မန်စီးတီးနဲ့ပွဲမှာ ပြိုင်ဘက် ခံစစ်ကြောင်း တစ်ခုလုံး ပြိုလဲသွားအောင် တစ်ကိုယ်တော်စွမ်းတွေ ပြသခဲ့ပြီး လီဗာပူးအတွက် ဂိုးသွင်းပေးခဲ့တဲ့ ဆာလာကို ကမ္ဘာအဆင့် တိုက်စစ်သမားအဖြစ် ယာဂင်ကလော့ပ်က ချီးကျူးပါတယ်။

ဒီလို သွင်းဂိုးကို ရော်နယ်ဒိုနဲ့ မက်ဆီတို့ သွင်းမယ်ဆိုရင် ကမ္ဘာကြီးမှာ ချီးကျူးမှုတွေ ပြည့်နေမှာ ဖြစ်ပေမယ့်လို့ ဆာလာ ကိုယ်တိုင်ကလည်း ကမ္ဘာအဆင့် တိုက်စစ်မှူးပါ ကလော့ပ်က ထုတ်ပြောခဲ့ပါတယ်။

ကလော့ပ်က ” အကယ်လို့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ အဲ့လိုဂိုးမျိုး သွင်းမယ်ဆိုရင် ကမ္ဘာကြီးက ‘အား ကမ္ဘာအဆင့်ပဲ’ လို့ ချီးကျူးကြပါလိမ့်မယ်။ ဆာလာက ကမ္ဘာအကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ အဲ့လို ကစားသမားတစ်ယောက်ရဲ့ သွင်းဂိုးကို မြင်လိုက်ရတာပါပဲ ” ဆိုပြီး လန်ဒန်သတင်းဌာန Evening Standard နဲ့ အင်တာဗျူးမှာ ဖြေပေးခဲ့တာဖြစ်တယ်။

ဒီရာသီမှာ ဆာလာ ခြေစွမ်းပြနေတာက လူတိုင်း သတိပြုမိစရာ ကိစ္စ ဖြစ်လာနေခဲ့တယ်။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲတစ်ပွဲအဖြစ် မန်စီးတီးနဲ့ပွဲမှာ ညာခြမ်းကနေ ဆာလာ ထူးထူးချွန်ချွန် ခြေစွမ်းပြ ဂိုးသွင်းယူခဲ့မှုဟာ လီဗာပူးရဲ့ မဟာပြိုင်ဘက်ဟောင်း ဂယ်ရီနဗီးတောင်မှပဲ အထင်ကြီးခဲ့ရတာဖြစ်ပါတယ်။

စကိုင်းစပေါ့ သုံးသပ်သူဖြစ်တဲ့ ဂယ်ရီနဗီး ကိုယ်တိုင်ကလည်း ” အခြားဂြိုလ်ကလာတဲ့ သွင်းဂိုးကို မြင်ခဲ့ရသလိုပါပဲ။ မိုဆာလာက သိပ် သိပ်ကို ကောင်းလွန်းလှပါတယ် ” လို့ ချီးကျူးခဲ့ပါသေးတယ်။

ZAWGYI

မန္စီးတီးနဲ႔ပြဲမွာ ျပိဳင္ဘက္ ခံစစ္ေၾကာင္း တစ္ခုလံုး ျပိဳလဲသြားေအာင္ တစ္ကိုယ္ေတာ္စြမ္းေတြ ျပသခဲ့ျပီး လီဗာပူးအတြက္ ဂိုးသြင္းေပးခဲ့တဲ့ ဆာလာကို ကမၻာအဆင့္ တိုက္စစ္သမားအျဖစ္ ယာဂင္ကေလာ့ပ္က ခ်ီးက်ဴးပါတယ္။

ဒီလို သြင္းဂိုးကို ေရာ္နယ္ဒိုနဲ႔ မက္ဆီတို႔ သြင္းမယ္ဆိုရင္ ကမၻာၾကီးမွာ ခ်ီးက်ဴးမႈေတြ ျပည့္ေနမွာ ျဖစ္ေပမယ့္လို႔ ဆာလာ ကိုယ္တုိင္ကလည္း ကမၻာအဆင့္ တိုက္စစ္မွဴးပါ ကေလာ့ပ္က ထုတ္ေျပာခဲ့ပါတယ္။

ကေလာ့ပ္က ” အကယ္လို႔ မက္ဆီနဲ႔ ေရာ္နယ္ဒိုတို႔ အဲ့လိုဂိုးမ်ိဳး သြင္းမယ္ဆိုရင္ ကမၻာၾကီးက ‘အား ကမၻာအဆင့္ပဲ’ လို႔ ခ်ီးက်ဴးၾကပါလိမ့္မယ္။ ဆာလာက ကမၻာအေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။ အဲ့လို ကစားသမားတစ္ေယာက္ရဲ႕ သြင္းဂိုးကို ျမင္လိုက္ရတာပါပဲ ” ဆိုျပီး လန္ဒန္သတင္းဌာန Evening Standard နဲ႔ အင္တာဗ်ဴးမွာ ေျဖေပးခဲ့တာျဖစ္တယ္။

ဒီရာသီမွာ ဆာလာ ေျခစြမ္းျပေနတာက လူတိုင္း သတိျပဳမိစရာ ကိစၥ ျဖစ္လာေနခဲ့တယ္။ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုးပြဲတစ္ပြဲအျဖစ္ မန္စီးတီးနဲ႔ပြဲမွာ ညာျခမ္းကေန ဆာလာ ထူးထူးခၽြန္ခၽြန္ ေျခစြမ္းျပ ဂိုးသြင္းယူခဲ့မႈဟာ လီဗာပူးရဲ႕ မဟာျပိဳင္ဘက္ေဟာင္း ဂယ္ရီနဗီးေတာင္မွပဲ အထင္ၾကီးခဲ့ရတာျဖစ္ပါတယ္။

စကိုင္းစေပါ့ သံုးသပ္သူျဖစ္တဲ့ ဂယ္ရီနဗီး ကိုယ္တုိင္ကလည္း ” အျခားျဂိဳလ္ကလာတဲ့ သြင္းဂိုးကို ျမင္ခဲ့ရသလိုပါပဲ။ မိုဆာလာက သိပ္ သိပ္ကို ေကာင္းလြန္းလွပါတယ္ ” လို႔ ခ်ီးက်ဴးခဲ့ပါေသးတယ္။