်အနေနဲ့ အနီးကပ် လေ့လာခွင့်ရခဲ့ပြီဖြစ်ပါတယ်။

“ သူနဲ့အတူ လေ့ကျင့်ရဖို့ကို မစောင့်နိုင်အောင်ပါပဲ။ သူ့ရဲ့ ကစားပုံတွေကနေ ကျနော် သင်ယူမှုတွေ လုပ်နိုင်မယ်လို့ ထင်ပါတယ်။ ကိုစတက်နဲ့လည်း အတူ လေ့ကျင့်မှုတွေ လုပ်နေရပြီး သူ့ထံကလည်း အများကြီး သင်ယူရပါတယ် ” လို့ အိုဝင်ဘက်က ပြောဆိုသွားပါတယ်။

ZAWGYI

ရာသီၾကိဳမတိုင္ခင္တည္းက သတင္းထြက္ေနတဲ့ လီဗာပူးၾကယ္ပြင့္ေလး အိုဝင္ဘက္ဟာ မိန္႔ကို ရင္ဆိုင္တဲ့ ခ်စ္ၾကည္ေရးပြဲမွာ ၄၅ မိနစ္ ထပ္မံ ကစားခြင့္ရခဲ့ျပီး သူ႔ရဲ႕ ျဖတ္တင္ေဘာကို မိန္႔ဘက္က ကိုယ္ဂိုးကို သြင္းယူမႈနဲ႔အတူ ပြဲအား အႏုိင္ရေစခဲ့ပါတယ္။

အသက္ ၁၈ ႏွစ္သား ေဝလ္းဘယ္အစြန္လူေလးဟာ ရာသီၾကိဳမွာ ဒုတိယအၾကိမ္အျဖစ္ ပါဝင္ကစားခြင့္ရခဲ့တာျဖစ္တယ္။ ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ ဘယ္ျခမ္းက သူ႔ရဲ႕ ျဖတ္တင္မႈကို မိန္႔ဘက္က ရွင္းထုတ္ရင္း ကိုယ္ဂိုးကို သြင္းယူမိခဲ့တာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ အဆိုပါ သြင္းဂိုးက ကိုယ္တိုင္ သြင္းယူရသလို ခံစားရေစခဲ့ေၾကာင္းလည္း အိုဝင္ဘက္က ပြဲအျပီးမွာ ေျပာဆိုပါတယ္။

“ ေဘးစည္းတစ္ေလွ်ာက္ ေဘာလံုးထြက္လာခ်ိန္မွာ က်ေနာ္ အေတြးထဲ ျဖတ္တင္ေဘာ လုပ္လိုက္ဖို႔ပဲ စဥ္းစားမိပါတယ္။ အႏုိင္ရတာအတြက္လည္း ေပ်ာ္ပါတယ္။ သိပ္ေကာင္းတဲ့ ဂိုးေထာက္ပံ့မႈ လုပ္ႏုိုင္ခဲ့တာလို႔ ေျပာရမွာေပါ့ ” လို႔ သူက ထပ္ေလာင္း ေျပာဆိုပါတယ္။

မိန္႔နဲ႔ပြဲမွာေတာ့ ယာဂင္ ထုတ္သံုးခဲ့တဲ့ အကယ္ဒမီ လူငယ္ အမ်ားအျပားထဲ အိုဝင္ဘက္လည္း ပါဝင္ခဲ့တာပါ။ သူက “ လူငယ္ေလး အခ်ိဳ႔က ပါဝင္ကစားခြင့္ရခဲ့တယ္။ အားလံုးကို နက္ဖီးလစ္နဲ႔ အိုရီဂီတို႔က ဦးေဆာင္ေပးခဲ့တာပါ ” လို႔ ဆိုပါတယ္။

ၾသစၾတီးယား ရာသီၾကိဳ အစမွာတည္းက လီဗာပူးအသင္းနဲ႔ ပူးေပါင္းေနတဲ့ အိုဝင္ဘက္ဟာ လာမယ့္ရက္ေတြကစလို႔ ဘယ္အစြန္လူ ေရာ္ဘတ္ဆန္ထံက သင္ယူမႈေတြ လုပ္ႏုိင္ေတာ့မွာျဖစ္တယ္။ စေကာ္တလန္သားၾကီးဟာ ျပီးခဲ့တဲ့ ရက္ပိုင္းကပဲ လီဗာပူးနဲ႔ စတင္ပူးေပါင္းခဲ့သူျဖစ္ျပီး ကမၻာအဆင့္ အစြန္သမားၾကီး ဘယ္လိုေတြ ကစားတယ္ဆိုတာကို ဘက္အေနနဲ႔ အနီးကပ္ ေလ့လာခြင့္ရခဲ့ျပီျဖစ္ပါတယ္။

“ သူနဲ႔အတူ ေလ့က်င့္ရဖို႔ကို မေစာင့္ႏုိင္ေအာင္ပါပဲ။ သူ႔ရဲ႕ ကစားပံုေတြကေန က်ေနာ္ သင္ယူမႈေတြ လုပ္ႏုိင္မယ္လို႔ ထင္ပါတယ္။ ကိုစတက္နဲ႔လည္း အတူ ေလ့က်င့္မႈေတြ လုပ္ေနရျပီး သူ႔ထံကလည္း အမ်ားၾကီး သင္ယူရပါတယ္ ” လို႔ အိုဝင္ဘက္က ေျပာဆိုသြားပါတယ္။