ကာရေဂါဟာ အန်ဖီးမှာ သူတွဲကစားခဲ့ဖူးတဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးနှစ်ယောက်ထဲက ပိုကောင်းတဲ့လူက ဖာနန်ဒို တောရက်စ်လား? လူးဝစ်ဆွာရက်ဇ်လား? ဆိုပြီးတော့ မေးခွန်းထုတ်ခံခဲ့ရပါတယ်။

တောရက်စ်နဲ့ ဆွာရက်ဇ်တို့ဟာ သူတို့ခေတ်မှာတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေ ဖြစ်ခဲ့တာပါ။ တောရက်စ်ဟာ လီဗာပူးမှာ မအောင်မြင်ခဲ့ပေမယ့် စပိန်အသင်းနဲ့ ကမ္ဘာဖလား အောင်နိုင်ခဲ့သလို နောက်ထပ် အသင်းဖြစ်တဲ့ ချယ်ဆီးမှာတော့ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်လို ဆုဖလားတွေထိပါ အောင်မြင်ခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ အကောင်းဆုံး အချိန်ကတော့ လီဗာပူးမှာ ရှိခဲ့တယ်လို့ မှတ်ယူခံရပါတယ်။

ဆွာရက်ဇ်ဟာလည်း လီဗာပူးအသင်းမှာ မအောင်မြင်ခဲ့ပေမယ့် ဘာစီလိုနာ၊ အက်သလက်တီကို မက်ဒရစ်တို့မှာ အောင်မြင်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဆွာရက်ဇ်ခေတ် လူစာရင်းဟာ တောရက်စ်ခေတ် လီဗာပူးလူစာရင်းထက် အများကြီး အားနည်းပေမယ့်လို့ ပရီးမီးယားလိဂ်ကို အောင်နိုင်ဖို့ အတော်လေး နီးစပ်ခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ဦးထဲမှာ ဘယ်သူက ပိုကောင်းတဲ့ တိုက်စစ်မှူးလဆိုတဲ့ အမေးနဲ့ ပတ်သက်ပြီး ကာရေဂါက “ ဆွာရက်စ်ပဲပေါ့။ မယုံနိုင်စရာပဲ။ သူက သုံးလေးနှစ်လောက် ကမ္ဘာ့အကောင်းဆုံး ဗဟိုတိုက်စစ်မှူးဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ လီဗာပူးမှာ သူကစားခဲ့တဲ့ နောက်ဆုံးနှစ်နဲ့ ဘာစီလိုနာကို ရောက်သွားတဲ့ အစ ၂ နှစ်၊ ၃နှစ်လောက် အထိပေါ့။

သူ ဘာတွေလုပ်ပြခဲ့တယ်ဆိုတာ ကြည့်ကြည့်ပါ။ အဲ့ဒီ့နောက် သူ ဘာကာကို စွန့်ခွာခဲ့ပြီး အက်သလက်တီကို မက်ဒရစ်နဲ့ လာလီဂါဖလား အောင်မြင်ခဲ့တယ်။ ဥရုဂွေးနဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ရောက်ခဲ့တယ်။ သူက ရောက်တဲ့နေရာတိုင်းမှာ အသင်းကို အဲ့လို ဦးဆောင်တွန်းတင်ပေးတတ်သူပါ။

သူနဲ့အတူ ပရီးမီးယားလိဂ်ဖလား အောင်မြင်လုနီးပါး ဖြစ်ခဲ့တဲ့ လီဗာပူးအသင်းက သာမန်အသင်းတစ်သင်းပါပဲ။ သူက တစ်ယောက်ထဲအားနဲ့ ကလပ်ကို ဖလားအောင်မြင်မှုနဲ့ အတော်လေးနီးစပ်တဲ့နေရာဆီ ပို့ဆောင်ပေးခဲ့တာပါ။ သူ ရောက်တဲ့အသင်းတိုင်းမှာ အဲ့လို အမြဲလုပ်ပြနိုင်ပါတယ်”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သူ့အတွက် ပရီးမီးယားလိဂ်ရဲ့ ထာဝရအကောင်းဆုံး ကစားသမားအဖြစ်တော့ အာဆင်နယ် တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီကို ဂျေမီကာရေဂါက ရွေးချယ်ခဲ့သေးတာ ဖြစ်ပါတယ်။

ZAWGYI

ကာေရဂါဟာ အန္ဖီးမွာ သူတြဲကစားခဲ့ဖူးတဲ့ ကမာၻ႔အဆင့္ တိုက္စစ္မႉးႏွစ္ေယာက္ထဲက ပိုေကာင္းတဲ့လူက ဖာနန္ဒို ေတာရက္စ္လား? လူးဝစ္ဆြာရက္ဇ္လား? ဆိုၿပီးေတာ့ ေမးခြန္းထုတ္ခံခဲ့ရပါတယ္။

