လီဗာပူးတိုက်စစ်သမား ဆာလာက ဒီရာသီမှာ လီဗာပူးအသင်းဟာ အမှတ်ပေးဖလားကို ယှဉ်ပြိုင်သွားမှာပါလို့ ပရိသတ်တွေကို ထုတ်ပြောလာခဲ့ပြီ ဖြစ်ပါတယ်။

ဆာလာက ” ကျနေ်ာတို့ ဒီပွဲကို (မန်စီးတီးပွဲ) တကယ်ကို အနိုင်ရလိုခဲ့တာပါ။ ဒါပေမယ့် ကျနေ်ာတို့ ယှဉ်ပြိုင်မှု လမ်းကြောင်းထဲ ရှိနေဆဲဖြစ်ပါတယ်။ ကျနေ်ာတို့တွေ ဆုဖလားအတွက် ယှဉ်ပြိုင်သွားမှာပါ။ အဲ့အတွက်လည်း အင်အားတွေ ရှိနေပါတယ် ” လို့ အင်စတာဂရမ်ကနေ ပရိသတ်တွေကို ကတိပေးခဲ့တာဖြစ်တယ်။

အန်ဖီးကွင်းမှာ ယှဉ်ပြိုင်တဲ့ လီဗာပူးနဲ့ မန်စီးတီးပွဲဟာ ၂-၂ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး လီဗာပူးအသင်းက နှစ်ကြိမ်တိုင် ဦးဆောင်ဂိုး သွင်းယူခဲ့သလို တတိယ ဦးဆောင်ဂိုး ရဖို့ပါ အတော်လေး နီးစပ်တဲ့ အခွင့်အရေး ရှိခဲ့တာဖြစ်ပါတယ်။

နွေအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူမှုကြီးတွေ မလုပ်ခဲ့ပေမယ့်လို့ လီဗာပူးရဲ့ ပုံစံကောင်းတွေကြောင့် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုမှာ ဆွဲထုတ်လို့ ရဦးမှာ မဟုတ်ပါဘူး။ အသင်းဟာ အခုချိန်ထိ အမှတ်ပေးဇယား ပြိုင်ဆိုင်မှုထဲ ပါဝင်နိုင်နေဆဲဖြစ်ကာ လမ်းကြောင်းမှန်ပေါ်မှာပဲ ဆက်ရှိနေပါသေးတယ်။

မန်စီးတီးပွဲနဲ့ ပတ်သက်လို့ ဆာလာက ” ပွဲက ခက်ခဲပါတယ် သူတို့အသင်းက ဘောလုံးကို အတော်လေး ကိုင်ထားနိုင်တာလေ။ ပထမပိုင်းမှာတော့ အတော်လေး အခြေအနေ မကောင်းခဲ့ဘူး ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ကျနော်တို့ ကစားပုံ ကောင်းခဲ့ပါတယ်။ ဒီရလဒ်ကို ကျနေ်ာတို့ လက်ခံရမှာပါ။

ပွဲအစပိုင်းမှာ သူတို့ လွှမ်းမိုးခဲ့ပြီး ပထမပိုင်း ကျနေ်ာတို့ ရုန်းကန်ရကာ ရလဒ်က ဝ-၀ ဖြစ်နေခဲ့တယ်။ အဝတ်လဲခန်းမှာ ကျနေ်ာတို့ စကားတွေ ပြောခဲ့ကြတယ် ဒါကြောင့်ပဲ ဒုတိယပိုင်းမှာ ကောင်းကောင်း ကစားလာနိုင်ခဲ့တယ်။ ကျနော်ရဲ့ သွင်းဂိုးက ကောင်းတယ်ဆိုပေမယ့်လို့ နိုင်ပွဲရခဲ့ရင် ပိုကောင်းမှာပါ။ သွင်းဂိုးကောင်း ဖြစ်ခဲ့ပေမယ့် အဲ့အကြောင်း အများကြီး ပြောဖို့ မရှိပါဘူး ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား ဆာလာက ဒီရာသီမွာ လီဗာပူးအသင္းဟာ အမွတ္ေပးဖလားကို ယွဥ္ျပိဳင္သြားမွာပါလို႔ ပရိသတ္ေတြကို ထုတ္ေျပာလာခဲ့ျပီ ျဖစ္ပါတယ္။

