ဘရာဇီး ဂန္တဝင်ကြီး ရီဗယ်ဒိုက ၂၀၂၁ ခုနှစ်ရဲ့ ဘလွန်းဒီအောဆု ဆန်ကာတင် ၃၀ စာရင်းထဲ ပါဝင်လာတဲ့ လီဗာပူးတိုက်စစ်မှူး ဆာလာကို ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၆ ဂိုးထိ ရထားပြီဖြစ်တယ်။ သူဟာ မာဆေးဆိုဒ်ကလပ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၁ ဂိုးထိ ရခဲ့ပြီဖြစ်သလို ပြိုင်ပွဲစုံမှာဆိုရင် ၁၃၄ ဂိုးထိ သွင်းယူပေးထားခဲ့ပြီဖြစ်ပါတယ်။

ဒီရာသီမှာ ဆာလာရဲ့ တောက်ပမှုဟာ ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းကို ရောက်နေတယ်လို့တောင် ဆိုနိုင်တယ်။ သူ့ရဲ့ အဆင့်အတန်းက အခုဆိုရင် မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့ နှိုင်းယှဉ်ပြောနေကြမှုတွေထိ ထွန်းတောက်လာခဲ့ပြီဖြစ်ပါတယ်။

၁၉၉၉ ခုနှစ် ဘလွန်းဒီအော အနိုင်ဆုရှင်ဖြစ်တဲ့ ဘရာဇီး ကစားသမားဟောင်းကြီး ရီဗယ်ဒိုကဆိုရင် ဆာလာကို မက်ဆီ၊ ရော်နယ်ဒိုတို့လို ကမ္ဘာအဆင့် ကစားသမားတွေနဲ့ တစ်တန်းတည်း ရှိတယ်လို့ ချီးကျူးသွားခဲ့တယ်။

ရီဗယ်ဒိုက “ လီဗာပူးရဲ့ အီဂျစ်သား တိုက်စစ်သမားဟာ ဒီရာသီကို အထင်ကြီးလောက်တဲ့ မှတ်တမ်းတွေ၊ အရင်အပတ် မန်စီးတီးပွဲမှာ သွင်းယူခဲ့တဲ့ ပြောင်မြောက်လှတဲ့ သွင်းဂိုးတွေဖြင့် ထူးချွန်စွာ စတင်လာနိုင်ခဲ့ပါတယ်။

အခုချိန်မှာ ဆာလာက ကမ္ဘာအကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပဲ ဖြစ်ပါတယ် ဘာလို့လည်းဆိုတော့ သူ့ရဲ့ သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုတွေဟာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံး ပြိုင်ပွဲလို့ ဆိုရမယ့် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲတွေမှာ ရရှိနေတာပါ ” လို့ ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။

ဆာလာဟာ ဘလွန်းဒီအောဆု ဆန်ကာတင်စာရင်းကို ၃ ရာသီဆက်တိုက် ဝင်ရောက်လာခဲ့သူဖြစ်ပြီး ထိပ်ဆုံး ၁၀ ဦးစာရင်းထိ ပေါက်မြောက် နိုင်မယ်လို့ သုံးသပ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI

ဘရာဇီး ဂႏၱဝင္ၾကီး ရီဗယ္ဒိုက ၂၀၂၁ ခုႏွစ္ရဲ႕ ဘလြန္းဒီေအာဆု ဆန္ကာတင္ ၃၀ စာရင္းထဲ ပါဝင္လာတဲ့ လီဗာပူးတိုက္စစ္မွဴး ဆာလာကို ခ်ီးက်ဴးသြားခဲ့ပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ တိုက္စစ္မွဴးဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၆ ဂိုးထိ ရထားျပီျဖစ္တယ္။ သူဟာ မာေဆးဆိုဒ္ကလပ္အတြက္ ပရီးမီးယားလိဂ္သြင္းဂိုး ၁၀၁ ဂိုးထိ ရခဲ့ျပီျဖစ္သလို ျပိဳင္ပြဲစံုမွာဆိုရင္ ၁၃၄ ဂိုးထိ သြင္းယူေပးထားခဲ့ျပီျဖစ္ပါတယ္။

ဒီရာသီမွာ ဆာလာရဲ႕ ေတာက္ပမႈဟာ ကစားသမားဘဝ အေကာင္းဆံုး ေျခစြမ္းကို ေရာက္ေနတယ္လို႔ေတာင္ ဆိုႏုိင္တယ္။ သူ႔ရဲ႕ အဆင့္အတန္းက အခုဆိုရင္ မက္ဆီ၊ ေရာ္နယ္ဒိုတို႔နဲ႔ ႏိႈင္းယွဥ္ေျပာေနၾကမႈေတြထိ ထြန္းေတာက္လာခဲ့ျပီျဖစ္ပါတယ္။

၁၉၉၉ ခုႏွစ္ ဘလြန္းဒီေအာ အႏုိင္ဆုရွင္ျဖစ္တဲ့ ဘရာဇီး ကစားသမားေဟာင္းၾကီး ရီဗယ္ဒိုကဆိုရင္ ဆာလာကို မက္ဆီ၊ ေရာ္နယ္ဒိုတို႔လို ကမၻာအဆင့္ ကစားသမားေတြနဲ႔ တစ္တန္းတည္း ရွိတယ္လို႔ ခ်ီးက်ဴးသြားခဲ့တယ္။

ရီဗယ္ဒိုက “ လီဗာပူးရဲ႕ အီဂ်စ္သား တိုက္စစ္သမားဟာ ဒီရာသီကို အထင္ၾကီးေလာက္တဲ့ မွတ္တမ္းေတြ၊ အရင္အပတ္ မန္စီးတီးပြဲမွာ သြင္းယူခဲ့တဲ့ ေျပာင္ေျမာက္လွတဲ့ သြင္းဂိုးေတြျဖင့္ ထူးခၽြန္စြာ စတင္လာႏုိင္ခဲ့ပါတယ္။

အခုခ်ိန္မွာ ဆာလာက ကမၻာအေကာင္းဆံုး ကစားသမားေတြထဲက တစ္ေယာက္ပဲ ျဖစ္ပါတယ္ ဘာလို႔လည္းဆိုေတာ့ သူ႔ရဲ႕ သြင္းဂိုးနဲ႔ ဂိုးေထာက္ပံ့မႈေတြဟာ ကမၻာေပၚမွာ အခက္ခဲဆံုး ျပိဳင္ပြဲလို႔ ဆိုရမယ့္ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္လို ျပိဳင္ပြဲေတြမွာ ရရွိေနတာပါ ” လို႔ ခ်ီးက်ဴးခဲ့တာပဲ ျဖစ္ပါတယ္။

ဆာလာဟာ ဘလြန္းဒီေအာဆု ဆန္ကာတင္စာရင္းကို ၃ ရာသီဆက္တိုက္ ဝင္ေရာက္လာခဲ့သူျဖစ္ျပီး ထိပ္ဆံုး ၁၀ ဦးစာရင္းထိ ေပါက္ေျမာက္ ႏုိင္မယ္လို႔ သံုးသပ္မႈေတြ ရွိေနတာ ျဖစ္ပါတယ္။