ေတာရက္စ္နဲ႔ ဆြာရက္ဇ္တို႔ဟာ သူတို႔ေခတ္မွာေတာ့ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး တိုက္စစ္မွဴးေတြ ျဖစ္ခဲ့တာပါ။ ေတာရက္စ္ဟာ လီဗာပူးမွာ မေအာင္ျမင္ခဲ့ေပမယ့္ စပိန္အသင္းနဲ႔ ကမၻာဖလား ေအာင္ႏုိင္ခဲ့သလို ေနာက္ထပ္ အသင္းျဖစ္တဲ့ ခ်ယ္ဆီးမွာေတာ့ ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္လို ဆုဖလားေတြထိပါ ေအာင္ျမင္ခဲ့တယ္။ ဒါေပမယ့္ သူ႔ရဲ႕ အေကာင္းဆံုး အခ်ိန္ကေတာ့ လီဗာပူးမွာ ရွိခဲ့တယ္လို႔ မွတ္ယူခံရပါတယ္။

ဆြာရက္ဇ္ဟာလည္း လီဗာပူးအသင္းမွာ မေအာင္ျမင္ခဲ့ေပမယ့္ ဘာစီလိုနာ၊ အက္သလက္တီကို မက္ဒရစ္တို႔မွာ ေအာင္ျမင္တဲ့ ကစားသမားဘဝကို ပိုင္ဆိုင္ခဲ့ပါတယ္။ ဆြာရက္ဇ္ေခတ္ လူစာရင္းဟာ ေတာရက္စ္ေခတ္ လီဗာပူးလူစာရင္းထက္ အမ်ားၾကီး အားနည္းေပမယ့္လို႔ ပရီးမီးယားလိဂ္ကို ေအာင္ႏုိင္ဖို႔ အေတာ္ေလး နီးစပ္ခဲ့တာျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးထဲမွာ ဘယ္သူက ပိုေကာင္းတဲ့ တိုက္စစ္မွဴးလဆိုတဲ့ အေမးနဲ႔ ပတ္သက္ၿပီး ကာေရဂါက “ ဆြာရက္စ္ပဲေပါ့။ မယုံႏိုင္စရာပဲ။ သူက သုံးေလးႏွစ္ေလာက္ ကမာၻ႔အေကာင္းဆုံး ဗဟိုတိုက္စစ္မႉးျဖစ္ခဲ့တယ္လို႔ ထင္ပါတယ္။ လီဗာပူးမွာ သူကစားခဲ့တဲ့ ေနာက္ဆုံးႏွစ္နဲ႔ ဘာစီလိုနာကို ေရာက္သြားတဲ့ အစ ၂ ႏွစ္၊ ၃ႏွစ္ေလာက္ အထိေပါ့။

သူ ဘာေတြလုပ္ျပခဲ့တယ္ဆိုတာ ၾကည့္ၾကည့္ပါ။ အဲ့ဒီ့ေနာက္ သူ ဘာကာကို စြန႔္ခြာခဲ့ျပီး အက္သလက္တီကို မက္ဒရစ္နဲ႔ လာလီဂါဖလား ေအာင္ျမင္ခဲ့တယ္။ ဥ႐ုေဂြးနဲ႔ ကမာၻ႔ဖလား ဆီမီးဖိုင္နယ္ ေရာက္ခဲ့တယ္။ သူက ေရာက္တဲ့ေနရာတိုင္းမွာ အသင္းကို အဲ့လို ဦးေဆာင္တြန္းတင္ေပးတတ္သူပါ။

သူနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္လုနီးပါး ျဖစ္ခဲ့တဲ့ လီဗာပူးအသင္းက သာမန္အသင္းတစ္သင္းပါပဲ။ သူက တစ္ေယာက္ထဲအားနဲ႔ ကလပ္ကို ဖလားေအာင္ျမင္မႈနဲ႔ အေတာ္ေလးနီးစပ္တဲ့ေနရာဆီ ပို႔ေဆာင္ေပးခဲ့တာပါ။ သူ ေရာက္တဲ့အသင္းတိုင္းမွာ အဲ့လို အၿမဲလုပ္ျပႏိုင္ပါတယ္”လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

သူ႔အတြက္ ပရီးမီးယားလိဂ္ရဲ႕ ထာဝရအေကာင္းဆုံး ကစားသမားအျဖစ္ေတာ့ အာဆင္နယ္ တိုက္စစ္မွဴးေဟာင္း သီယာရီ အြန္နရီကို ေဂ်မီကာေရဂါက ေရြးခ်ယ္ခဲ့ေသးတာ ျဖစ္ပါတယ္။