လီဗာပူး ၂-၂ မန်စီးတီးပွဲမှ လီဗာပူးကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ Echo မှ အသင်းသတင်းထောက် Ian Doyle ရဲ့ အကဲဖြတ်မှု ဖြစ်ပါတယ်။

Alisson Becker 7

ဘောလုံး ရှင်းထုတ်မှု တစ်ကြိမ်က ညံ့ဖျင်းခဲ့ပေမယ့် ဖိုဒန်ရဲ့ အဆုံးသတ်မှု နှစ်ကြိမ်ကို ကာကွယ်ပေးခဲ့တယ်။ မန်စီးတီးတို့ အစောပိုင်း ဂိုးမရဖို့ ကြိုးစား ကာကွယ်ခဲ့ပါတယ်။

James Milner 5

လူငယ်ကစားသမား ဖိုဒန်နဲ့ ရင်ဆိုင်ရာမှာ ခက်ခဲစွာ ထိန်းချုပ်ခဲ့ရတယ်။ မကြာခဏ လွတ်ထွက်သွားပြီး ပထမခြေပဂိုးမှာလည်း ဖိုဒန်ကို မထိန်းချုပ်နိုင်ခဲ့တာပါ။ တိုက်စစ်ကို တွန်းပေးနိုင်ဖို့ ကြိုးစားခဲ့တယ်။ အဝါကဒ်ပြခံရသလို လူစားလဲခဲ့ရပါတယ်။

Joel Matip 7

ခံစစ်မှူးက ခံစစ်ကနေ ဘောလုံးထုတ်ဖို့ ကြိုးစားမှုကို မန်စီးတီးတို့ ပျော်ရွှင်ခဲ့ရတယ်။ ဒုတိယပိုင်းမှာတော့ ဧည့်သည်အသင်းက ပြဿနာကြီးတွေ ရင်ဆိုင်လာရပါတယ်။ ခံစစ်ပိုင်းမှာ မာတစ်ဟာ လုံလောက်တဲ့ ကျစ်လစ်မှုတွေ ပြသနိုင်ခဲ့တယ်။

Virgil van Dijk 6

ဆေးဗားရဲ့ အခွင့်အရေး ဖန်တီးမှုမှာ ခြေချော်မှု ဖြစ်ခဲ့ပါသေးတယ်။ အသင်း အထိုင်မကျလာခင် ပထမပိုင်းမှာ အနည်းငယ် တုန့်လှုပ်နေခဲ့ဟန် ရှိပါတယ်။

Andy Robertson 6

ကောင်းမွန်တဲ့ ရှင်းထုတ်မှုအတွက် သြဘာပေးခြင်း ခံရပေမယ့် တည်ကန်ဘောတွေမှာ ဘောလုံးပေးမှု ညံ့ဖျင်းခဲ့တယ်။ အခြားသော လီဗာပူးအသင်းဖော်တွေလိုပဲ ဒုတိယပိုင်းမှာ အနည်းငယ် ခြေတက်လာခဲ့ပါတယ်။

Jordan Henderson 5

အစောပိုင်း ကာလတွေအပြီး မန်စီးတီးဘက်က လွှမ်းမိုးသွားခြင်းမှာ ဟန်ဒါဆန်ကလည်း အပြစ်မကင်းပါဘူး။ ပွဲတန်ပိုကို တင်ပေးဖို့ လုံးဝ မလုပ်နိုင်ခဲ့ဘူး။ ဒီပွဲက ဟန်ဒါဆန်အတွက် ပွဲကောင်း မဟုတ်ပါဘူး။

Fabinho 6

ဂရီလစ်ကြောင့် ဒုတိယပိုင်း မတိုင်ခင်ထိ ခံစစ်ကို ကာကွယ်ပေးဖို့ရာ ရုန်းကန်နေခဲ့ရတယ်။ ဖာဘင်ညိုက ဂိုးရလု အခြေအနေဖြစ်ခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ ပိတ်ကာသွားခြင်း ခံခဲ့ရပါတယ်။ အဝါကဒ် ပြသခံခဲ့ရတယ်။

Curtis Jones 6

ကောင်းမွန်တဲ့ စိန်ခေါ်နိုင်မှု အချို့အတွက် ပရိသတ်တွေရဲ့ လက်ခုပ်တီးပေးခြင်းကို ရခဲ့ပေမယ့် ဒုတိယပိုင်းမှာ သူပိုမို ပေါ်လွင်အောင် ကစားပြနိုင်ခြင်း မတိုင်ခင်ထိ အထင်ကြီးဖို့ မကောင်းလှပါဘူး။

Mohamed Salah 8

ထိုးဖောက်မှုတွေ မတိုင်ခင်မှာ သီးသန့် ကစားသလို ဖြစ်နေပေမယ့်လို့ သူကိုယ်ပိုင် စွမ်းဆောင်ရည်နဲ့အတူ အဖွင့်ဂိုးအတွက် ဂိုးထောက်ပံ့မှု လုပ်ပေးခဲ့တယ်။ တစ်ဦးချင်း စွမ်းဆောင်ရည်နဲ့ပဲ လီဗာပူးအတွက် ဒုတိယဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

Diogo Jota 5

မရည်ရွယ်တဲ့ ကန်ချက်ဖြစ်ပေမယ့် ဒီယက်စ်ကို ထိတွေ့မှုမှာ အဝါကဒ် ပြသခံခဲ့ရတယ်။ ဒုတိယပိုင်းမှာ ပိုပြီး ပါဝင်ပတ်သက်မှုတွေ လုပ်လာနိုင်ကာ အီဒါဆန်ကို ဂိုးခြိမ်းခြောက်မှု လုပ်ခဲ့ပါတယ်။ ပိုကောင်းတဲ့ လှုပ်ရှားမှုတွေ ရှိလာခြင်းက စီးတီးကို ပြဿနာတွေ ပေးခဲ့ပြီး လူစားလဲခံခဲ့ရပါတယ်။

Sadio Mane 6

မာနေးရဲ့ အနေအထားကို ခြုံငုံ သုံးသပ်ရမယ်ဆိုရင် ဘောလုံးအပျက် များနေတာက စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ သူ ဂိုးရခဲ့တာကတော့ အတော်လေး ကောင်းမွန်လှပါတယ်။

Roberto Firmino (for Jota 68) 5

သူလုပ်လိုတဲ့ သက်ရောက်မှုတွေကို မလုပ်ပြနိုင်ခဲ့ပါဘူး။

Joe Gomez (for Milner 78)

ခံစစ်က အနည်းငယ်တော့ မာကျောသွားသယောင် ရှိခဲ့ပါတယ်။