မန်ချက်စတာယူနိုက်တက်ဟာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက် ရှိလာပြီဖြစ်တဲ့ ဒီဂီယာကို သက်တမ်းတိုးဖို့ မနီးစပ်နိုင်သေးပါဘူး။

ဇန်န၀ါရီမှာ အင်္ဂလန်ပြင်ပ ကလပ်တွေက ဒီဂီယာကို အကြို သဘောတူစာချုပ်ပါ ချုပ်ဆိုနိုင်ခွင့် ရှိနေပါတယ်။ ဒီဂီယာက ကလပ်အသင်းရဲ့ လုပ်ခအများဆုံး ကစားသမား ဖြစ်လာလိုနေတယ်လို့ သတင်းထွက်ပေမယ့် သက်တမ်းတိုး ကိစ္စ ညှိနှိုင်းမှု ကြံ့ကြာနေခြင်းက အများထင်သလို လစာကိစ္စကြောင်းချည်း သက်သက် မဟုတ်ပါဘူး။

ဒီဂီယာ မန်ချက်စတာမှာ ဆက်နေဖို့ အတွက် တောင်းဆိုမှုထဲမှာ အသင်းအနေနဲ့ ဆုဖလားတွေ ရယူစိန်ခေါ်နိုင်တဲ့ ကလပ်အသင်း ဖြစ်ဖို့ သေချာတဲ့ ရည်မှန်းချက်နဲ့ အားထုတ်မှုတွေ မြင်တွေ့လိုနေတာလည်း ပါဝင်ပါတယ်။ ဆိုလိုတာက ကလပ်အသင်းဟာ ကစားသမားကောင်းတွေအပေါ် ရင်းနှီးမြုပ်နှံရင် မန်ယူမှာ ဆက်နေဖို့ ဒီဂီယာက တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။

ဆိုးရှားဟာ အသင်းကို လူငယ်တွေနဲ့ ပြန်တည်ဆောက်လိုနေတာကြောင့် ဒီဂီယာ မျှော်လင့်ထားသလို လမ်းကြောင်းပေါ် ရောက်ဖို့ အချိန် အတိုင်းအတာ တစ်ခု လိုဦးမှာပါ။ မန်ယူဟာ ဒီဘက်နှစ်တွေမှာ ကျရိပ်ပြလာခြင်းက ကလပ်အသင်းရဲ့ ရည်ရွယ်ချက်ကောင်း နည်းလာခြင်းလို့လည်း ဒီဂီယာက ယူဆနေတယ်။

ဒီဂီယာ အနေနဲ့ ဆုဖလားတွေ ရယူဖို့ ကြိုးစားနိုင်မယ့် အသင်းတည်ဆောက်မှု အာမခံချက် မန်ယူတာဝန်ရှိသူတွေထံက တောင်းဆိုထားပြီး အဲ့သည် အာမခံချက်ရရင် စာချုပ်သစ်ကို လက်မှတ်ထိုးဖွယ် ရှိပါတယ်။