မန်နေဂျာယာဂင်ကလော့ပ်က ရာသီကြိုပွဲ ၃ ပွဲကစားထားပြီဖြစ်တဲ့ အသင်းရဲ့ ခြေစွမ်းတွေဟာ ရာသီသစ်မှာ အသင်းရှိရမယ့် ခြေစွမ်းအနား လုံးဝတောင် မနီးစပ်သေးဘူးလို့ ဆိုပါတယ်။

ဒါပေမယ့်လို့ ရာသီကြိုဆိုတာက အကောင်းဆုံးတွေကို ရာနှုန်းပြည့် လုပ်ပြဖို့ထက် ဘယ်လောက် အတိုင်းအတာထိ အကောင်းဆုံး လုပ်ပြနိုင်မလဲကို စောင့်ကြည့်ရတဲ့ အနေအထားလို့ သူမြင်ပါတယ်။ အခုချိန်ထိ ဒဏ်ရာပြဿနာကင်းကင်းနဲ့ စွမ်းဆောင်ပြနေတာကိုပဲ ကျေနပ်ကြောင်း မန်နေဂျာကြီးက အသင်းဝဘ်ဆိုဒ်ကို ထုတ်ပြောခဲ့ပါတယ်။

ယာဂင်က ” ပွဲအပြီး နောက်ရက်မှာ လေ့ကျင့်ချိန် ၂ ချိန် ထပ်ရှိပါမယ်။ ပွဲမတိုင်ခင် မနက်တုန်းကလည်း လေ့ကျင့်ခဲ့ပါတယ်။ ရာသီကြိုမှာ ကျနေ်ာတို့ ဆက်တိုက် လေ့ကျင့်နေဖို့ လိုပါတယ်။ အကောင်းဆုံး ကြိုးစားပြီး ဘောလုံးကို ကစားဖို့ပါပဲ။ ရာသီကြိုမှာ ဒါကိုပဲ ကျနေ်ာတို့ လုပ်ရပါမယ်။

မိန့်နဲ့ပွဲအတွင်း အခြေအနေတွေ အတော်များများကို ကျနော် သဘောကျပါတယ်။ ပထမပိုင်းမှာ ခံစစ်ပိုင်းကျစ်လစ်ပြီး စုဖွဲ့မှုကောင်းတဲ့ အသင်းကို ရင်ဆိုင်ခဲ့တယ်။ အသင်းက ဘောလုံးတွေပေးနိုင်တယ်၊ ပေးချက်တွေကို ခပ်မြန်မြန်လေးလည်း ပေးနိုင်ခဲ့တယ်။ အဲ့အပိုင်းက အဆင်ပြေပါတယ်။

ဒုတိယပိုင်းမှာကျ အကယ်ဒမီ ကောင်လေးတွေက ရလဒ်အတွက် တိုက်ခိုက်နိုင်ခဲ့တယ်။ သူတို့ ရင်ဆိုင်ကစားရဲခဲ့ကြတာကို ကျနော် ပျော်ပါတယ်။ မိန့်ဘက်က ကောင်းခဲ့ပြီး ကျနေ်ာတို့ ခုခံမှုတွေ လုပ်ဖို့လည်း လိုခဲ့တယ်။ မိန့်က စုဖွဲ့မှု အတော်လေး ကောင်းပါတယ်။

ကျနေ်ာတို့ရဲ့ ခြေစွမ်းတွေက အသင်းရောက်ရမယ့် အဆင့်နားကို လားလားမှ မနီးစပ်သေးပါဘူး။ ဒါပေမယ့် ကျနော် ပြောခဲ့သလိုပဲ ကွင်းထဲမှာ ဖြစ်နိုင်သလောက် အကောင်းဆုံး စုဖွဲ့မှုနဲ့ ကြိုးစားရပါမယ်။ ရာနှုန်းပြည့် ကြိုးစားနိုင်ရမယ်ဆိုတာထက် ကြိုးစားနိုင်သလောက် ရာနှုန်းအများအပြားကို ကြိုးစားရမှာပါ။ မိန့်နဲ့ပွဲမှာ ကောင်လေးတွေ ဒါကို လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒီတော့ ကျနော် ပျော်ပါတယ်။

ဘယ်သူမှ ဒဏ်ရာမရဘူး၊ အဲ့တာက အရေးကြီးပါတယ်။ အားလုံး အဆင်ပြေပြေ ကစားနိုင်ခဲ့ပြီး ပွဲကို အဆင်ပြေပြေ အဆုံးသတ်နိုင်ခဲ့ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ရာသီၾကိဳပြဲ ၃ ပြဲကစားထားျပီျဖစ္တဲ့ အသင္းရဲ႕ ေျခစြမ္းေတြဟာ ရာသီသစ္မွာ အသင္းရွိရမယ့္ ေျခစြမ္းအနား လံုးဝေတာင္ မနီးစပ္ေသးဘူးလို႔ ဆိုပါတယ္။

