လီဗာပူးတိုက်စစ်မှူး ဆာလာဟာ ကလပ်ဘက်က သူ့ကို စာချုပ်သစ် ကမ်းလှမ်းဖို့ နှောင့်နှေးနေခြင်း ကိစ္စအား အံ့အားသင့်နေတယ်လို့ The Athletic မှ လီဗာပူးသတင်းထောက်တွေဖြစ်တဲ့ Simon Hughes နဲ့ James Pearce တို့က ရေးသားသွားပါတယ်။

၂၀၂၃ ခုနှစ်ထိပဲ လီဗာပူးနဲ့ စာချုပ်ရှိတော့တဲ့ ဆာလာကို သက်တမ်းတိုးရေးက အမြင်ထက် ပိုမို ရှုပ်ထွေးနေတဲ့ အခြေအနေလို့ ယူဆရတယ်။ ဆာလာ ကိုယ်တိုင်က လီဗာပူးမှာ ဆက်နေလိုပေမယ့် ကလပ်ဘက်က စာချုပ်သစ်ပေးရေး ကြံ့ကြာနေခြင်းက ဘာလို့များလဲဆိုတာကို ဆာလာ ကိုယ်တိုင်ကလည်း နားမလည်နိုင် ဖြစ်နေပါတယ်။

ပြိုင်ဘက်အသင်းဖြစ်တဲ့ မန်စီးတီးက ဒီဘရိုင်းကို စာချုပ်ချုပ်ရေး ခပ်မြန်မြန် ကြိုးစားနိုင်ခဲ့သလို သူ့အခြေအနေကိုလည်း အမြန်ဆုံး အကောင်အထည် ဖော်လာသင့်တယ်လို့ ဆာလာက မြင်တာပါ။ အသက် ၃၀ အရွယ် ဒီဘရိုင်းဟာ မန်စီးတီးနဲ့ စာချုပ် ၂ နှစ်ပဲ ကျန်နေချိန်မှာပဲ ၂၀၂၅ ခုနှစ်ထိ သက်တမ်းတိုးစာချုပ် ရရှိသွားခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးသတင်းထောက်တွေကတော့ ကလပ်ဟာ ဆာလာကို သက်တမ်းတိုးရာမှာ စံချိန်တင် လုပ်ခတစ်ခုကို ပေးရမယ်ဆိုတာ နားလည်ထားတယ်လို့ ဆိုတယ်။ အဲ့ကိစ္စကပဲ ကလပ် တာဝန်ရှိသူတွေ စိုးရိမ်နေခြင်းဖြစ်ပြီး ကလပ်ရဲ့ လုပ်ခပေေးချမှုဟာ နောက်ထပ် စံတစ်ခုကို ရောက်ရှိသွားမှာကို စဉ်းစားနေကြတာလို့ သိရတယ်။

ဒါပေမယ့်လို့ ဒီလိုကိစ္စက ဆာလာ တစ်ဦးတည်းတင် မဟုတ်ဘဲ FSG ပိုင်ဆိုင်ထားတဲ့ Boston Red Sox ဘေ့စ်ဘောအသင်းမှ အသက် ၂၈ နှစ်အရွယ် ကလပ်ကြယ်ပွင့် Mookie Betts ကို ဆက်ထိန်းရေးမှာလည်း ကြံ့ကြာနေဆဲဖြစ်တယ်။ FSG ဘက်က သူတို့ ပိုင်ဆိုင်ထားတဲ့ ကလပ်တွေရဲ့ အဓိက ကစားသမားတွေကို စာချုပ်သစ်ပေးရာမှာ ကလပ်ရဲ့ လုပ်ခပိုင်း တည်ဆောက်မှုတွေ ဟန်ချက်မညီဖြစ်မှာကို စိုးရိမ်နေတဲ့ အနေအထားဖြစ်ပါတယ်။

သတင်းထူးတွေ ကြားရဖို့တော့ အားလုံးက မျှော်လင့်နေဆဲဖြစ်ပြီး မကြာတော့တဲ့ လပိုင်းမှာ ဆာလာ သက်တမ်းတိုးကိစ္စ အကောင်အထည် ပေါ်လာဖို့တော့ အားလုံးက အလိုရှိနေတာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္မွဴး ဆာလာဟာ ကလပ္ဘက္က သူ႔ကို စာခ်ဳပ္သစ္ ကမ္းလွမ္းဖို႔ ေႏွာင့္ေႏွးေနျခင္း ကိစၥအား အံ့အားသင့္ေနတယ္လို႔ The Athletic မွ လီဗာပူးသတင္းေထာက္ေတြျဖစ္တဲ့ Simon Hughes နဲ႔ James Pearce တို႔က ေရးသားသြားပါတယ္။

