လီဗာပူးအသင်းဟာ ဒီနွေမှာ ကစားသမား ရှင်းထုတ်မှုတွေ ပြုလုပ်ရာမှာ မနှစ်တုန်းက တောက်ပခဲ့တဲ့ နက်ဖီးလစ်ကိုလည်း အသည်းအသန် တားဆီးနေမှာ မဟုတ်ဘဲ သင့်လျော်တဲ့ ကမ်းလှမ်းမှုဖြင့် ထွက်ခွင့်ပေးဖို့ စီစဉ်နေပါတယ်။

နက်ဖီးလစ်ကို ခေါ်ယူဖို့ နောက်ဆုံး ပါဝင်လာတဲ့ အသင်းကတော့ နယူးကာဆယ် ယူနိုက်တက်ဖြစ်ပါတယ်။ လက်ရှိမှာ လီဗာပူးအသင်းဟာ ဆောက်သမ်တန်၊ ဘန်လေ၊ ဘရိုက်တန်နဲ့ နယူးကာဆယ်ထံက နက်ဖီးလစ်အတွက် စိတ်ဝင်စားမှုတွေ ရထားခဲ့ပြီဖြစ်တယ်။

သူ့ကို ခေါ်ယူရေး ဝက်ဟမ်းနဲ့ လေဗာကူဆင်ဘက်ကလည်း စောင့်ကြည့်နေသေးပေမယ့် တရားဝင် ကမ်းလှမ်းမှု လုံးဝ မရှိထားကြပါဘူး။ လီဗာပူးဘက်ကတော့ နက်ဖီးလစ်ကို ဆက်ထိန်းရရင်လည်း အဆင်ပြေပြီး ရောင်းထုတ်ရမယ်ဆိုရင် ပေါင် ၁၅ သန်း တောင်းဆိုမှာဖြစ်ပါတယ်။

လီဗာပူးဘက်ကကော နက်ဖီးလစ်ဘက်ကပါ နားလည်ထားတာက ရာသီသစ်မှာ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်နဲ့ ကိုနတေးတို့ ရှိနေတာကြောင့် နက်ဖီးလစ်ရဲ့ ပွဲကစားခွင့်ဟာ အကန့်အသတ် ရှိလာပါတယ်။ အသက် ၂၄ နှစ်အရွယ် ခံစစ်မှူးရဲ့ အနာဂတ်အတွက် ပုံမှန်ပွဲကစားခွင့်ဖြင့် ကမ်းလှမ်းလာမယ့် အသင်းဟာ လီဗာပူးတောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးမယ်ဆိုရင် ညိနှိုင်းကြမှာဖြစ်တယ်။

လီဗာပူးဘက်က နက်ဖီးလစ်ကို ရောင်းထုတ်ရာမှာတော့ ဝဲလ်ဆန်ကို ရောင်းထုတ်ခဲ့သလိုပဲ ကစားသမားကို အရင်ခေါ်ယူသွားပြီး ပြောင်းရွှေ့ကြေးကို နောက်မှပေးတာမျိုးကို လက်ခံလိမ့်မယ်လို့ The Times သတင်းဌာနက ဖော်ပြခဲ့တယ်။

ဝဲလ်ဆန်ကို ဖူလ်ဟမ်အသင်းထံ ပေါင် ၁၂ သန်းဖြင့် ရောင်းထုတ်ရာမှာလည်း ဒီနွေမှာတင် ကစားသမားက ထွက်ခွာသွားပေမယ့်လို့ ၂၀၂၂ ခုနှစ် မတိုင်ခင်ထိ လီဗာပူးက ပြောင်းရွှေ့ကြေး တစ်ပြားတစ်ချပ်မှ ရဖို့ မရှိပါဘူး။

လက်ရှိ ခံစစ်မှူးတွေထဲမှာတော့ ဗန်ဒိုက်နဲ့ မာတစ်တို့ဟာ အသက် ၃၀ အရွယ် ရှိနေပြီဖြစ်လို့ လာမယ့် နွေမှာ လီဗာပူးအသင်းက ဗဟိုခံစစ်မှူးသစ် ထပ်မံ အားဖြည့်ရဖို့ ရှိနေသေးတာပါ။ နက်ဖီးလစ်ဟာ ပရိသတ်ကြိုက် ခံစစ်မှူးဖြစ်ခဲ့ပေမယ့် ကလပ်ရဲ့ အနာဂတ်အတွက် အရှည်ကို စဉ်းစားရမယ်ဆိုတာ လီဗာပူးအသင်းက ယုံကြည်ထားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီေႏြမွာ ကစားသမား ရွင္းထုတ္မႈေတြ ျပဳလုပ္ရာမွာ မႏွစ္တုန္းက ေတာက္ပခဲ့တဲ့ နက္ဖီးလစ္ကိုလည္း အသည္းအသန္ တားဆီးေနမွာ မဟုတ္ဘဲ သင့္ေလ်ာ္တဲ့ ကမ္းလွမ္းမႈျဖင့္ ထြက္ခြင့္ေပးဖို႔ စီစဥ္ေနပါတယ္။