ဒါေပမယ့္လို႔ ရာသီၾကိဳဆိုတာက အေကာင္းဆံုးေတြကို ရာႏႈန္းျပည့္ လုပ္ျပဖို႔ထက္ ဘယ္ေလာက္ အတိုင္းအတာထိ အေကာင္းဆံုး လုပ္ျပႏုိင္မလဲကို ေစာင့္ၾကည့္ရတဲ့ အေနအထားလို႔ သူျမင္ပါတယ္။ အခုခ်ိန္ထိ ဒဏ္ရာျပႆနာကင္းကင္းနဲ႔ စြမ္းေဆာင္ျပေနတာကိုပဲ ေက်နပ္ေၾကာင္း မန္ေနဂ်ာၾကီးက အသင္းဝဘ္ဆိုဒ္ကို ထုတ္ေျပာခဲ့ပါတယ္။

ယာဂင္က ” ပြဲအျပီး ေနာက္ရက္မွာ ေလ့က်င့္ခ်ိန္ ၂ ခ်ိန္ ထပ္ရွိပါမယ္။ ပြဲမတိုင္ခင္ မနက္တုန္းကလည္း ေလ့က်င့္ခဲ့ပါတယ္။ ရာသီၾကိဳမွာ က်ေန္ာတို႔ ဆက္တိုက္ ေလ့က်င့္ေနဖို႔ လိုပါတယ္။ အေကာင္းဆံုး ၾကိဳးစားျပီး ေဘာလံုးကို ကစားဖို႔ပါပဲ။ ရာသီၾကိဳမွာ ဒါကိုပဲ က်ေန္ာတို႔ လုပ္ရပါမယ္။

မိန္႔နဲ႔ပြဲအတြင္း အေျခအေနေတြ အေတာ္မ်ားမ်ားကို က်ေနာ္ သေဘာက်ပါတယ္။ ပထမပိုင္းမွာ ခံစစ္ပိုင္းက်စ္လစ္ျပီး စုဖြဲ႔မႈေကာင္းတဲ့ အသင္းကို ရင္ဆိုင္ခဲ့တယ္။ အသင္းက ေဘာလံုးေတြေပးႏုိင္တယ္၊ ေပးခ်က္ေတြကို ခပ္ျမန္ျမန္ေလးလည္း ေပးႏုိင္ခဲ့တယ္။ အဲ့အပိုင္းက အဆင္ေျပပါတယ္။

ဒုတိယပိုင္းမွာက် အကယ္ဒမီ ေကာင္ေလးေတြက ရလဒ္အတြက္ တိုက္ခိုက္ႏုိင္ခဲ့တယ္။ သူတို႔ ရင္ဆိုင္ကစားရဲခဲ့ၾကတာကို က်ေနာ္ ေပ်ာ္ပါတယ္။ မိန္႔ဘက္က ေကာင္းခဲ့ျပီး က်ေန္ာတို႔ ခုခံမႈေတြ လုပ္ဖို႔လည္း လိုခဲ့တယ္။ မိန္႔က စုဖြဲ႔မႈ အေတာ္ေလး ေကာင္းပါတယ္။

က်ေန္ာတို႔ရဲ႕ ေျခစြမ္းေတြက အသင္းေရာက္ရမယ့္ အဆင့္နားကို လားလားမွ မနီးစပ္ေသးပါဘူး။ ဒါေပမယ့္ က်ေနာ္ ေျပာခဲ့သလိုပဲ ကြင္းထဲမွာ ျဖစ္ႏုိင္သေလာက္ အေကာင္းဆံုး စုဖြဲ႔မႈနဲ႔ ၾကိဳးစားရပါမယ္။ ရာႏႈန္းျပည့္ ၾကိဳးစားႏုိင္ရမယ္ဆိုတာထက္ ၾကိဳးစားႏုိင္သေလာက္ ရာႏႈန္းအမ်ားအျပားကို ၾကိဳးစားရမွာပါ။ မိန္႔နဲ႔ပြဲမွာ ေကာင္ေလးေတြ ဒါကို လုပ္ႏုိင္ခဲ့တယ္လို႔ ထင္ပါတယ္။ ဒီေတာ့ က်ေနာ္ ေပ်ာ္ပါတယ္။

ဘယ္သူမွ ဒဏ္ရာမရဘူး၊ အဲ့တာက အေရးၾကီးပါတယ္။ အားလံုး အဆင္ေျပေျပ ကစားႏုိင္ခဲ့ျပီး ပြဲကို အဆင္ေျပေျပ အဆံုးသတ္ႏုိင္ခဲ့ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။