လီဗာပူးတောင်ပံလူ ဟယ်ရီဝဲလ်ဆန်ဟာ ချန်ပီယံရှစ်ကလပ် ဖူလ်ဟမ်အသင်းထံ ပေါင် ၁၂ သန်းဖြင့် ပြောင်းရွှေ့ရေးကိစ္စ သေချာခဲ့ပြီဖြစ်ကြောင်း The Athletic သတင်းထောက် ဂျိမ်းပီယော့ဇ်ကလည်း အတည်ပြုပေးခဲ့ပါပြီ။

ဝဲလ်ဆန်ဟာ ဆေးစစ်မှုတွေလုပ်ဖို့ရာ သြစတြီးယားက လီဗာပူးရာသီကြို လေ့ကျင့်ရာနေရာကနေ ဗြိတိန်ကို ပြန်ဖို့ ထွက်ခွာပြီဖြစ်တယ်။ ဝဲလ်ဆန်နဲ့ ဖူလ်ဟမ်ကြား ပုဂ္ဂိုလ်ရေး သဘောတူညီမှုလည်း ရထားခဲ့ပြီး ဖြစ်ပါတယ်။

အရင်အပတ်ကပဲ ဂျိမ်းပီယော့ဇ်က လီဗာပူးအသင်းက ဖူလ်ဟမ်အသင်းကို ဝဲလ်ဆန်အတွက် ပေါင် ၁၅ သန်း ရလိုကြောင်း အကြောင်းပြန်ထားခဲ့တယ်။ ထိုစဉ်တုန်းက ဖူလ်ဟမ်ဘက်က တရားဝင် ကမ်းလှမ်းမှု မရှိသေးပေမယ့် နှစ်သင်းကြား ဆက်လက် ညိနှိုင်းခဲ့ရာက ပြောင်းရွှေ့ကြေး သဘောတူညီမှုရခဲ့တာဖြစ်တယ်။

ခရူဝီ၊ ဟူးစီးတီး၊ ဒါဘီ၊ ဘုန်းမောက်၊ ကာဒစ်အသင်းတွေထံ အငှားထွက်ကစားဖူးတဲ့ ဝဲလ်ဆန်ကို ဘင်ဖီကာကလည်း ချိတ်ဆက်ခဲ့သေးပေမယ့် ဈေးမေးမြန်းမှုမှာတင် ပျက်ပြယ်ခဲ့ပါတယ်။ ဘရန့်ဖိုဒ့်၊ ဝက်စ်ဘရွန်းအသင်းတို့ကလည်း ဝဲလ်ဆန်အတွက် စုံစမ်းသေးပေမယ့် သဘောတူညီမှု မရခဲ့ပါဘူး။

ဝဲလ်ဆန်ကို ရောင်းထုတ်ရေး သဘောတူညီခဲ့တာကြောင့် လီဗာပူးအသင်းဟာ ဂါရာဘာရာ၊ မီလာ၊ ဂရုဂျစ်၊ အဝန်နီယီ တို့ကို ရောင်းထုတ်မှုတွေ အပါအဝင် နွေကစားသမား ရှင်းထုတ်မှုတွေကနေ ပေါင် သန်း ၃၀ ရရှိထားပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကစားသမား ရောင်းထုတ်မှုအပေါ် မူတည်ပြီး လာမယ့် ဈေးကွက်ကာလအတွင်း တိုက်စစ်သမားတစ်ဦး၊ ကွင်းလယ်လူတစ်ဦးတို့ကို ခေါ်ယူသွားမယ်လို့ သိထားရတယ်။ အခုချိန်ထိတော့ ကွင်းလယ်လူကိုပဲ ဦးစားပေးခေါ်ယူမယ်လို့ အသံထွက်နေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးေတာင္ပံလူ ဟယ္ရီဝဲလ္ဆန္ဟာ ခ်န္ပီယံရွစ္ကလပ္ ဖူလ္ဟမ္အသင္းထံ ေပါင္ ၁၂ သန္းျဖင့္ ေျပာင္းေရႊ႔ေရးကိစၥ ေသခ်ာခဲ့ျပီျဖစ္ေၾကာင္း The Athletic သတင္းေထာက္ ဂ်ိမ္းပီေယာ့ဇ္ကလည္း အတည္ျပဳေပးခဲ့ပါျပီ။

ဝဲလ္ဆန္ဟာ ေဆးစစ္မႈေတြလုပ္ဖို႔ရာ ၾသစၾတီးယားက လီဗာပူးရာသီၾကိဳ ေလ့က်င့္ရာေနရာကေန ျဗိတိန္ကို ျပန္ဖို႔ ထြက္ခြာျပီျဖစ္တယ္။ ဝဲလ္ဆန္နဲ႔ ဖူလ္ဟမ္ၾကား ပုဂၢိဳလ္ေရး သေဘာတူညီမႈလည္း ရထားခဲ့ျပီး ျဖစ္ပါတယ္။

အရင္အပတ္ကပဲ ဂ်ိမ္းပီေယာ့ဇ္က လီဗာပူးအသင္းက ဖူလ္ဟမ္အသင္းကို ဝဲလ္ဆန္အတြက္ ေပါင္ ၁၅ သန္း ရလိုေၾကာင္း အေၾကာင္းျပန္ထားခဲ့တယ္။ ထိုစဥ္တုန္းက ဖူလ္ဟမ္ဘက္က တရားဝင္ ကမ္းလွမ္းမႈ မရွိေသးေပမယ့္ ႏွစ္သင္းၾကား ဆက္လက္ ညိႏိႈင္းခဲ့ရာက ေျပာင္းေရႊ႔ေၾကး သေဘာတူညီမႈရခဲ့တာျဖစ္တယ္။

ခရူဝီ၊ ဟူးစီးတီး၊ ဒါဘီ၊ ဘုန္းေမာက္၊ ကာဒစ္အသင္းေတြထံ အငွားထြက္ကစားဖူးတဲ့ ဝဲလ္ဆန္ကို ဘင္ဖီကာကလည္း ခ်ိတ္ဆက္ခဲ့ေသးေပမယ့္ ေစ်းေမးျမန္းမႈမွာတင္ ပ်က္ျပယ္ခဲ့ပါတယ္။ ဘရန္႔ဖိုဒ့္၊ ဝက္စ္ဘရြန္းအသင္းတို႔ကလည္း ဝဲလ္ဆန္အတြက္ စံုစမ္းေသးေပမယ့္ သေဘာတူညီမႈ မရခဲ့ပါဘူး။

ဝဲလ္ဆန္ကို ေရာင္းထုတ္ေရး သေဘာတူညီခဲ့တာေၾကာင့္ လီဗာပူးအသင္းဟာ ဂါရာဘာရာ၊ မီလာ၊ ဂရုဂ်စ္၊ အဝန္နီယီ တို႔ကို ေရာင္းထုတ္မႈေတြ အပါအဝင္ ေႏြကစားသမား ရွင္းထုတ္မႈေတြကေန ေပါင္ သန္း ၃၀ ရရွိထားျပီျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ကစားသမား ေရာင္းထုတ္မႈအေပၚ မူတည္ျပီး လာမယ့္ ေစ်းကြက္ကာလအတြင္း တိုက္စစ္သမားတစ္ဦး၊ ကြင္းလယ္လူတစ္ဦးတို႔ကို ေခၚယူသြားမယ္လို႔ သိထားရတယ္။ အခုခ်ိန္ထိေတာ့ ကြင္းလယ္လူကိုပဲ ဦးစားေပးေခၚယူမယ္လို႔ အသံထြက္ေနတာ ျဖစ္ပါတယ္။