လီဗာပူးကွင်းလယ်လူ သီယာဂိုက မနှစ်ကရာသီမှာ ရခဲ့တဲ့ ဒဏ်ရာက သူ့အပေါ် သက်ရောက်မှု ကြီးမားခဲ့တယ်လို့ လီဗာပူးအသင်းဝဘ်ဆိုဒ်ကနေတစ်ဆင့် သီယာဂိုက ဝန်ခံပါတယ်။

သီယာဂိုဟာ လီဗာပူးရဲ့ ရာသီနောက်ဆုံးပွဲတွေကို ပုံမှန် ပါဝင်နိုင်ခဲ့ပေမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲမှာတော့ ပွဲကစားခွင့်တွေ နည်းပါးခဲ့ပါတယ်။ အဲ့တာက ကလပ်မှာ ရခဲ့တဲ့ ဒဏ်ရာတွေ ပြန်ပေါ်လာခြင်းကြောင့်ဖြစ်ပြီး လက်ရွေးစင်နဲ့ ပူးပေါင်းချိန်မှာ အပြေးလေ့ကျင့်ရေးတောင် ပုံမှန် မလုပ်နိုင်ခဲ့ဘူးလို့ သီယာဂိုက ဖွင့်ဟပါတယ်။

သီယာဂိုက ” ပြီးခဲ့တဲ့ရာသီကို နာကျင်မှုတွေကြားမှာ ကစားကစားခဲ့ရတယ်။ ဒဏ်ရာက အကင်းမသေဘဲ နာကျင်မှုတွေနဲ့ပဲ ကစားနေခဲ့ရတယ်။ အဲ့တာကြောင့်ပဲ ရာသီအကုန်မှာတော့ ဒဏ်ရာက ပိုပိုပြီး နာကျင်လာတယ်။ လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းချိန်မှာတော့ ကျနော်က ပုံမှန်တောင် မပြေးနိုင်တော့သလို၊ လှုပ်ရှားမှုတွေလည်း ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။ ” ဆိုပြီး ရှင်းပြခဲ့တယ်။

ရာသီသစ်မှာ လီဗာပူးအတွက် ကြံ့ခိုင်မှု အပြည့် ကစားနိုင်ဖို့ ဆေးအဖွဲ့ရဲ့ လမ်းညွှန်ချက်ဖြင့် တစ်ဦးချင်း လေ့ကျင့်ရေးတွေမှာ ကြိုးစားနေတယ်လို့ သီယာဂိုက ထုတ်ပြောလာတယ်။ သီယာဂိုဟာ လီဗာပူးအသင်းနဲ့လည်း လေ့ကျင့်ရေး ပြန်ဆင်းနေပြီဖြစ်ကာ နော့ဝစ်ပွဲမှာ ပါနိုင်မလား စောင့်ကြည့်ရပါမယ်။

ကွင်းလယ်လူက ” ရာသီကြိုမှာတော့ ဆေးအဖွဲ့နဲ့ တိုင်ပင်ပြီး နာကျင်နေတဲ့ ကိစ္စတွေကို ရှင်းလင်းဖို့နဲ့ ထပ်ပြီး မနာကျင်တော့ဖို့ တစ်ဦးချင်း ကြိုးစားမှုတွေ လုပ်နေခဲ့တယ်။ ဒါကြောင့်ပဲ အသင်းရဲ့ လူစာရင်းမှာ ကျနော် မပါတာပါ၊ တစ်ချိန်တည်းမှာပဲ အသင်းနဲ့တော့ အတူရှိနေတာပေါ့။

ကျနေ်ာတို့က တစ်ဦးချင်းမှာ ၂၄ နာရီလုံး ကြိုးစားနေပါတယ်။ အသင်းက မနက်ပိုင်းမှာ လေ့ကျင့်နေတယ်၊ ကျနော်က တစ်ဦးတည်း လေ့ကျင့်တယ်။ အသင်းက အနားယူနေချိန်မှာလည်း ကျနော်က တစ်ဦးတည်း လေ့ကျင့်နေခဲ့တယ်။ ဒီတော့ ကြံ့ခိုင်လာဖို့အတွက် လုံလောက်တဲ့ အချိန် ရထားပါတယ်။

ဘောလုံးရာသီက အရှည်ကြီးပါ ကျနော်က ကိုယ်ရဲ့ ကြံ့ခိုင်မှုအတွက် နည်းနည်း တစ်ကိုယ်ကောင်းဆန်ဖို့ လိုနေတာပေါ့။ အသင်းအတွက် ပါဝင်ကစားဖို့ရာ ရာနှုန်းပြည့် ပြန်ကောင်းလာဖို့ နီးစပ်နေပါပြီ ” လို့ ဖြေဆိုပေးသွားပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူ သီယာဂိုက မႏွစ္ကရာသီမွာ ရခဲ့တဲ့ ဒဏ္ရာက သူ႔အေပၚ သက္ေရာက္မႈ ၾကီးမားခဲ့တယ္လို႔ လီဗာပူးအသင္းဝဘ္ဆိုဒ္ကေနတစ္ဆင့္ သီယာဂိုက ဝန္ခံပါတယ္။