၂၀၂၃ ခုႏွစ္ထိပဲ လီဗာပူးနဲ႔ စာခ်ဳပ္ရွိေတာ့တဲ့ ဆာလာကို သက္တမ္းတိုးေရးက အျမင္ထက္ ပိုမို ရႈပ္ေထြးေနတဲ့ အေျခအေနလို႔ ယူဆရတယ္။ ဆာလာ ကိုယ္တုိင္က လီဗာပူးမွာ ဆက္ေနလိုေပမယ့္ ကလပ္ဘက္က စာခ်ဳပ္သစ္ေပးေရး ၾကံ႕ၾကာေနျခင္းက ဘာလို႔မ်ားလဲဆိုတာကို ဆာလာ ကိုယ္တိုင္ကလည္း နားမလည္ႏုိင္ ျဖစ္ေနပါတယ္။

ျပိဳင္ဘက္အသင္းျဖစ္တဲ့ မန္စီးတီးက ဒီဘရိုင္းကို စာခ်ဳပ္ခ်ဳပ္ေရး ခပ္ျမန္ျမန္ ၾကိဳးစားႏုိင္ခဲ့သလို သူ႔အေျခအေနကိုလည္း အျမန္ဆံုး အေကာင္အထည္ ေဖာ္လာသင့္တယ္လို႔ ဆာလာက ျမင္တာပါ။ အသက္ ၃၀ အရြယ္ ဒီဘရိုင္းဟာ မန္စီးတီးနဲ႔ စာခ်ဳပ္ ၂ ႏွစ္ပဲ က်န္ေနခ်ိန္မွာပဲ ၂၀၂၅ ခုႏွစ္ထိ သက္တမ္းတိုးစာခ်ဳပ္ ရရွိသြားခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးသတင္းေထာက္ေတြကေတာ့ ကလပ္ဟာ ဆာလာကို သက္တမ္းတိုးရာမွာ စံခ်ိန္တင္ လုပ္ခတစ္ခုကို ေပးရမယ္ဆိုတာ နားလည္ထားတယ္လို႔ ဆိုတယ္။ အဲ့ကိစၥကပဲ ကလပ္ တာဝန္ရွိသူေတြ စိုးရိမ္ေနျခင္းျဖစ္ျပီး ကလပ္ရဲ႕ လုပ္ခေပေးခ်မႈဟာ ေနာက္ထပ္ စံတစ္ခုကို ေရာက္ရွိသြားမွာကို စဥ္းစားေနၾကတာလို႔ သိရတယ္။

ဒါေပမယ့္လို႔ ဒီလိုကိစၥက ဆာလာ တစ္ဦးတည္းတင္ မဟုတ္ဘဲ FSG ပိုင္ဆိုင္ထားတဲ့ Boston Red Sox ေဘ့စ္ေဘာအသင္းမွ အသက္ ၂၈ ႏွစ္အရြယ္ ကလပ္ၾကယ္ပြင့္ Mookie Betts ကို ဆက္ထိန္းေရးမွာလည္း ၾကံ႕ၾကာေနဆဲျဖစ္တယ္။ FSG ဘက္က သူတို႔ ပိုင္ဆုိင္ထားတဲ့ ကလပ္ေတြရဲ႕ အဓိက ကစားသမားေတြကို စာခ်ဳပ္သစ္ေပးရာမွာ ကလပ္ရဲ႕ လုပ္ခပိုင္း တည္ေဆာက္မႈေတြ ဟန္ခ်က္မညီျဖစ္မွာကို စိုးရိမ္ေနတ့ဲ အေနအထားျဖစ္ပါတယ္။

သတင္းထူးေတြ ၾကားရဖို႔ေတာ့ အားလံုးက ေမွ်ာ္လင့္ေနဆဲျဖစ္ျပီး မၾကာေတာ့တဲ့ လပိုင္းမွာ ဆာလာ သက္တမ္းတိုးကိစၥ အေကာင္အထည္ ေပၚလာဖို႔ေတာ့ အားလံုးက အလိုရွိေနတာပဲ ျဖစ္ပါတယ္။