ဆာလာက ” က်ေန္ာတို႔ ဒီပြဲကို (မန္စီးတီးပြဲ) တကယ္ကို အႏုိင္ရလိုခဲ့တာပါ။ ဒါေပမယ့္ က်ေန္ာတို႔ ယွဥ္ျပိဳင္မႈ လမ္းေၾကာင္းထဲ ရွိေနဆဲျဖစ္ပါတယ္။ က်ေန္ာတို႔ေတြ ဆုဖလားအတြက္ ယွဥ္ျပိဳင္သြားမွာပါ။ အဲ့အတြက္လည္း အင္အားေတြ ရွိေနပါတယ္ ” လို႔ အင္စတာဂရမ္ကေန ပရိသတ္ေတြကို ကတိေပးခဲ့တာျဖစ္တယ္။

အန္ဖီးကြင္းမွာ ယွဥ္ျပိဳင္တဲ့ လီဗာပူးနဲ႔ မန္စီးတီးပြဲဟာ ၂-၂ သေရရလဒ္ ထြက္ေပၚခဲ့ျပီး လီဗာပူးအသင္းက ႏွစ္ၾကိမ္တုိင္ ဦးေဆာင္ဂိုး သြင္းယူခဲ့သလို တတိယ ဦးေဆာင္ဂိုး ရဖို႔ပါ အေတာ္ေလး နီးစပ္တဲ့ အခြင့္အေရး ရွိခဲ့တာျဖစ္ပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ ကစားသမားေခၚယူမႈၾကီးေတြ မလုပ္ခဲ့ေပမယ့္လို႔ လီဗာပူးရဲ႕ ပံုစံေကာင္းေတြေၾကာင့္ အမွတ္ေပးဖလား ျပိဳင္ဆိုင္မႈမွာ ဆြဲထုတ္လို႔ ရဦးမွာ မဟုတ္ပါဘူး။ အသင္းဟာ အခုခ်ိန္ထိ အမွတ္ေပးဇယား ျပိဳင္ဆိုင္မႈထဲ ပါဝင္ႏုိင္ေနဆဲျဖစ္ကာ လမ္းေၾကာင္းမွန္ေပၚမွာပဲ ဆက္ရွိေနပါေသးတယ္။

မန္စီးတီးပြဲနဲ႔ ပတ္သက္လို႔ ဆာလာက ” ပြဲက ခက္ခဲပါတယ္ သူတုိ႔အသင္းက ေဘာလံုးကို အေတာ္ေလး ကိုင္ထားႏုိင္တာေလ။ ပထမပိုင္းမွာေတာ့ အေတာ္ေလး အေျခအေန မေကာင္းခဲ့ဘူး ဒါေပမယ့္ ဒုတိယပိုင္းမွာေတာ့ က်ေနာ္တို႔ ကစားပံု ေကာင္းခဲ့ပါတယ္။ ဒီရလဒ္ကို က်ေန္ာတို႔ လက္ခံရမွာပါ။

ပြဲအစပိုင္းမွာ သူတို႔ လႊမ္းမိုးခဲ့ျပီး ပထမပိုင္း က်ေန္ာတို႔ ရုန္းကန္ရကာ ရလဒ္က ၀-၀ ျဖစ္ေနခဲ့တယ္။ အဝတ္လဲခန္းမွာ က်ေန္ာတို႔ စကားေတြ ေျပာခဲ့ၾကတယ္ ဒါေၾကာင့္ပဲ ဒုတိယပိုင္းမွာ ေကာင္းေကာင္း ကစားလာႏုိင္ခဲ့တယ္။ က်ေနာ္ရဲ႕ သြင္းဂိုးက ေကာင္းတယ္ဆိုေပမယ့္လို႔ ႏုိင္ပြဲရခဲ့ရင္ ပိုေကာင္းမွာပါ။ သြင္းဂိုးေကာင္း ျဖစ္ခဲ့ေပမယ့္ အဲ့အေၾကာင္း အမ်ားၾကီး ေျပာဖို႔ မရွိပါဘူး ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။