သီယာဂိုဟာ လီဗာပူးရဲ႕ ရာသီေနာက္ဆံုးပြဲေတြကို ပံုမွန္ ပါဝင္ႏုိင္ခဲ့ေပမယ့္ ယူရို ၂၀၂၀ ျပိဳင္ပြဲမွာေတာ့ ပြဲကစားခြင့္ေတြ နည္းပါးခဲ့ပါတယ္။ အဲ့တာက ကလပ္မွာ ရခဲ့တဲ့ ဒဏ္ရာေတြ ျပန္ေပၚလာျခင္းေၾကာင့္ျဖစ္ျပီး လက္ေရြးစင္နဲ႔ ပူးေပါင္းခ်ိန္မွာ အေျပးေလ့က်င့္ေရးေတာင္ ပံုမွန္ မလုပ္ႏုိင္ခဲ့ဘူးလို႔ သီယာဂိုက ဖြင့္ဟပါတယ္။

သီယာဂိုက ” ျပီးခဲ့တဲ့ရာသီကို နာက်င္မႈေတြၾကားမွာ ကစားကစားခဲ့ရတယ္။ ဒဏ္ရာက အကင္းမေသဘဲ နာက်င္မႈေတြနဲ႔ပဲ ကစားေနခဲ့ရတယ္။ အဲ့တာေၾကာင့္ပဲ ရာသီအကုန္မွာေတာ့ ဒဏ္ရာက ပိုပိုျပီး နာက်င္လာတယ္။ လက္ေရြးစင္အသင္းနဲ႔ ပူးေပါင္းခ်ိန္မွာေတာ့ က်ေနာ္က ပံုမွန္ေတာင္ မေျပးႏုိင္ေတာ့သလို၊ လႈပ္ရွားမႈေတြလည္း ေကာင္းေကာင္း မလုပ္ႏုိင္ေတာ့ပါဘူး။ ” ဆိုျပီး ရွင္းျပခဲ့တယ္။

ရာသီသစ္မွာ လီဗာပူးအတြက္ ၾကံ႕ခိုင္မႈ အျပည့္ ကစားႏုိင္ဖို႔ ေဆးအဖြဲ႔ရဲ႕ လမ္းညႊန္ခ်က္ျဖင့္ တစ္ဦးခ်င္း ေလ့က်င့္ေရးေတြမွာ ၾကိဳးစားေနတယ္လုိ႔ သီယာဂိုက ထုတ္ေျပာလာတယ္။ သီယာဂိုဟာ လီဗာပူးအသင္းနဲ႔လည္း ေလ့က်င့္ေရး ျပန္ဆင္းေနျပီျဖစ္ကာ ေနာ့ဝစ္ပြဲမွာ ပါႏုိင္မလား ေစာင့္ၾကည့္ရပါမယ္။

ကြင္းလယ္လူက ” ရာသီၾကိဳမွာေတာ့ ေဆးအဖြဲ႔နဲ႔ တိုင္ပင္ျပီး နာက်င္ေနတဲ့ ကိစၥေတြကို ရွင္းလင္းဖို႔နဲ႔ ထပ္ျပီး မနာက်င္ေတာ့ဖို႔ တစ္ဦးခ်င္း ၾကိဳးစားမႈေတြ လုပ္ေနခဲ့တယ္။ ဒါေၾကာင့္ပဲ အသင္းရဲ႕ လူစာရင္းမွာ က်ေနာ္ မပါတာပါ၊ တစ္ခ်ိန္တည္းမွာပဲ အသင္းနဲ႔ေတာ့ အတူရွိေနတာေပါ့။

က်ေန္ာတို႔က တစ္ဦးခ်င္းမွာ ၂၄ နာရီလံုး ၾကိဳးစားေနပါတယ္။ အသင္းက မနက္ပိုင္းမွာ ေလ့က်င့္ေနတယ္၊ က်ေနာ္က တစ္ဦးတည္း ေလ့က်င့္တယ္။ အသင္းက အနားယူေနခ်ိန္မွာလည္း က်ေနာ္က တစ္ဦးတည္း ေလ့က်င့္ေနခဲ့တယ္။ ဒီေတာ့ ၾကံ႕ခိုင္လာဖို႔အတြက္ လံုေလာက္တဲ့ အခ်ိန္ ရထားပါတယ္။

ေဘာလံုးရာသီက အရွည္ၾကီးပါ က်ေနာ္က ကိုယ္ရဲ႕ ၾကံ႕ခိုင္မႈအတြက္ နည္းနည္း တစ္ကိုယ္ေကာင္းဆန္ဖို႔ လိုေနတာေပါ့။ အသင္းအတြက္ ပါဝင္ကစားဖို႔ရာ ရာနႈန္းျပည့္ ျပန္ေကာင္းလာဖို႔ နီးစပ္ေနပါျပီ ” လို႔ ေျဖဆိုေပးသြားပါတယ္။