နက္ဖီးလစ္ကို ေခၚယူဖို႔ ေနာက္ဆုံး ပါဝင္လာတဲ့ အသင္းကေတာ့ နယူးကာဆယ္ ယူႏိုက္တက္ျဖစ္ပါတယ္။ လက္ရွိမွာ လီဗာပူးအသင္းဟာ ေဆာက္သမ္တန္၊ ဘန္ေလ၊ ဘ႐ိုက္တန္နဲ႔ နယူးကာဆယ္ထံက နက္ဖီးလစ္အတြက္ စိတ္ဝင္စားမႈေတြ ရထားခဲ့ၿပီျဖစ္တယ္။

သူ႔ကို ေခၚယူေရး ဝက္ဟမ္းနဲ႔ ေလဗာကူဆင္ဘက္ကလည္း ေစာင့္ၾကည့္ေနေသးေပမယ့္ တရားဝင္ ကမ္းလွမ္းမႈ လုံးဝ မရွိထားၾကပါဘူး။ လီဗာပူးဘက္ကေတာ့ နက္ဖီးလစ္ကို ဆက္ထိန္းရရင္လည္း အဆင္ေျပၿပီး ေရာင္းထုတ္ရမယ္ဆိုရင္ ေပါင္ ၁၅ သန္း ေတာင္းဆိုမွာျဖစ္ပါတယ္။

လီဗာပူးဘက္ကေကာ နက္ဖီးလစ္ဘက္ကပါ နားလည္ထားတာက ရာသီသစ္မွာ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္နဲ႔ ကိုနေတးတို႔ ရွိေနတာေၾကာင့္ နက္ဖီးလစ္ရဲ႕ ပြဲကစားခြင့္ဟာ အကန္႔အသတ္ ရွိလာပါတယ္။ အသက္ ၂၄ ႏွစ္အရြယ္ ခံစစ္မွဴးရဲ႕ အနာဂတ္အတြက္ ပံုမွန္ပြဲကစားခြင့္ျဖင့္ ကမ္းလွမ္းလာမယ့္ အသင္းဟာ လီဗာပူးေတာင္းဆိုတဲ့ ေျပာင္းေရႊ႔ေၾကးကို ေပးမယ္ဆိုရင္ ညိႏိႈင္းၾကမွာျဖစ္တယ္။

လီဗာပူးဘက္က နက္ဖီးလစ္ကို ေရာင္းထုတ္ရာမွာေတာ့ ဝဲလ္ဆန္ကို ေရာင္းထုတ္ခဲ့သလိုပဲ ကစားသမားကို အရင္ေခၚယူသြားျပီး ေျပာင္းေရႊ႔ေၾကးကို ေနာက္မွေပးတာမ်ိဳးကို လက္ခံလိမ့္မယ္လို႔ The Times သတင္းဌာနက ေဖာ္ျပခဲ့တယ္။

ဝဲလ္ဆန္ကို ဖူလ္ဟမ္အသင္းထံ ေပါင္ ၁၂ သန္းျဖင့္ ေရာင္းထုတ္ရာမွာလည္း ဒီေႏြမွာတင္ ကစားသမားက ထြက္ခြာသြားေပမယ့္လို႔ ၂၀၂၂ ခုႏွစ္ မတိုင္ခင္ထိ လီဗာပူးက ေျပာင္းေရႊ႔ေၾကး တစ္ျပားတစ္ခ်ပ္မွ ရဖို႔ မရွိပါဘူး။

လက္ရွိ ခံစစ္မွဴးေတြထဲမွာေတာ့ ဗန္ဒိုက္နဲ႔ မာတစ္တို႔ဟာ အသက္ ၃၀ အရြယ္ ရွိေနျပီျဖစ္လို႔ လာမယ့္ ေႏြမွာ လီဗာပူးအသင္းက ဗဟိုခံစစ္မွဴးသစ္ ထပ္မံ အားျဖည့္ရဖို႔ ရွိေနေသးတာပါ။ နက္ဖီးလစ္ဟာ ပရိသတ္ၾကိဳက္ ခံစစ္မွဴးျဖစ္ခဲ့ေပမယ့္ ကလပ္ရဲ႕ အနာဂတ္အတြက္ အရွည္ကို စဥ္းစားရမယ္ဆိုတာ လီဗာပူးအသင္းက ယံုၾကည္ထားတာ ျဖစ္ပါတယ္။